cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်းဒေသကြီးအတွင်းရှိ ငါး/ပုဇွန်ကန်များအတွက် အကြံပြုချက်

. ရာသီဥတု သတင်းများ
စိတ်ဖိစီးမှုမှတဆင့် ငါးများရောဂါဝင်နိုင်သဖြင့် ခုခံအားစနစ်ကို ကောင်းစေသည့် ပဋိဇီဝဆေးများ၊ ဗိုက်တာမင်စီတို့ကို အစာထဲရောကျွေးရန်၊
  • မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့မှ ဒီဇင်ဘာလ(၃)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာမြို့နယ်များတွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ဝဝဝ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ဝဝဝ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    ပွင့်ဖြူမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့မှ ဒီဇင်ဘာလ(၃)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ပွင့်ဖြူမြို့နယ်တွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၄ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၈.၃ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    မင်းဘူးမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့မှ ဒီဇင်ဘာလ(၃)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် မင်းဘူးမြို့နယ်တွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။

    ဒီဇင်ဘာလ ၂ ရက်နေ့တွင် မိုးရွာရန် ၅၅ ရာခိုင်နှုန်းရှိနိုင်ပါတယ်။ ကျန်မိုးသောရက်များမှာတော့ မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၃ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၈.၃ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    စလင်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့မှ ဒီဇင်ဘာလ(၃)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် စလင်းမြို့နယ်တွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ နိုဝင်ဘာလ ၂၇ ရက်နှင့် ဒီဇင်ဘာလ ၂ ရက်နေ့တွင် မိုးရွာရန် ၁၀-၁၅ ထိရာခိုင်နှုန်းရှိနိုင်ပါတယ်။ကျန်ရက်များတွင် မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၀.၆ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၈.၉ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    စေတုတ္တရာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့မှ ဒီဇင်ဘာလ(၃)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် စေတုတ္တရာမြို့နယ်တွင် ယခုတစ်ပတ်မှာလည်း ရာသီဥတုသာယာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်။ နိုဝင်ဘာလ ၂၇၊ ၂၉ ရက်နေ့ တွင် မိုးရွာရန် ၁၀-၁၁ ရာခိုင်နှုန်းရှိနိုင်ပြီး ဒီဇင်ဘာလ ၁၊ ၃ ရက်နေ့တွင် မိုးရွာရန် ၅၆-၇၀ ရာခိုင်နှုန်းထိရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်းအလွန်နည်းပြီး နေ့အပူချိန်တဖြည်းဖြည်းကျဆင်းလာပါတယ်ခင်ဗျာ။

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၂၉.၁ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၅.၆ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။


    ငါး/ပုဇွန်ကန်များအတွက် အကြံပြုချက်

    ယခုတစ်ပတ်အတွင်း ရာသီဥတု သာယာမည်ဖြစ်တဲ့အတွက် ငါးမွေးတောင်သူကြီးများအနေဖြင့် အောက်ပါ အချက်တွေ ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ-

    နေ့ခင်းနေသာပြီး ညခင်းအအေးဓါတ်ဝင်ချိန် ရေအပူချိန်ပြောင်းလဲခြင်းက ငါးများကို စိတ်ဖိစီးမှု ဖြစ်စေ သဖြင့် ဂရုစိုက်ရန်၊

    စိတ်ဖိစီးမှုမှတဆင့် ငါးများရောဂါဝင်နိုင်သဖြင့် ခုခံအားစနစ်ကို ကောင်းစေသည့် ပဋိဇီဝဆေးများ၊ ဗိုက်တာမင်စီတို့ကို အစာထဲရောကျွေးရန်၊

    ညဘက် ၁၂ နောက်ပိုင်းတွင် အောက်ဆီဂျင်ပြတ်လက်နိုင်သဖြင့် အောက်ဆီဂျင်ရရှိရေးအတွက် ရေလှည့် ပေးရန်၊

    ဘက်တီးရီးကြောင့်ဖြစ်တဲ့ ရောဂါများကျရောက်ပါက အောက်ဆီတက်ထွာဆိုက်ကလင်း (Oxytetracycline)၊ အီရီသရိုမိုင်ဆင် (Erythromycin)၊ ဆာဖာမီသိုဇာဇိုး (Sulfamethoxazole) ဆေးများကို အစာ ၁ ကီလိုဂရမ်တွင် ၃ ဂရမ်မှ ၅ ဂရမ်အထိ ထည့်ပေးရန်၊

    Weather Source: CIAT

    ------------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
1
comments
1
views
2301