cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးများဗိုက်ဖောင်းပြီး သေဆုံးသည့်ငါးရောဂါအကြောင်း

. ငါးမွေးမြူရေးလမ်းညွှန်ချက်များ
ငါးများဖျဉ်းဆွဲခြင်း(Dropsy disease) ဟုခေါ်ပါသည်။
  • ငါးမွေးတောင်သူအများစု ကြုံတွေ့နေရသော ငါးရောဂါ တမျိုးမှာ ငါးသည်ဗိုက်ဖောင်းပြီး၊ ငါးသည် ရေမကူနိုင်ခြင်း ၊ အစာမစာနိုင်းခြင်းများရှိပါသည်။ ထိုအခြေအနေတွင် ငါးများဖျဉ်းဆွဲခြင်း(Dropsy disease) ဟုခေါ်ပါသည်။ ကပ်ပါးပိုးနှင့် ဘက်တီးရီးယားပိုးပေါင်းစပ်ပြီး ရောဂါဝင်ခြင်းဖြစ်ပါသည်။ ထိုရောဂါဖြစ်ပါက ငါးသည်ဗိုက်ဖောင်းပွပြီး ဗူပေါင်းကဲ့သို့ဖြစ်နေခြင်းနှင့် ဝမ်းဗိုက်တွင် အစိမ်းရောင်အရည် (သို့မဟုတ်)အဝါ ရောင် အရည်များစုဝေနေပါသည်။ ငါးသည် ဟန်ချက်ပျက်ပြီး ရေတွင်ကောင်းစွာမကူးခတ်နိုင်ပါ၊ အစာလည်းကောင်း စွာမစားနိုင်သဖြင့် သေဆုံနိုင်ပြီး ကုန်ထုတ်လုပ်မှု့ကျဆင်းနိုင်ပါသည်။


    ကာကွယ်ခြင်းနှင့်ကုသခြင်းမှာ

    (၁)အမော်စလင် (သို့မဟုတ်)အယ်ရီသရိမိုင်စင်ကဲ့သို့ ပဋိဇီဝဆေးများကို အစာတစ်ကီလိုလျှင် ၊ဆေး (၂-၃)ဂရမ်အထိထည့်ပြီး (၇-၁၀)အထိကြွေးပေးပါ။

    (၂)ရောဂါဖြစ်ပွားသောငါးကို ပိုတက်စီယမ်ပါမင်းဂနိတ်ဖျော်ရည် တွင် (၁-၂)မီးနစ်စိမ်ထားခြင်းဖြင့်ကုသနိုင်ပါသည်။


    သို့သော်အထက်ပါကုသနည်းသည် ဆောင်ရွက်ရန်အခက်အခဲရှိပါက အောက်ပါအတိုင်းဆောင်ရွက်နိုင် ပါသည်။


    သဘာဝဓါတ်မြေဩဇာသုံးစွဲခြင်းကို ယာယီရပ်ဆိုင်းထားပါ

    တစ်ဧက လျှင် ထုံ (၃၀)ပ်ဿာကို မနက် (၁၀)နာရီအတွင်း နေပူချိန်တွင် ကန်အနှံပက်ပေးပါ။

    ဦးဆန်းအောင်(ထွက်တိုး)

    ----------------------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
4
comments
0
views
2526