cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါး/ပုဇွန်ကန်ဖော်နေပြီလား?

. ငါးမွေးမြူရေးလမ်းညွှန်
တစ်ဝက်တစ်ပြတ်ဖော်တာလား? တစ်ကြိမ်တည်းအပြီးဖော်တာလား?

  • အားလုံးသိကြတဲ့အတိုင်းဘဲ။ ပုဇွန်မွေးမြူရာမှာ ကန်ဖော်တယ်ဆိုတာကတော့ နောက်ဆုံး အဆင့် ပေါ့ဗျာ။ အဲ့လိုဖော်တဲ့အခါမှာ ရောင်းတန်းဝင် အကောင်ကြီးလောက်ဘဲဖော်ပြီး တစ်ချို့ကို ချန်ထားတက်တဲ့ တစ်ဝက်တစ်ပြတ် ကန်ဖော်ခြင်း (partial harvesting)ရယ်။ တစ်ကြိမ်တည်းအပြီး ကန်ဖော်(total harvesting) တာရယ်ဆိုပြီး ရှိပါတယ်။

    တစ်ဝက်တစ်ပြတ်ကန်ဖော်တာကတော့ ကန်အတွင်း ပြွတ်သိပ်နေတာကို လျော့ချချင်တာရယ်၊ ရောဂါကျရောက်မှုကို လျော့ချချင်တာရယ်ကြောင့် ဖော်ကြတာများပါတယ်။ တစ်ကြိမ်တည်းအပြီးဖော်တဲ့ စနစ်ကတော့ ရှင်းပါတယ်။ ကန်ထဲမှာ မွေးထားတဲ့ ပုဇွန်အားလုံး ရောင်းတန်းဝင်အရွယ်ရောက်ချိန် တစ်ကြိမ် တည်းအပြီး ဖော်ကြခြင်းဖြစ်ပါတယ်။


    (က) တစ်ဝက်တစ်ပြတ်ကန်ဖော်ခြင်း (partial harvesting)

    ပုဇွန်မွေးမြူရာတွင် အချို့ကန်တွေမှာ တစ်ကောင်နဲ့တစ်ကောင် ကြီးထွားနှုန်းမတူကြပါဘူး။ တစ်ချို့က ကြီးထွားနှုန်းနှေးတယ်။ တစ်ချို့ကမြန်တယ်။ အဲ့လိုဖြစ်တဲ့အခါမှာ ကြီးထွားနှုန်းနှေးတဲ့ ပုဇွန်တွေမှာ အစာကို လုံလုံလောက်လောက်မစားသုံးကြရပါဘူး။ အဲ့လို အခြေအနေမှာ တစ်ဝက် တစ်ပြတ် ကန်ဖော်ပေးခြင်းက အစာကို လုစားရတဲ့ ပြဿာကို လျော့နည်းစေပါတယ်။

    နောက်တစ်ခုကတော့ ပြွတ်သိပ်နေအောက်မွေးထားတဲ့ ပုဇွန်ကန်တွေမှာ ရေအရည်သွေး ကျနိုင်သလို ရောဂါပြန့်ပွားတာလည်းမြန်စေပါတယ်။ အဲ့လိုအခြေအနေတွေ ဖြစ်မလာအောင် တစ်ဝက်တစ်ပြတ် ကန်ဖော်ခြင်းက ကာကွယ်ရာရောက်ပါတယ်။


    (ခ) တစ်ကြိမ်တည်းအပြီးကန်ဖော်ခြင်း (total harvesting)

    ရောဂါကျနိုင်တဲ့အချိန်ကာလ သို့မဟုတ် ရောဂါကျလို့ ဆုံရှုံးတာနည်းချင်ရင်တော့ တစ်ကြိမ် တည်းအပြီး ကန်ဖော်တာကောင်းပါတယ်။ ရောင်းတန်းဝင်ချိန်နဲ့ လိုချင်တဲ့ အရွယ် အစား ရောက် ချိန်မှာ တစ်ကြိမ်တည်းအပြီးဖော်ခြင်းက ကောင်းကျိုးရှိပါတယ်။

    ပုဇွန်ကန်ဖော်ရာမှာ ဈေးကောင်းနေချိန်နဲ့ ဈေးကျချိန် နှစ်ခုကို ဖမ်းတက်ဖို့လိုပါတယ်။ ဈေး ကောင်းလည်းရချိန်၊ ကန်ထဲက ပုဇွန်တွေ ဈေးကွက်မီဆိုဒ်ရှိချိန်ဆိုကောင်းပါတယ်။ အဲ့အချိန် ဖော်ပါ။ အဲ့တာရဲ့ ဆန့်ကျင်ဘက်အရာကတော့ ဈေးအရမ်းကျနေချိန်၊ ပုဇွန်ကလည်း အရွယ် ရောက်နေချိန် ကြုံနေရင်လည်း တစ်ကြိမ်တည်းအပြီးဖော်သင့်ပါတယ်။ ဒါမှသာ ဆုံးရှုံးမှု သက်သာပြီး သင့်တင့်တဲ့ ဈေးကို အမိအရဖမ်းလိုက်နိုင်မှာဖြစ်ပါကြောင်း အကြံပြုလိုပါတယ် ခင်ဗျာ။


    ဦးပြည့်ဖြိုးအောင် (ထွက်တိုး)

    Source: https://jala.tech/blog/cultivation-tips/partial-harvest-or-total-harvest-you-might-want-to-consider-these

    ---------------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
3
comments
1
views
2019