cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြောင်ပန်းပင်အသုံး၀င်မှုတစ်ချို့

. ကျန်းမာရေးဆောင်းပါးများ
ရခိုင်လို ကျွန်ပန်းဟု ခေါ်ပြီး၊ မြန်မာနိုင်ငံ အပူပိုင်း ဒေသတွင် အများအပြား တွေ့ရသည်။
  • ကြောင်ပန်း (ကြောင်ပန်းငယ်, Indian wild pepper) သည် အပင်ချုံပင်ငယ်မျိုးဖြစ်သည်။ အမြင့် ၁၅ ပေခန့်ထိ ရှိတတ်သည်။ ပင်စည်မှာ ညိုခြောက်ခြောက်အရောင်ရှိ၏။ အခေါက်ပါးသော်လည်း အနည်းငယ် ကြမ်းသည်။ အရွက်မှာ ၃ ရွက် မြွှာပေါင်းဖြစ်၍ မျက်နှာချင်းဆိုင် အလှည့်ကျ ထွက်သည်။ ၃ ရွက်တွင် အလယ်ရွက်သည် ကျန်ဘေး ၂ ရွက်ထက် ပိုကြီး ပြီး ပို၍ ရှည်သည်။ ပုံသဏ္ဌာန်မှာ ထိပ်ဘက် ကျယ်သော ဘဲဥပုံရှိ၏။ အရင်းသွယ်၍ ထိပ်ဖျားချွန်သည်။ ရွက်ညှာ ၁ လက်မ၊ ၁ လက်မခွဲခန့်ရှိ၏။ အရွက်အောက်မျက်နှာပြင် မီးခိုးပြာရောင်ဖြစ်ပြီး အပေါ်မျက်နှာသည် အစိမ်းပုပ်ရောင် ရှိ၏။

    အပွင့်သည် ထိပ်ထွက် ပန်းခိုင် ဖြစ်သည်။ အပွင့်ကလေးများ သေးငယ်ပြီး စုပြုံ၍ပွင့်၏။ အရောင်မှာ ခရမ်းရောင်ရှိ၏။ ပွင့်ဖတ် ၅ ခုပါရှိ၍ တစ်ခုမှာ ထူးခြားနေ၏။ ရှည်၍ အနည်းငယ် ကြီးပြီး ခရမ်းရင့်ရောင် ရှိသည်။ ၎င်းအဖတ်တွင် အရည် ရွှမ်းသော ခရမ်းရင့်ရောင်ရှိသည်။ ကျန် ၄ ခုမှာ ရွယ်တူဖြစ်ပြီး ခရမ်းနုရောင် ဖြစ်၏။ ကဆုန်၊ နယုန်တွင် ပွင့်သည်။ အသီးမှာ လုံးဝိုင်းသည် ၊ ထိပ်ဘက် နီညိုရောင်ဖြစ်၏။ ဝါခေါင် ၊ တော်သလင်း တွင်သီးသည်။

    ရခိုင်လို ကျွန်ပန်းဟု ခေါ်ပြီး၊ မြန်မာနိုင်ငံ အပူပိုင်း ဒေသတွင် အများအပြား တွေ့ရသည်။ ပေ ၃၀၀၀ ကျော်အထိပေါက်ရောက်နိုင်သည်။ သဘာဝအလျောက် ပေါက်ရောက်သည်။

    အသုံးဝင်ပုံ

    ပြင်ဆင်ရန်

    မြန်မာဆေးကျမ်းများအလိုအရ ခါး၏၊ ဖန်၏၊ ပူ၏၊ ဝမ်းမီးကိုတောက်စေ၏၊ လေကိုနိုင်၏၊ အနာကို အသားနုတက်၍ ပျောက်စေ၏။ အဖျားကို နိုင်၏။ မီးယပ်မှန်စေ၏။ အားအင်တိုးပွား၏၊ အဆိပ်ကို ပြေပျောက်စေ၏။

    အရွက်

    ပြင်ဆင်ရန်

    အရွက်ကို အရည်ညှစ်သောက်ခြင်းဖြင့် လည်းကောင်း၊ ကြော်စားခြင်းဖြင့်လည်းကောင်း အကြော ရောဂါများ ပျောက်ကင်း၏။

    ကြောင်ပန်းရွက်ရည်တွင် နှမ်းဆီနှင့် ပျားရည် အနည်းငယ် ထည့်ပြီး နားကြပ်ပေးသော် နားပြည်ယို ၊ နားကိုက်ခြင်း ပျောက်သည်။

    ကြောင်ပန်းရွက်ကို အရည်ညှစ်သောက်ခြင်းဖြင့် အရေပြားရောဂါကို လည်းကောင်း ၊ သက်ရင်းကြီးမြစ် သွေးရည်နှင့် ရောသောက်ခြင်းဖြင့် ဖောရောင်ရောဂါကိုလည်းကောင်း ပျောက်စေသည်။

    ကြောင်ပန်းရွက် ပြုတ်သောက်သော် ညောင်းကျရောဂါ ၊ ငှက်ဖျားရောဂါ နှင့် မီးတွင်းဖျားရောဂါများ ပျောက်ကင်း၏။

    ကလေးသူငယ် နှာစေးချောင်းဆိုးနာ ပျောက်စေ၏။

    ကြောင်ပန်းရွက်ကို ကြိတ်ညှစ်ရည်ဖြင့် အနာပေါက်များကို လိမ်းပေးသော် ပျောက်၏။

    ကြောင်ပန်းရွက်ကို ကြက်သွန်ဖြူနိုင်နိုင်ဖြင့် သုပ်စားပါက လေနာရောဂါ၊ ဝမ်းဖောဝမ်းရောင် ၊ ဝမ်းကိုက်ရောဂါများ ပျောက်၏။

    အိမ်မပျော်သောရောဂါနှင့် ဦးနှောက်တွင် ဖြစ်သောရောဂါအတွက် ကြောင်ပန်းရွက် အခြောက်ကို ခေါင်းအုံးပြုလုပ်၍ အိပ်ခြင်းအားဖြင့် ပျောက်ကင်းစေ၏။

    ကလေးများ အညှော်မိခြင်း ၊ အဖျားကြီးခြင်း အတွက် ကြောင်ပန်းမြစ်ကို သွေး၍ တိုက်ကျွေးခြင်း ၊ နှာရှူစေခြင်းဖြင့် ပျောက်ကင်းစေနိုင်၏။

    Source: Ko Zwe Thu ( ကြောင်ပန်းပင်စိုက်မယ် FB group မှ)

    ------------------------------

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752

    ထွက်တိုးတောင်သူအကြံပေးဖုန်း - ၀၉၉၇၇၉၁၀၀၀၀

    ထွက်တိုးရယူရန်_ https://htwettoe.com/download

    ထွက်တိုး တယ်လီဂရမ်_ https://t.me/htwettoe

    ထွက်တိုး viber _ https://shorturl.at/hkYFX


  • article
likes
8
comments
0
views
1802