cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နွေစပါး၊မတ်ပဲ စိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်

. ရာသီဥတု သတင်းများ
နိုက်ထရိုဂျင်ရွက်ဖျန်း(N)မြေဩဇာ အလွန်အကျွံမသုံးပါနဲ့။
  • ၂ဝ၂၄ ခုနှစ်၊နိုဝင်ဘာလ ၂၉ ရက် မှ ဒီဇင်လဘာလ ၅ ရက် နေ့အထိ ၇ ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အောက်ဖော်ပြပါမြို့နယ် ၂ဝ တွင် မိုးရွာရန် ၀ မှ ၂၅ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နွေစပါး၊ပဲ စိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်များကို တစ်ပါတည်း ဖော်ပြပေးလိုက်ပါတယ်။

    ၁။ ဟင်္သာတမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် မှ ဒီဇင်လဘာလ ၅ ရက် နေ့အထိ နေ့အထိဟင်္သာတမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀) ရာခိုင်နှုန်းမှ (၂၃) ရာခိုင်နှုန်းအထိရှိပါသည်။ ဒီဇင်ဘာလ ၂ ရက် နေ့တွင်မိုးရွာရန် ၂၃ ရာခိုင်နှုန်း ခန့်ရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ၀-၃ ရာခိုင်နှုန်း အတွင်းရှိနိုင်ပါတယ်။

    ၂။ ညောင်တုန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊နိုဝင်ဘာလ ၂၉ ရက် မှ ဒီဇင်လဘာလ ၅ ရက် နေ့အထိ ညောင်တုန်းမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၂၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ ဒီဇင်ဘာလ ၄ ရက်နေ့မှာ မိုးရွာရန် ၂၀ ရာခိုင်နှုန်းရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ၀-၅ ရာခိုင်နှုန်းရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် ပျမ်းမျှအမြင့်ဆုံးအပူချိန်မှာ ၃၅.၃ °C မှ ပျမ်းမျှအနိမ့်ဆုံးအပူချိန်မှာ ၂၁.၁°C ရှိနိုင်ပါတယ်။

    ၃။ မအူပင်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊နိုဝင်ဘာလ ၂၉ ရက် မှ ဒီဇင်လဘာလ ၅ ရက် နေ့အထိ မအူပင်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၁၆) ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့တွင် မိုးရွာရန် ၀ ရာခိုင်နှုန်း ရှိနိုင်ပြီး ဒီဇင်ဘာလ ၂ ရက်နေ့တွင် မိုးရွာရန် ၁၆ ရာခိုင်နှုန်းအတွင်း ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာ မိုးရွာရန် ရာခိုင်နှုန်း ၂-၇ မှာ ရှိနိုင်ပါတယ်ခင်ဗျ။

    ၄။ မြောင်းမြမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် မှ ဒီဇင်လဘာလ ၅ ရက် နေ့အထိ မြောင်းမြမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၂၂) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ ဒီဇင်ဘာလ ၂ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၂၂ ရှိနိုင်ပြီး ဒီဇင်ဘာလ ၄ ရက်နေ့တွင် မိုးရွာရန် ၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။

    ၅။ ဓနုဖြူမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊နိုဝင်ဘာလ ၂၉ ရက် မှ ဒီဇင်လဘာလ ၅ ရက် နေ့အထိ ဓနုဖြူမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၂၀) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၂ ရက်နေ့မှာ မိုးရွာရန် ၂၀ ရာခိုင်နှုန်းရှိနိုင်ပြီး ဒီဇင်ဘာလ ၄ ရက်နေ့မှာ မိုးရွာရန် ၀ ရာခိုင်နှုန်းရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန်ရာနှုန်း ၂-၅ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၅.၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၁°C ရှိနိုင်ပါတယ် ခင်ဗျာ။

    ၆။ ပန်းတနော်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် မှ ဒီဇင်လဘာလ ၅ ရက် နေ့အထိ ပန်းတနော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀) ရာခိုင်နှုန်းမှ (၂၀) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၂ ရက်နေ့တွင် မိုးရွာရန် ၀ ရှိနိုင်ပြီး ဒီဇင်ဘာလ ၄ ရက်မှာ မိုးရွာရန် ၂၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် (၂ မှ ၅) ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။

    ၇။ ကျိုက်လတ်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် မှ ဒီဇင်လဘာလ ၅ ရက် နေ့အထိ ကျိုက်လတ်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂)ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဒီဇင်ဘာလ ၄ ရက်နေ့တွင် မိုးရွာရန် ၄ ရာခိုင်နှုန်း ရှိနိုင်ပြီး ကျန်ရက်များတွင် မိုးရွာရန် (၂ မှ ၈) ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။

    ၈။ ဝါးခယ်မမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် မှ ဒီဇင်လဘာလ ၅ ရက် နေ့အထိ ဝါးခယ်မမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၁၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ ဒီဇင်ဘာလ ၄ ရက် နေ့တွင် မိုးရွာရန် ၁၆ ရာခိုင်နှုန်း ရှိနိုင်ပြီး ကျန်ရက်များတွင် မိုးရွာရန် ၂ မှ ၇ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်။ အမြင့်ဆုံးပျမ်းမျှအပူချိန် ၃၅°C မှ အနိမ့်ဆုံးပျမ်းမျှအပူချိန် ၂၁.၅ °C ရှိနိုင်ပါတယ်ခင်ဗျာ။

    ၉။ ကျုံပျော်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် မှ ဒီဇင်လဘာလ ၅ ရက် နေ့အထိ ကျုံပျော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀) ရာခိုင်နှုန်းမှ (၂၅) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဒီဇင်ဘာလ ၅ ရက် နေ့တွင် မိုးရွာရန် ၂၅ ရာခိုင်နှုန်း ရှိနိုင်ပြီး ကျန်ရက်များတွင် မိုးရွာရန် ၀ မှ ၇ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်။

    ၁ဝ။ ဇလွန်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် မှ ဒီဇင်လဘာလ ၅ ရက် နေ့အထိ ဇလွန်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၂၃) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၁။ လပွတ္တာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ၂၉ ရက် မှ ဒီဇင်လဘာလ ၅ ရက် နေ့အထိ လပွတ္တာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၁၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဒီဇင်ဘာလ ၅ ရက်နေ့မှာ မိုးရွာရန် ၁၈ ရာခိုင်နှုန်းသာ ရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၄ အတွင်းရှိနိုင်ပါတယ်။

    ၁၂။ ပုသိမ်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် မှ ဒီဇင်လဘာလ ၅ ရက် နေ့အထိ ပုသိမ်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၂၂) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၄.၇°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၁.၁°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၃။ ဖျာပုံမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် မှ ဒီဇင်လဘာလ ၅ ရက် နေ့အထိ ဖျာပုံမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁)ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းအထိရှိပါတယ်။ ဒီဇင်ဘာလ ၂ ရက်နေ့မှာ မိုးရွာရန် ၁၀ ရာနှုန်းဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၈ ရှိနိုင်ပါတယ်။ အမြင့်ဆုံးအပူချိန်မှာ ၃၄.၅°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၁°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    ၁၄။ အင်္ဂပူမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် မှ ဒီဇင်လဘာလ ၅ ရက် နေ့အထိ အင်္ဂပူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂)ရာခိုင်နှုန်းမှ (၂၅) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၅။ ကြံခင်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် မှ ဒီဇင်လဘာလ ၅ ရက် နေ့အထိ ကြံခင်းမြို့နယ်၏ မိုးလေဝသခန့်မှန်းချက်အနေဖြင့် မိုးရွာရန် (၂)ရာခိုင်နှုန်းမှ (၂၄) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဒီဇင်ဘာလ ၄ ရက်နေ့များ တွင် မိုးရွာရန် ရာနှုန်း ၂၄ ဖြစ်ပြီး ကျန်ရက်များမှာ (၂) မှ (၈) ရာခိုင်နှုန်းအတွင်းတွင် ရှိနိုင်ပါတယ်ခင်ဗျာ။

    ၁၆။ လေးမျက်နှာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် မှ ဒီဇင်လဘာလ ၅ ရက် နေ့အထိ လေးမျက်နှာမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀) ရာခိုင်နှုန်းမှ (၂၅) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ ဒီဇင်ဘာလ ၅ ရက်နေ့များတွင် မိုးရွာရန် ရာခိုင်နှုန်း ၂၅ ရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ၀-၇ ရာခိုင်နှုန်း အတွင်းတွင် ရှိနိုင်ပါတယ်။

    ၁၇။ ဒေးဒရဲမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် မှ ဒီဇင်လဘာလ ၅ ရက် နေ့အထိ ဒေးဒရဲမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ

    ၁၈။ မော်လမြိုင်ကျွန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် မှ ဒီဇင်လဘာလ ၅ ရက် နေ့အထိ မော်လမြိုင်ကျွန်းမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၁၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၁၆ ရှိနိုင်ပြီး ကျန်ရက်များတွင် (၀-၇) ရာခိုင်နှုန်း အတွင်းတွင် ရှိနိုင်ပါတယ်ခင်ဗျာ။

    ၁၉။ ကန်ကြီးထောင့်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် မှ ဒီဇင်လဘာလ ၅ ရက် နေ့အထိ ကန်ကြီးထောင့်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁)ရာခိုင်နှုန်းမှ (၂၄) ရာခိုင်နှုန်းအထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    ၂ဝ။ ငပုတောမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် မှ ဒီဇင်လဘာလ ၅ ရက် နေ့အထိ ငပုတောမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂)ရာခိုင်နှုန်းမှ (၂၅) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မိုးရွာရန် ၂၅ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာရန် ၂ မှ ၉ ရာခိုင်နှုန်း အတွင်းတွင် ရှိနိုင်ပါတယ်ခင်ဗျာ။

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်ရန်ပြင်ဆင်ကြတော့မည့်တောင်သူများထံသို့...

    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်

    • အောက်ပိုင်းဒေသတွေအတွက် နွေစပါးစိုက်ချိန်အဖြစ် ဒီဇင်ဘာလအပြီးစိုက်ဖို့ အကြံပြုလိုက်ပါတယ်။

    • စပါးပင်ကြီးထွား ဖွံ့ဖြိုးချိန်တွင် အပူချိန်နိမ့်လွန်းခြင်း၊ ပန်းပွင့်ချိန်တွင် အပူချိန်မြင့်လွန်းခြင်းတို့ ကြုံတွေ့မှုမရှိစေရန်အတွက် စိုက်ချိန်ကိုချိန်ဆစိုက်ပျိုးပါ။

    • အစိုက်အများဆုံးနွေစပါးမျိုးများ- ရွှေသွယ်ရင်၊သီးထပ်ရင်၊ ရတနာတိုး၊ ရက် ၉၀ အပြင် ဆင်းသုခ၊မနောသုခမျိုးများ

    မတ်ပဲစိုက်တောင်သူများထံသို့...

    • လတ်တလောမေးမြန်းချက်များအရ ယင်ဖြူ၊ လှေးအကျများတာတွေ့လာရပါတယ်။

    • ဖျက်ပိုးနှစ်မျိုးလုံးက အပူချိန်မြင့်တဲ့အချိန်တွင်အကျများပါတယ်။

    • ယင်ဖြူကျပါက အဝါရောင်မိုဆေ့ဗိုင်းရပ်စ်ရောဂါပါအတူကျတာမို့ စိုက်ခင်းထဲမှာဗိုင်းရပ်စ်လက္ခဏာတွေ့တာနဲ့ချက်ချင်းနုတ်ပစ်ပြီး စိုက်ခင်းနဲ့ဝေးရာမှာပစ်ပေးပါ။

    • ပထမတစ်ကြိမ်ကို Spirotetramat + Pyriproxyfen၊ ဒုတိယအနေနဲ့ Fipronil+ Bifenthrin တတိယအကြိမ်မှာ Thiamethoxam + Chlorfenapyr အသုံးပြုနိုင်ပါတယ်။ (Dr.DaDa) ထပ်ပွားလာမျိုးရှိ မရှိ အမြဲကွင်းဆင်းစစ်ဆေးနေပါ။

    • နိုက်ထရိုဂျင်ရွက်ဖျန်း(N)မြေဩဇာ အလွန်အကျွံမသုံးပါနဲ့။


    Weather Source: CIAT


  • article
likes
7
comments
0
views
2562