(၂၅.၁၁.၂၀၂၄) မှ (၂၉.၁၁.၂၀၂၄) ထိ စားဖိုဆောင်သီးနှံ စျေးကွက်သုံးသပ်ချက်
-ပဲစဉ်းငုံကတော့ စျေးအတက်အကျတည်ငြိမ်မှု မရှိပါ
-ပဲတီစိမ်းစျေးအရင်တပတ်ကတည်းကစျေးတက်လာ
-နှမ်းမျိုးစုံ ဈေးက ဆက်တိုက်မြင့်တက်လာ
မတ်ပဲ
မတ်ပဲစျေးကွက်က နေ့စဥ်နဲ့အမျှစျေးတန်းကကျဆင်းလာနေပြီး ဒီတစ်ပတ်မှာလည်းစျေးအနည်းငယ် ထပ်ကျတာတွေ့ရပါတယ်။မတ်ပဲကိုအဓိကဝယ်ယူတဲ့အိန္ဒိယနိုင်ငံကသူတို့နိုင်ငံရဲ့ မတ်ပဲလိုအပ်ချက်
ပြည့်သွားတဲ့အတွက်ကြောင့်အဝယ်အေးသွားတဲ့အတွက်စျေးတန်းကကျဆင်းလာနေတာဖြစ်တယ်လို့သိရပါတယ်။
မိုး မတ်ပဲအသစ်တွေလည်း စပေါ်နေပြီးစျေးကွက်ထဲစတင်ဝင်ရောက်နေတာကြောင့်လည်း မတ်ပဲ စျေးတန်အေးနေတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ(FAQ)တစ်တန်ကိုဒီတစ်ပတ် အင်္ဂါနေ့မှာ ၃၅၇၆၀၀၀၊ ဗုဒ္ဓဟူးနေ့ မှာ ၃၅၇၀၀၀၀ ၊ကြာသပတေးနေ့မှာ ၃၅၆၅၀၀၀ ကျပ်နဲ့သောကြာနေ့မှာ ၃၅၆၁၀၀၀ ကျပ်သာ ရှိပါတယ်။ အရင်အပတ်နဲ့ယှဉ်ရင် မတ်ပဲ တစ်တန်ကို ၂ သောင်း လောက် စျေးထပ်ကျပါတယ်။
မန္တလေးစျေးကွက်မှာတော့ မတ်ပဲ(အဟောင်း)က ပိဿာ ၆၀ တစ်အိတ်ကို ၃၀၀၀၀၀ မှ ၃၂၅၀၀၀ ကျပ်ရှိပြီး မတ်ပဲအသစ်က တစ်အိတ်ကို ၂၆၀၀၀၀ မှ ၂၈၀၀၀၀ ကျပ်ရှိပါတယ်။
ပဲစဥ်းငုံ
ပဲစဥ်းငုံကတော့ စျေးအတက်အကျတည်ငြိမ်မှု မရှိပါဘူး။ ဒီတစ်ပတ်မှာတော့ စျေးက ပြန်ကျ ပါ တယ်။ ပြည်တွင်းမှာလည်းပဲလက်ကျန် မရှိသလောက်ဖြစ်နေပြီးအရောင်းအဝယ် အေးနေတာက တကြောင်း၊ ပြည်ပဝယ်လိုအားလည်းပုံမှန်လောက်သာရှိတာကြောင့်စျေးပြန်ကျတာဖြစ်ပါတယ်။
နိုင်ငံခြားငွေစျေးအတက်အကျကြောင့်လည်းစျေးကွက်ကအတက်အကျတည်ငြိမ်မှုမရှိဘဲဖြစ်နေတယ်လို့သိရပါတယ်။
မကြာခင် ပဲ အသစ်တွေ ဈေးကွက်ထဲ ဝင်တော့မှာ ဖြစ်လို့ ပဲဈေးက လက်တလောမှာတော့ အတက် မရှိနိုင်သေးဘူးလို့ ကုန်သည်အချို့ကတော့သုံးသပ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန်ကို အင်္ဂါနေ့မှာ ၃၉၅၀၀၀၀ ၊ဗုဒ္ဓဟူးနေ့က
၃၉၄၂၀၀၀ ၊ကြာသပတေးနေ့မှာ ၃၈၉၅၀၀၀ နဲ့သောကြာနေ့မှာ ၃၈၅၂၀၀၀ ကျပ်ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဥ်ရင် တစ်တန်ကို ၁ သိန်းဝန်းကျင်စျေး ပြန်ကျပါတယ်။
မန္တလေးစျေးကွက်မှာတော့ ဒီတစ်ပတ်လည်း ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာတွေ့ရပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ အရင်တပတ်ကတည်းကစျေးတွေတက်လာပြီး ဒီတစ်ပတ်မှာလည်း ဝါးခယ်မနဲ့ပဲတီ စိမ်းအညာကထပ်တက်လာပါတယ်။ခရမ်းရွှေဝါနဲ့ပဲခူးရွှေဝါကတော့ အတက်စျေးမှာ ငြိမ်နေပါတယ်။ တရုတ်ဝယ်လက်ကြောင့်ဈေးကွက်အတွင်း ဈေးမြင့်တက်လာတာလို့ သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က ၅၂၅၀ ကျပ်၊ (ပဲခူးရွှေဝါ)က ၅၀၈၀ ကျပ်နဲ့ငြိမ်နေတာပါ။ ဝါးခယ်မ FAQ နဲ့ ပဲတီစိမ်းအညာကတစ်ပိဿာ ကို ၄၅၀၀ မှ ၄၅၂၀ ကြားရှိပြီး အရက်အပတ်ကထက် တစ်ပိဿာကို ၈၅ ကျပ်ထပ်တက်လာပါတယ်။
မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း(အညာ)သုံးတင်းဝင်တစ်အိတ်ကို ၂၉၀၀၀၀ မှ ၃၀၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁၀၀၀၀လောက်ထပ်တက်လာပါတယ်။
နှမ်းမျိုးစုံ
ဒီတစ်ပတ်မှာတော့ နှမ်းမျိုးစုံ ဈေးက ဆက်တိုက်မြင့်တက်လာပါတယ်။စမုံ နှမ်းနက်က စျေးနှုန်းတက် လာသလိုပြီးကျန်တဲ့နှမ်းဖြူနဲ့နှမ်းညိုလာတက်လာ ပါ တယ်။
စမုံနှမ်းနက်က အောင်လံဘက်ကအသစ်တွေဈေးကွက်ဝင်လာပြီး ပြည်ပအဝယ်ရှိခြင်း၊ ကျန်တဲ့ နှမ်းဖြူ ကလည်းလုပ်ငန်းသုံးဖြစ်လို့ပုံမှန်အဝယ်ရှိခြင်း၊နှမ်းညိုကလည်းဆီစက်တွေကဝယ်လိုအားရှိတာ
ကြောင့် စျေးတက်လာတာဖြစ်တယ်လို့သိရပါတယ်။
မန္တလေး ကုန်စည်ဒိုင်ဈေးကွက်မှာ အက်စစ်လွတ်တဲ့ စမုံ နှမ်းနက်သုံးတင်းတစ်အိတ်ကို ၆၄၅၀၀၀ မှ ၆၈၀၀၀၀ ကျပ်အတွင်းရှိပြီး အရင်အပတ်ကထက် ၃၀၀၀၀ ကျပ်လောက်တက်လာပါတယ်။
နှမ်းညိုကလည်းတစ်အိတ်ကို ၃၁၀၀၀၀ မှ ၃၁၅၀၀၀ ကျပ်စျေးပေါက်ပြီး တစ်အိတ်ကို၅၀၀၀ ကျပ်တက်လာပါတယ်။
နှမ်းဖြူဗမာကလည်း တစ်အိတ်ကို ၃၈၀၀၀၀ မှ ၄၀၅၀၀၀ ကျပ်ရှိကာ အရင်အပတ်ကထက် ၃၀၀၀၀ ကျပ်တက်လာပါတယ်။နှမ်းဖြူ ဂျပန်က ၄၅ ပိဿာသုံးတင်တစ်အိတ်ကို ၄၁၅၀၀၀၀ မှ ၄၂၅၀၀၀ ကျပ် ရှိပြီး ဈေးငြိမ်ပါတယ်။
(AMIA)
Exclusive content for Htwet Toe