cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နွားစာစပ်နည်းနမူနာနှင့် နွားအရွယ်အလိုက်ပြုစုစောင့်ရှောက်နည်းများ

. ဗဟုသုတ
အသက်ရှူခြင်း အသက်ရှူရာတွင် မြန်လွန်းခြင်း၊ နှေးလွန်းခြင်း၊ မောပန်းခြင်း၊ အသံမြည်နေခြင်းတို့ မဖြစ်ရ။
  • နို့ထွက်နွားမများအတွက် အစာ

    နွားမများကို နို့ခန်းချိန်တွင် အစာကောင်းကောင်းကျွေးခြင်း၊ စားကျက်ထဲလွှထ်ထားခြင်းဖြင့် ဝဖြိုးလာအောင် ကျွေးမွေးနိုင်သည်။

    သားဖွားခါနီး ၂ရက်၃ရက်အလိုတွင် အစာနု လျော့ကျွေးရသည်။

    မွေးဖွားသောအခါ အစာကို ပုံမှန်အတိုင်းပြန်ကျွေးနိုင်သည်။

    နို့စားနွားမတစ်ကောင်အတွက် နမူနာအစာ

    ဖွဲနု ..........၄ပိဿာ

    ဆန်ကွဲ......၂ပိဿာ

    နှမ်းဖတ်-ပဲဖတ်.....၃ပိဿာ

    ဆား.....၁၅ကျပ်သား

    ၄င်းအစာတွင် ပရိုတင်း၁၅%ခန့်ရှိသည်။

    နွားမတစ်ကောင်လျှင် မနက်၁ပိဿာ ၊ည ၁ ပိဿာကျွေးနိုင်သည်။

    မြက်စိမ်းနှင့် ကောက်ရိုးကိုလဲ လိုသလောက်ထားပေးထားရသည်။

    မြက်စိမ်းနှင့် ကောက်ရိုးလဲကျွေးရန်လိုအပ်သည်။

    ---------------------------

    နွားသိုးအတွက် အစာ

    နွားသိုးအတွက်အစာသည် နူန်းအားဖြင့်ကြည့်လျှင် နို့စာနွားမများထက်နည်း၏။

    သို့သော် နွားသိုးသည်ကိုယ်အလေးချိန် ပိုစီးသောကြောင့် အစာပိုစားရသည်။

    နွားသိုးကိုယ်အလေးချိန်၏ ၁%အတွက် ကောက်ရိုးကျွေး၍ ၄င်း%၏တစ်ဝက်ကိုအစာနုကျွေးရသည်။ -နမူနာ -ပိဿာ၃ရာခန့်ရှိ နွားသိုးအတွက် ကောက်ရိုး၃ပိဿာနှင့်အစာနု တစ်ပိဿာငါးဆယ်သားခန့် ကျွေးရသည်။

    ရေကို လိုသလောက်ပေးထားပါ။

    အစာနုကို စပ်ရာတွင် သမမျှတသောအစာ ဖြစ်ရန်အရေးကြီးသည်။

    ကစီဓာတ်များလွန်းပါက လှုပ်ရှားမှုနည်းလျှင် အဆီထူပြီး သားအောင်နှုန်း နည်းသွားနိုင်သည်။

    နမူနာအစာ

    ဖွဲနု....၄ပိဿာ

    ဆန်ကွဲ....၂ပိဿာ

    နှမ်းဖတ်/ပဲဖတ်....၄ပိဿာ

    ဆား.....၂၀ကျပ်သား

    ပရိုတင်း၁၇%ခန့်ပါဝင်သည်။

    နွားသိုးကိုအစာကောင်းကျွေးရန်နှင့် အညောင်းပြေလှုပ်ရှားမှု မှန်မှန်ပေးနိုင်ရန် အရေးကြီးသည်။

    --------------------------

    နွားမွေးမြူရေးနှင့်နွားကလေးများကိုအစာကျွေးခြင်း

    နွားကလေးများကို အသက်တစ်လအထိ ကိုယ်အလေးချိန်၁၀ပေါင်တွင် နို့၁ပေါင်နှုန်းဖြင့်ပေးသည်။

    အသက်တစ်လခွဲအတွင်းတွင် ယခင်ကထက် ၁၄ကျပ်သားခန့် နို့ပိုပေးသည်။ အသက်တစ်လခွဲမှ နှစ်လအတွင်းတွင်ဝေပုံကျထက် ၂၈ကျပ်သားခန့် နို့ပိုချပေးသည်။

    ၄င်းကာလအတွင်းတွင် နွားငယ်များကို အစာစားတတ်အောင် အကျင့်လုပ်ပေးရသည်။

    အစာအနည်းငယ်ပြ၍ စားခိုင်းခြင်း ၊အခြားအစာစားနေသော နွာငယိကလေးများနှင့် အစာကျွေးချိန်တွင် ရောနှောပြီး အစာခွက်မှ နှိုက်စားစေခြင်းတို့ပြုစေရသည်။

    အသက်၂လကျော်သောအခါမှ အစာစကျွေးရတော့မည်ဖြစ်သည်။ ဤအရွယ်တွင် အစာကြမ်းများ မကျွေးရသေးပေ။ အစာအိမ်ပုံမှန် ဖွံဖြိုးမှုနည်းသွားနိုင်သောကြောင့်ဖြစ်သည်။

    နွားငယ်စာ အစာနုစပ်ရန် နမူနာအချိုး

    ဖွဲနု ၃၄%

    နှမ်းဖတ်၊ပဲဖတ် ၃၀%

    ဆန်ကွဲ သို့မဟုတ်ပြောင်းမှုန့် ၃၀%

    ဆား ၁%

    ခရုမှုန် ၅%

    အသက်၂လကျော်လာသောအခါ နွားနို့ပေးခြင်းကို တစ်ဝက်ခန့် လျော့ချလိုက်ပါ။

    ထို့နောက် အစာကို နံနက် ၂၅ကျပ်သား၊ ည၂၅ကျပ်သားပေးပါ အစာစိမ်းအဖြစ် မြက်စိုကိုကျွေးနိုင်ပါသည်။

    မြက်စိုကို တနေ့လျှင် ၂၅ကျပ်သားခန့်စမ်းကျွေးနိုင်သည်။

    ------------------------

    ခိုင်းနွားများကို စောင့်ရှောက်ခြင်း

    ခိုင်းနွားများကိုပြုစုစောင့်ရှောက်ရာတွင်၄င်းတို့၏ ပုံမှန်ရှိသင့်သော သွင်ပြင်လက္ခာများကိုလဲ သိထားသင့်သည်။

    သို့မှသာ ကျန်းမာသည့်လက္ခဏာပုံမှန်မဟုတ် မကျန်းမာသည့် လက္ခဏာကို ယှဉ်ပြီး ခွဲခြားနိုင်မည်ဖြစ်သည်။

    ကျန်းမာသည့်နွား၏ သွင်ပြင်လက္ခဏာများ...

    အမူအရာမှာ ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှုရှိပြီး၊ရှင်းလင်းသောအမူရာ...

    မျက်လုံးမှာ တောက်ပကြည်လင်နေရမည်၊ မှိုင်မနေရ...

    နှာဖျားမှာ အငွေ့ပြန်၍ စိုစွတ်အေးစက်နေမည်၊ခြောက်ပြီး ပူမနေရ....

    နားရွက်မှာ နားရွက်တဖျပ်ဖျပ်ခတ်လျက်ရှိနေပြီးအသံကြားလျှင် နားစွန့်နေရမည်၊စမ်းကြည့်လျှင် မပူလွန်းမအေးလွန်းရ....

    ကိုယ်မွှေး တောက်ပြောင်သန့်ရှင်းနေရမည်၊ ကိုယ်မွှေးစောင်းသည်ဟုခေါ်သော ညစ်မွဲမွဲ ထိုးထိုးထောင်ထောင်မသပ်မရပ်ဖြစ်နေခြင်းမျိုး မရှိရ...

    သွားလာလှုပ်ရှားမှုမှာ သွက်လက်ပေါ့ပါးဖျတ်လတ်ရမည်၊ မလှမ်းချင်လှမ်းချင် လှမ်းဟန်မျိုး၊မလှမ်းပဲ တွေတွေရပ်နေခြင်းမျိုး၊ ခြေလှမ်းတိုင်း ယိမ်းယိုင်သွားခြင်းမျိုး ၊ ခြေလှမ်းတိုင်း ညည်းညူနေမှုမျိုး မရှိစေရ...

    အစာရေစာ စားသောက်မှုပုံမှာ စားမြုံ့ပြန်မှု ပုံမှန်ရှိရမည် အစာစားလျော့ခြင်း၊ မစားပဲနေခြင်း၊စားမြုံမပြန်ပဲ နေခြင်းမျိုး မရှိရ...

    ဆီးနှင့်ဝမ်း ဆီးဝမ်းမှန်စေရမည်။ ဆီး၏အရောင်မှာ ဝါဖျော့ဖျော့သာရှိရမည်။ ဝမ်းမှာ မမာလွန်း မပျော့လွန်းရှိရမည်။

    ဝမ်းရောင်မှာ စိမ်းဝါဝါအရောင်သာ ဖြစ်ရမည်၊ ဆေးတိုက်ထား၍ ဆေးဝါးခြင်းနှင့်မသက်ဆိုင်ပါ။

    အထိုင်အထ အထိုင်အခလေးလံခြင်း၊ မထပဲနေုခြင်း၊ မထိုင်ပဲနေခြင်း၊ မအိပ်ခြင်းတို့ မရှိရ..

    အသက်ရှူခြင်း အသက်ရှူရာတွင် မြန်လွန်းခြင်း၊ နှေးလွန်းခြင်း၊ မောပန်းခြင်း၊ အသံမြည်နေခြင်းတို့ မဖြစ်ရ။

    အန်ခြင်း မအန်ရ၊ အန်သည်ကိုတွေ့လျှင်အရေးကြီးကြောင်း သတိပြုပါ။

    အထက်ပါ၁၁ချက်ဖြင့် စီစစ်ပြီး တစ်ခုခုဖောက်ပြန်လျှင် မိမိကိုယ်တိုင်ကုနိုင်က ကုပါ။မကုနိုင်လျှင် နီးစပ်ရာ နားလည်တတ်ကျွင်းသူနှင့် အကူညီတောင်းကုသသင့်သည်။

    Dip LPA သင်ရိုးညွှန်း

    Zin Zin (ဂမုန်းဖြူဖြူ) Dip. LPA


  • article
  • article
  • article
  • article
likes
35
comments
1
views
12189