cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မွှားပင့်ကူနီကို ဘယ်လိုနှိမ်နင်းမလဲ

. ပိုးမွှား
စတင်ကျရောက်ခါစ အဆင့်မှာဆိုရင်တော့ သီးနှံပင်အရွက်အပေါ်မျက်နှာပြင်မှာ အဖြူရောင်အစက်အပြောက်လေးတွေကိုတွေ့ရမှာဖြစ်ပါတယ်။အကောင်ရေများပြားလာသည်နှင့်အမျှ အဖြူရောင်အစက်အပြောက်များ ပိုမိုများပြားလာ
  • သီးနှံပင်တွေမှာ ဖျက်ပိုးဆိုရင်တော့ အများစုက အင်းဆက်ဖျက်ပိုးတွေကိုပဲပြေးမြင်မိပါလိမ့်မယ်။ အင်းဆက်ဖျက်ပိုးအပြင်အခြားဖျက်ပိုးပေါင်းများစွာကလည်း သီးနှံပင်အထွက်နှုန်းကို ထိခိုက်အောင် ဖျက်ဆီးကြပါတယ်။ အခုပြောပြချင်တာကတော့ မွှားပင့်ကူနီ အကြောင်းပဲဖြစ်ပါတယ်။

    မွှားပင့်ကူနီဟာ သီးနှံပင်တွေရဲ့ ပင်ရည်တွေကိုစုပ်ယူစားသောက်ပြီး သီးနှံအထွက်နှုန်းနှင့် အရည်အသွေးကို လျော့ကျစေနိုင်ပါတယ်။ ၁ မီလီမီတာထက်သေးငယ်ပြီး ခန္ဓာကိုယ် တစ်ဖက်စီမှာ အဝါရောင် (သို့) အဝါဖျော့ရောင် အစက်လေးတွေရှိတဲ့ ပင့်ကူလေးတွေပဲဖြစ်ပါတယ်။ သူတို့ကိုတော့ အပင်ရဲ့အရွက်အောက်မျက်နှာပြင်တွေမှာ အမြောက်အများတွေ့ရှိနိုင်ပါတယ်။ ဆိုးဆိုးဝါးဝါး ကျရောက်တဲ့အချိန်မှာဆို ပင့်ကူမျှင်လေးတွေကိုပါ တွေ့ရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

    နေ့တာတိုတဲ့ဆောင်းရာသီမှာဆိုရင်တာ့ သူတို့ဟာ အနီရောင်ရင့်ရင့်သို့ပြောင်းလဲပြီး ဆောင်းခိုဖို့ရန်အတွက် သီးနှံပင်တွေကို စွန့်ခွာသွားကြပါတယ်။

    စတင်ကျရောက်ခါစ အဆင့်မှာဆိုရင်တော့ သီးနှံပင်အရွက်အပေါ်မျက်နှာပြင်မှာ အဖြူရောင်အစက်အပြောက်လေးတွေကိုတွေ့ရမှာဖြစ်ပါတယ်။အကောင်ရေများပြားလာသည်နှင့်အမျှ အဖြူရောင်အစက်အပြောက်များ ပိုမိုများပြားလာပြီး အရွက်အရောင်ပျောက်ကာ နောက်ဆုံးမှာ အပင်သေဆုံးသွားနိုင်ပါတယ်။သီးနှံပင်အရွက်အောက်မျက်နှာပြင်မှာ မွှားပင့်ကူနီ အမြောက်အများရှိနိုင်သော်လည်း မှန်ဘီလူးဖြင့်ကြည့်မှသာ သေချာကွဲပြားစွာ မြင်တွေ့နိုင်ပါတယ်။

    အကောင်ရေများပြားလာသည်နှင့်အမျှ အကောင်အစုအဝေးများစွာနှင့် ပင့်ကူမျှင်တွေကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

    မွှားပင့်ကူနီ များဟာ ကြီးထွားမှုအဆင့် (၅) ဆင့်ရှိကြပါတယ်။ ဥအဆင့် မှ အကောင်ကြီးအဆင့်ရောက်ရှိဖို့ ၇ ရက်မှ ၁၄ ရက်အထိ ကြာမြင့်နိုင်ပါတယ်။အမတစ်ကောင်ဟာ သုံး ပတ်အတွင်းမှာ ဥပေါင်း ၁၀၀ ကျော်ကို ဥနိုင်ပါတယ်။ ဥတွေကိုတော့ အရွက်ရဲ့အောက်မျက်နှာပြင်မှာ ဥကြပါတယ်။ မွှားပင့်ကူနီ ၁၀ ကောင်ဟာ တစ်လအတွင်း ၁၀၀၀ မှ နှစ်လအတွင်း အကောင်ရေ ၁၀၀,၀၀၀ ထိ မျိုးပွားနိုင်ကြပါတယ်။ ပတ်ဝန်းကျင် အစိုဓာတ်မြင့်မားခြင်းက မွှားပင့်ကူနီတွေ ဥဥနှုန်းကိုလျော့ကျစေပါတယ်။

    မွှားပင့်ကူနီတွေဟာ ဘာမှမစားပဲ ဆောင်းခိုနိုင်ပြီး နွေနဲ့မိုးတွေမှာတော့ အပင်တွေကိုပြန်လည်ဖြတ်ဆီးကြပါတယ်။ အထူးသဖြင့် မတ်လ မှ အောက်တိုဘာလ အထိ သီးနှံပင်တွေကို ကျရောက်ဖျက်ဆီးနိုင်ပါတယ်။မွှားပင့်ကူနီကာကွယ်နှိမ်နင်းဖို့ရန်အတွက် တမာ ပိုးသတ်ဆေး အသုံးပြုနိုင်ပါတယ်။ ဓာတုပိုးသတ်ဆေးအနေဖြင့် အဘာမက်တင်၊ ဆိုက်ပါမီသရင်၊ ဆာလဖာ နှင့် စပိုင်ရိုမက်စီဖန် တို့ကိုအသုံးပြုနိုင်ပါတယ်။

    A.K.Z.M (2013)


  • article
  • article
likes
6
comments
0
views
1992