ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲစိုက်တောင်သူများထံသို့ရာသီဥတုဆိုင်ရာ စိုက်ပျိုးရေး အကြံပြုချက်
ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်များအတွက်ကတော့
၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့မှ ဒီဇင်ဘာလ (၉) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်
မိုးညိုမြို့နယ်
မိုးညိုမြို့နယ်မှာ ဒီဇင်ဘာလ (၃) ရက်နေ့မှ ဒီဇင်ဘာလ (၉) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၁ မှ ၉ အထိ ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၉ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၉ ရှိနိုင်ပြီး ကျန်သောရက်များမှာ ၁-၂ ရာခိုင်နှုန်း မှာ ရှိနိုင်ပါသည်။ မိုးညိုမြို့နယ်၏ အမြင့်ဆုံးအပူချိန်မှာ ၃၃.၇°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၁၇.၂°C ရှိနိုင်ပါတယ်ခင်ဗျာ။
လက်ပံတန်းမြို့နယ်
လက်ပံတန်းမြို့နယ်မှာ ဒီဇင်ဘာလ (၃) ရက်နေ့မှ ဒီဇင်ဘာလ (၉) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၁ မှ ၅၇ အတွင်းရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၉ ရက်နေ့တွင် မိုးရွာရန် ၅၇ ရာခိုင်နှုန်းရှိပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၁-၃ ရာခိုင်နှုန်းတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၁၇.၁°C အမြင့်ဆုံးအပူချိန် ၃၃.၇°C ထိရှိနိုင်ပါတယ်ခင်ဗျာ။
သာယာဝတီမြို့နယ်
သာယာဝတီမြို့နယ်မှာ ဒီဇင်ဘာလ (၃) ရက်နေ့မှ ဒီဇင်ဘာလ (၉) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၁ မှ ၅၇ အတွင်း ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၉ ရက်တွင် မိုးရွာရန် ၅၇ ရာခိုင်နှုန်း ရှိနိုင်ပါတယ် ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၁ မှ ၃ အတွင်းရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် ဒီဇင်ဘာလ ၃ ရက်နေ့တွင် အနိမ့်ဆုံး အပူချိန် ၂၁°C မှ အမြင့်ဆုံးအပူချိန် ၃၃.၇°C ထိရှိနိုင်ပါတယ်ခင်ဗျာ။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်း၊မတ်ပဲစိုက်တောင်သူများထံသို့….
စိုက်ပျိုးရေးနှင့်ရာသီဥတုဆိုင်ရာအကြံပြုချက်
မတ်ပဲနောက်ကျစိုက်ခင်းများ ယခုကြုံတွေ့နေရတဲ့ ခါးရိ ၊ပင်ခြေပုပ်၊ ပျိုးပင်ငယ်ညှိုးသေ ရောဂါများအတွက် Azoxystrobin ကိုပင်ခြေကို အဓိကထိအောင်ဖျန်းပေးနိုင်ပါတယ်။
စာကိုစပိုရာ၊ မှဲ့ပြောက်စွန်း ရွက်ပြောက်ရောဂါများအတွက် Azoxystrobin+ Difenoconazole ကိုရွေးချယ်နိုင်ပါတယ်။
ပိုးမွှားရောဂါကင်းသော စိုက်ခင်းများရွက်ဖျန်းအားဆေးအတွက် အသုံးပြုလိုပါက အပင်ငယ်စဥ်တွင် နိုက်ထရိုဂျင် (N) + ဖော့စ်ဖရပ်စ် (P) အချိုးများသောရွက်ဖျန်းအားဆေးကို အဓိကအသုံးပြုပါ။
အဖူးစတင်ဖြစ်ပေါ်ချိန်တွင် ပိုတက်စီယမ် (K) အချိုးများသောရွက်ဖျန်း+ အနည်းလိုအာဟာရဓာတ်တွေဖြစ်တဲ့ (B, Mg, Mn, Mo, Zn ) ပါရှိသောရွက်ဖျန်းနှင့် Mepiquat chloride လိုဟော်မုန်းရွက်ဖျန်းအားဆေးကိုအသုံးပြုနိုင်ပါတယ်။
Weather Source: CIAT