cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မွေးမြူရေးငါးများတွင် ကျရောက်တတ်သော ကပ်ပါးပိုးများအကြောင်း

. ငါးမွေးမြူရေးလမ်းညွှန်ချက်များ
ကပ်ပါး ပိုး ကြောင့် ကျရောက်သောရောဂါသည် မည်သည့် ကပ်ပါးပိုးဖြစ်ကြောင်း ငါးမွေးတောင်သူများခွဲခြားတတ်ရန် တင်ပြ အပ်ပါသည်။
  • article
  • မွေးမြူရေးငါးများတွင် ကျရောက်တတ်သော ကပ်ပါးပိုးများအကြောင်း

    ငါးမွေးမြူရေးလုပ်ငန်းတွင် ဘက်တီးရီးယားဖြစ်တတ်သောရောဂါ ၊ဗိုင်းရပ်ကြောင့် ဖြစ်တတ်သောရောဂါ နှင့် ကပ်ပါးပိုးကြောင့်ဖြစ်တတ်သောရောဂါ(Parasitic Disease) ဆိုပြီး အုပ်စုသုံး’စုခွဲခြားထားပါသည်။ ကပ်ပါး ပိုး ကြောင့် ကျရောက်သောရောဂါသည် မည်သည့် ကပ်ပါးပိုးဖြစ်ကြောင်း ငါးမွေးတောင်သူများခွဲခြားတတ်ရန် တင်ပြ အပ်ပါသည်။


  • article
  • ငါးသန်းရောဂါ(Argulosis) သည် တဧကတွင် ငါးထည့်သွင်းနှံးများပြီး၊ဩဂဲနစ်မြေဩဇာအသုံးများခြင်း ကြောင့်ဖြစ်တတ်ပါသည်။ငါးသန်းတွယ်ကပ်ခံရသောငါးများသည် သွေးပြီး အင်အားချိနဲလာပါသည်။ ငါးများသည် လှုပ်ရှားမှု့နှေးကွေးလာပြီး အသေအပျောက်များရှိလာပါသည်။ ငါးသန်းကပ်ပါးပိုးကျရောက်ပါက ကူးစက်ခြင်း မြန်ပါသည်။ထို့ကြောင့် ငါးသန်းတွေ့ရှိပါက ကာကွယ်ခြင်းလုပ်ငန်းကိုချက်ချင်းဆောင်ရွက်ပါ။ ကန်အတွင်းဝါး ခြမ်းပြားများကို ချပေးပြီး ငါးသန်းများကို ဝါးခြမ်းပြားများတွင် တွယ်ကပ်စေပါသည်။ အဆိုပါဝါးခြမ်းပြားများ ကို နောက်တနေ့နေပူးပြင်းပြင်းတွင် အခြောက်လှန်းပြီး ၊ ကန်အတွင် ထပ်မံချထားပေါ။အဆိုပါလုပ်ရပ်ကို တပတ် ခန့်ဆောင်ရွက်ပေးပါက ငါးသန်း ကပ်ပါးရောဂါကင်းဝေးစေပါသည်။


  • article
  • လာနီးရေကပ်ပါးရောဂါ(Lernaesis)သည် ငါး၏အရေပြားတွင် စွဲကပ်သောကပ်ပါးရောဂါဖြစ်ပါသည်။ သေးသွယ်ရှည်ရှားသောပုံရှိပြီး စွဲကပ်ခံရသောငါးသည် သွေးထွက်ခြင်း နှင့် အလေးချိန်လျှော့လာပြီး ရေကူးခြင်း လည်းနှေးကေွေးလာပါသည်။ ထိုရောဂါတွေ့ရှိပါက ၊ရောဂါဖြစ်သော ငါးကို ဆားဖျော်ရည် ၃-၅ ရာခိုင်နှုံးတွင် ၁မီးနစ် သို့မဟုတ်ခံနိုင်ရည်ရှိသည့်အထိစိမ်ပေးပါ။


  • article
  • ပါးဟက်တွင်တွယ်ကပ်သောကပ်ပါးရောဂါ (Doctyrogyrus)ဒက်တိုင်လိုဂိုင်းရပ်သည်ပါးဟက်တွင်တွယ် ကပ်သောကြောင့် ပါးဟက်ရောင်ရမ်ခြင်း၊ အချွဲများပိုမိုထွက်ခြင်းနှင့် ပါးဟက်မျှင်များပျက်စီးခြင်းကို တွေ့ရှိနိုင် ပါ သည်။ပါးဟက်တွင် အဖြူရောင်သန်းလာပါမည်၊ ကိုယ်အလေးချိန်လည်းကျဆင်းလာပါမည်။ ကူးဆက်မှု့မြန် သောကြောင့် တွေ့ရှိပါက ဖော်မလင် 25 ppm ( ၂၀မီလီဂရမ် / လီတာ)ကို ကန်ရေထဲထည့်ပေးပါ။ရောဂါဖြစ် သောငါးကို အိမ်သုံးဆား ၂-၃ ရာခိုင်နှုံးဖျော်ရည်တွင် (၅-၁၀)မီးနစ်စိမ်ထားပေးခြင်းကို ဆောင်ရွက်နိုင်ပါသည်။


  • article
  • ဂိုရိုဒက်တိုင်းလပ် ကပ်ပါးရောဂါ (Gyrodactylus Disease) သည် အရေပြားတွင်စွဲကပ်သောကပ်ပါးပိုး ဖြစ်ပါသည်။ငါး၏အရေပြားသည် ဖျော့သောအရောင်ဖြစ်လာပြီး၊ ငါးသည် အကြေးခွံ ကျွတ်ခြင်းများဖြစ်လာပါ သည်။ငါးများသည် ရေမျက်နှာပြင်ပေါ်တွင်သာကူ’ခတ်သွားလာခြင်းများတွေ့ရှိရပါသည်။ ထိုကပ်ပါးရောဂါကျ ရောက်ပါက ပိုတက်စီယမ်ပါမင်းဂနိတ် 2ppm ( ၂မီလီဂရမါ/လီတာ) ဖျော်ရည် ကို ကန်အတွင် နှစ်ကြိမ်ဆက် တိုက်ထည့်ပေးပါ။


  • article
  • ဦးဆန်းအောင် (ထွက်တိုး)

    --------------------------------------------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


likes
9
comments
0
views
2579