cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးတွေ ဆောင်းခိုသလား?

. ငါးမွေးမြူရေးလမ်းညွှန်ချက်များ
ငှက်တွေဆောင်းခိုသလို ငါးတွေရော ဆောင်းခိုသလားဆို စိတ်ဝင်စားစရာနော်။
  • ငါးတွေကတော့ ငှက်တွေလို ဆောင်းမခိုပါဘူး။ ဒါပေမယ့် ဆောင်းခိုသလိုမျိုး ဇီဝကမ္မဖြစ်စဉ်တွေ၊ အလေ့အကျင့်နဲ့ အမူ အကျင့်တွေတော့ ဆောင်းတွင်းမှာ ပြောင်းလဲသွားပါတယ်။ ဥပမာပြောရရင် အေးတဲ့ကာလတွေမှာ သူတို့ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို နှေးပြစ်လိုက်တယ်။ သွားလာလှုပ်ရှားတာနှေးလိုက်တယ်။ စွမ်းအင်ခြွေတာကြတယ်။ တစ်နည်းပြောရရင် ကန်ရေအပူချိန်ကျလာပြီး အေးလာတာနဲ့ ယင်းနဲ့ သဟဇာတဖြစ်မယ့်နည်းလမ်းကို ရွေးတော့တာပါဘဲ။ အသက်ရှင်သန်နိုင်မယ့်နည်းလမ်းဖန်တီးတယ်ဆိုရမှာပေါ့ဗျာ။ ရေချိုမှာရော ရေငန်မှာပါ နည်းလမ်းရှာကြတာပါ။ ကဲအဲ့ဒါဆို ငါးတွေ ဆောင်းခိုတဲ့နည်းလမ်းတွေကို ကြည့်ကြရအောင်နော်။

    ၁။ ထိုင်းမှိုင်းခြင်း

    ဒါကတော့ အခိုက်အတန်းလုပ်လေ့ရှိတဲ့ အမူအကျင့်ပါ။ အထူးသဖြင့် ဘယ်လိုအခြေအနေ တွေမှာ ဖြစ်လဲဆိုရင် အပူချိန်ရုတ်တရက်ပြောင်းတာ၊ အစာလျော့ကျွေးတာ စတဲ့ ရုတ်တရက်ပြောင်းလဲ သွားတဲ့ အခြေအနေတွေမှာ ဖြစ်လေ့ရှိတာပါ။

    ၂။ ဆောင်းခိုခြင်း

    ဒီဖြစ်စဉ်ကတော့ ရေအပူချိန်ကျတဲ့အချိန်မှာ လုပ်လေ့ရှိတာပါ။ ကန်ထဲမှာရှိတဲ့ငါးဟာ ရေအပူချိန် ကျသွားရင် ခန္ဓာကိုယ်လှုပ်ရှားတာကို နှေးပြစ်လိုက်ပြီး ရေအောက်မှာ ခိုပုန်းဖို့ကြိုးစားတော့တာ ပါဘဲ။ တစ်ဆက်တည်းမှာ စွမ်းအင်ကိုခြွေတာပြီး ရှင်သန်မယ့်နည်းလမ်းရှာတော့တာပါဘဲဗျာ။

    ၃။ အပူရှောင်ခြင်း

    ဒါကတော့ ပူတဲ့ရာသီမှာ လုပ်လေ့ရှိပါတယ်။ ကန်ထဲမှာရှိတဲ့ငါးတွေဟာ အပူချိန်မြင့်လာပြီဆိုရင် ကန်ထဲ အေးမယ့်နေရာ၊ စိုစွတ်တဲ့နေရာကို ရှာလေ့ရှိပါတယ်။ ဒါမှ အပူကြောင့် ရေဓါတ်ဆုံးရှုံးတာ ဇီဝကမ္မ ဖြစ်စဉ် ကစဉ့်ကလျားဖြစ်တာတွေကို ကာကွယ်နိုင်မှာပါ။

    ၄။ ကျင်းဖွဲ့ခြင်း

    တစ်ချို့ငါးမျိုးစိတ်တွေဟာ အသက်ရှင်ရေးနည်းလမ်းတစ်ခုအနေနဲ့ ကျင်းဖွဲ့နေတက်ကြပါတယ်။ ရွံ့ဆန်၊ သဲဆန်တဲ့မြေတွေမှာ လုပ်လေ့ရှိပါတယ်။ အခြားသားရဲသတ္တဝါရန်မှာ ကာကွယ်ဖို့၊ ရေအပူချိန် အတက် အကျဒဏ်ကို ခံနိုင်ဖို့နဲ့ အစာလုံလုံလောက်လောက်မရတဲ့ဒဏ်ကို ကြံ့ကြံ့ခံဖို့ အတွက် ကျင်းဖွဲ့လေ့ရှိပါတယ်။

    ၅။ ခန္ဓကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေခြင်း

    ဆောင်းခိုတဲ့ဖြစ်စဉ်လိုပါဘဲ ငါးတွေဟာ ဆောင်းတွင်းမှာ သူတို့ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးအောင် လုပ်လိုက်ပါတယ်။ ဥပမာ ဆယ်မွန်ငါးတွေဟာ မြစ်ချောင်း၊ အင်းအိုင်တွေမှာ ကျင်လည်ကျက် စားပြီး ဆောင်းတွင်း အရမ်းအေးချိန်မှာ ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးအောင် လုပ်လေ့ရှိပါတယ်။

    အထက်ပါအချက်တွေကတော့ အရမ်းအေးတဲ့ ဆောင်းတွင်းလိုကာလတွေမှာ ငါးများလုပ်လေ့ရှိတဲ့ အလေ့ အထများကို သိထားခြင်းဖြင့် ငါးမွေးတောင်သူကြီးများ အဆင်ပြေကြပါစေလို့ ထွက်တိုးမှ ဆုတောင်းပေး လိုက်ပါတယ် ခင်ဗျာ။

    ဦးပြည့်ဖြိုးအောင်(ထွက်တိုး)

    Source:

    https://reelrapture.com/do-fish-hibernate/


  • article
likes
1
comments
0
views
2636