ပုသိမ်ဈေးကွက်ရှိ စပါးဈေးနှုန်းနဲ့ ဈေးကွက်သုံးသပ်ခန့်မှန်းချက်
၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း
သုံးသပ် ခန့်မှန်းချက်
ပုသိမ်ဈေးကွက်ရှိ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ပျှမ်းမျှစပါးဈေးနှုန်းများကို လေ့လာသော် ဧည့်မထ (မနောသုခ)ဈေးနှုန်းမှာ တင်း ၁၀၀လျှင် ၁,၈၈၆,၀၀ဝိ/-ကျပ်၊ ပေါ်ဆန်းမွှေး(နွေ)ဈေးနှုန်းမှာ တင်း ၁၀၀လျှင် ၂,၆၀၉,၀၀ဝိ/-ကျပ်၊ ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။
ယခင်လ (နိုဝင်ဘာလ)နှင့် ယခုလ(ဒီဇင်ဘာလ)နှိုင်းယှဉ်ခြင်း
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ပျှမ်းမျှဈေးနှုန်းအား ယခင် နိုဝင်ဘာလ ပျှမ်းမျှဈေးနှုန်းဖြင့် နှိုင်းယှဉ်သော် ပုသိမ်ဈေးကွက်တွင် ဧည့်မထ(မနောသုခ)၊ ပေါ်ဆန်းမွှေးဈေးနှုန်းများ ငြိမ်နေတာကို တွေ့ရပါတယ်။
၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း
၂၀၂၄ ခုနှစ် နှစ်စမှ လက်ရှိ ဒီဇင်ဘာလ (ပထမပတ်)အထိ ပျှမ်းမျှ စပါးဈေးနှုန်းများကို လေ့လာသော် ဧည့်မထ(မနောသုခ)ဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁,၃၄၉,၈၇၅ ကျပ်၊ မတ်၊ ဧပြီ၊ မေ၊ ဇွန်လ များတွင် ၁,၇၆၆,၀၀၀ိ/-ကျပ်၊ ဇူလိုင်လတွင် ၁,၇၉၄,၈၀၀ိ/-ကျပ်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလများတွင် ၁,၈၈၆,၀၀၀ ကျပ်ဖြင့် အသီးသီး ဈေးပေါက်နေပါတယ်။
ပေါ်ဆန်းမွှေးဈေးနှုန်းမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွင် ၁,၅၄၃,၂၅၀ ကျပ်၊ မတ်၊ ဧပြီ၊ မေ၊ ဇွန်လ များတွင် ၂,၀၃၄,၀၀၀ ကျပ်၊ ဇူလိုင်လတွင် ၂,၁၇၂,၀၀၀ ကျပ်၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလများတွင် ၂,၆၀၉,၀၀၀ ကျပ်ဖြင့် အသီးသီး ဈေးပေါက်နေပါတယ်။
သုံးသပ် ခန့်မှန်းချက်
သုံးသပ်ချက်အနေဖြင့် ဧည့်မထ(မနောသုခ)၊ ပေါ်ဆန်းဈေးနှုန်းများမှာ ယခင်လနဲ့ ဈေးတူနေပြီး ငြိမ်နေတာကိုတွေ့ရပါတယ်။ ဆန်သစ်များပေါ်ချိန် အဟောင်းလက်ကျန်နဲ့ ရောင်းအားပေါ်မူတည်၍ ဈေးထိန်း ရောင်းနေခြင်းဖြစ်ပါတယ်။ ယခုလအတွင်း ဈေးဆက်ငြိမ်နိုင်မယ်လို့ သုံးသပ် မိပါတယ်ခင်ဗျာ။ ကျေးဇူး တင်ပါတယ်ခင်ဗျာ။
ဦးပြည့်ဖြိုးအောင်(ထွက်တိုး)
-----------
မိုးလေဝသခန့်မှန်းချက်များ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe




ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း