cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြက်သွန်ပင် ဒေါင်းနှီးရွက်ခြောက်ရောဂါ

. ရောဂါ
ကြက်သွန်ပင်မှာ ကြက်သွန်အရွက်တွေ အရောင်ပြောင်းလာရင် ဒေါင်းနှီးရွက်ခြောက်ရောဂါရှိမရှိ စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။
  • ကြက်သွန် ဒေါင်းနီးရွက်ခြောက်ရောဂါကို ကမ္ဘာတစ်ဝန်းလုံးမှာ တွေ့နိုင်ပါတယ်။ ထိုရောဂါသည် ပင်ကြွင်း ပင်ကျန်နှင့် မျိုးစေ့ ထဲတွင် ခိုအောင်းနေတတ်ပါတယ်။ စိုက်ခင်းထဲတွင် စိုထိုင်းဆများပါက ရောဂါကူးစက် ပေါက်ပွားရန် လွယ်ကူပါတယ်။


    ရောဂါပင်ပြလက္ခဏာများ

    🧅ရေစိုနာအကွက်များ အရွက်ဟောင်းထိပ်တွင် တွေ့ရပြီး နောက်ပိုင်းတွင် အဝါရောင်အကွက်များ ပေါ်တွင်ခရမ်းရောင်မှို များဖုံးအုပ်ထားတာကိုတွေ့ရပါမယ်။

    🧅 အရွက်များ အရောင်လွင့်၍ အောက်ဖက်သို့ တွန့်လိမ်လာပါမယ်။ နောက်ပိုင်းမှာ အပင်သေခြင်းများဖြစ်ပေါ် နိုင်ပါတယ်။

    🧅ရာသီဥတုသည် စိုထိုင်းဆ မြင့်မားပါက ရောဂါ ပျံ့ပွား၍ ဆိုးဝါးသည့် အခြေအနေသို့ ရောက်ရှိပြီး အရွက်ကြွေခြင်းများလည်း ဖြစ်ပွားနိုင်ပါတယ်။

    ဒါကြောင့် ကြက်သွန်ပင်တွေမှာဒေါင်းနီးရွက်ခြောက်ရောဂါဖြစ်ပွားပါက စောစီးစွာ ကာကွယ်ကုသသင့်ပါတယ်။


    ကြက်သွန်ဒေါင်းနီးရွက်ခြောက်ရောဂါ ကာကွယ်နှိမ်နင်းခြင်းနည်းလမ်းများကတော့

    - စိုက်ခင်းကို လေဝင်လေထွက်နှင့် ရေသွင်း‌ရေလာကောင်းစေရန် လုပ်ဆောင်ပေးပါ။

    - ရောဂါကင်းသောအပင်ကို ရွေးချယ်စိုက်ပျိုးပြီး ပင်ကြွင်းပင်ကျန်များကို ရှင်းလင်းပါ။

    - မျိုးရင်းဝင်မတူသော ပြောင်းပင်၊ ကန်စွန်းဥ၊ နှံစားပြောင်းတို့နှင့် သီးလှည့်စိုက် ပေးပါ။

    - ရောဂါသည် ရေမှတဆင့်ပျံ့နှံ့နိုင်သောကြောင့် စိုက်ခင်းထဲတွင် ရေကို အချိန်အတော်ကြာ မသွင်းပါနှင့်။

    - ရောဂါများခိုအောင်းနေထိုင်နိုင်သော လက်ခံပေါင်းပင်များကို ရှင်းလင်းပေးပါ။

    - ရောဂါ သည် ပင်ကြွင်းပင်ကျန်များထဲတွင် ခိုအောင်းနေထိုင်ပြီး နောက်ရာသီတွင် ပြန်လည် ပေါက်ပွား သောကြောင့် ပင်ကြွင်းပင်ကျန်များကို ရှင်းလင်းရန်နှင့် အခြားသီးနှံများနှင့် သီးလှည့် စိုက်ပျိုးပေးရန် လိုအပ်ပါတယ်။

    - နိုက်ထရိုဂျင် ဓါတ်မြေသြဇာများကို အလွန်အကျွံ မသုံးစွဲသင့်ပါ။


    ဓါတုဆေးကို အသုံးပြု၍ ကာကွယ်နှိမ်နင်းခြင်း

    ရောဂါစတင်ဖြစ်ပွားပါက အောက်ပါဓါတုဆေးများကိုအသုံးပြု၍ ကာကွယ်နှိမ်နင်းနိုင်ပါတယ်။

    (၁) မန်ကိုဇက် (Mancozeb)

    (၂) မက်တယ်လဇီ (Metalaxy)

    (၃) ကလိုရိုသာလိုနေး (Chlorothalonil)

    (၄) ဒိုင်မီသိုမော့ (Dimethomorph)

    (၅) ဒိုင်ဖာကိုနာဇိုး (Difenoconazole) စတဲ့ဆေးအဆိပ်ပါတဲ့ မှိုသတ်ဆေးတစ်မျိုးမျိုးကို အညွှန်းအတိုင်း အသုံးပြုနိုင်ပါတယ်။

    -----------------------------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://htwettoe.com/download

    ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
  • article
  • article
likes
9
comments
0
views
2373