ပဲခူးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် စိုက်/မွေးအကြံပြုချက်
- ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်များအတွက်ကတော့ - ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့မှ ဒီဇင်ဘာလ (၁၆) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် - မိုးညိုမြို့နယ် - မိုးညိုမြို့နယ်မှာ ဒီဇင်ဘာလ (၁၀) ရက်နေ့မှ ဒီဇင်ဘာလ (၁၆) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၈၀ အထိ ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၁၅၊ ၁၆ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၈၀ ရှိနိုင်ပြီး ကျန်သောရက်များမှာ ၀-၅ ရာခိုင်နှုန်း မှာ ရှိနိုင်ပါသည်။ မိုးညိုမြို့နယ်၏ အမြင့်ဆုံးအပူချိန်မှာ ၃၅.၉°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၁၈.၄°C ရှိနိုင်ပါတယ်ခင်ဗျာ။ - လက်ပံတန်းမြို့နယ် - လက်ပံတန်းမြို့နယ်မှာ ဒီဇင်ဘာလ (၁၀) ရက်နေ့မှ ဒီဇင်ဘာလ (၁၆) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၈၀ အတွင်းရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၁၅၊ ၁၆ ရက်နေ့တွင် မိုးရွာရန် ၈၀ ရာခိုင်နှုန်းရှိပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၀-၆ ရာခိုင်နှုန်းတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၂၀°C အမြင့်ဆုံးအပူချိန် ၃၅.၆°C ထိရှိနိုင်ပါတယ်ခင်ဗျာ။ - သာယာဝတီမြို့နယ် - သာယာဝတီမြို့နယ်မှာ ဒီဇင်ဘာလ (၁၀) ရက်နေ့မှ ဒီဇင်ဘာလ (၁၆) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၈၀ အတွင်း ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၁၅၊ ၁၆ ရက်တွင် မိုးရွာရန် ၈၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ် ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၆ အတွင်းရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် ဒီဇင်ဘာလ ၃ ရက်နေ့တွင် အနိမ့်ဆုံး အပူချိန် ၂၁°C မှ အမြင့်ဆုံးအပူချိန် ၃၃.၇°C ထိရှိနိုင်ပါတယ်ခင်ဗျာ။ - ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်း၊မတ်ပဲစိုက်တောင်သူများထံသို့…. - စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် - စိုက်ချိန်နောက်ကျသော ပဲစိုက်ခင်းများယခုကြုံတွေ့နေရတဲ့ ရွက်ဖောက်ကျိုင်းသည် အပင်တွင် အဝိုင်းပုံစံကိုက်ဖြတ်စားထားတဲ့လက္ခဏာကိုအဓိက တွေ့မြင်ရပါတယ်။
- အုပ်စုဖွဲ့ကျရောက်တတ်ပြီး နေရောင်ခြည်ကောင်းစွာရတဲ့ နေ့ခင်းပိုင်းအချိန်တွင် အုပ်စုဖွဲ့ဖျက်ဆီးတတ်တဲ့သဘောရှိပါတယ်။
- စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကိုရှင်းလင်းပေးပါ။
- ကျရောက်မှုနည်းပါက တမာပိုးသတ်ဆေး (Neem oil) ကိုသုံးစွဲနိုင်ပါတယ်။
- ရွက်ဖောက်ကျိုင်းအတွက် ဓာတုဆေးသုံးစွဲမည်ဆိုပါက Cypermethrin ကိုရွေးချယ်နိုင်ပါတယ်။
- နောက်ရာသီအတွက် ကြိုတင်ကာကွယ်လိုပါက စိုက်ချိန်ကို ချိန်ညှိပေးပါ။
 - ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက် - အအေးဓာတ်ရှိလာတဲ့အတွက် ငါး/ပုဇွန်မွေးတောင်သူကြီးတွေကို အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ် ခင်ဗျာ-
- ဆောင်းကာလဖြစ်တဲ့အတွက် ငါးကန်ထဲမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားလာနိုင်အတွက် ကန်ရေကို စစ်ဆေးပေးရန်
- ကန်သန့်ရှင်းရေးကို အထူးဆောင်ရွက်စေလိုပြီး ရေဖြည့်မယ်ဆိုပါက ရေစစ်သုံး၍ ဆောင်ရွက်ရန်၊
- ဘက်တီးရီးယားကြောင့် ငါးအနီစက်တွေဖြစ်မဖြစ် စစ်ကြည့်သင့်ပြီး တစ်ဧကလျှင် ထုံး ၁၅ ပိဿာနဲ့ ဆား ၁၅ ပိဿာထည့်ပေးရန်၊
 - Weather Source: CIAT - ------------------ - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
