cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စိုက်ပျိုးပြီးစအချိန် ရေကြီးလို့ ပဲမြစ်အထွက်နှုန်းလျော့ကျပြီး စျေးကောင်းနေ

. ဈေးကွက်သတင်းများ
စိုက်ပျိုးပြီးစအချိန်မှာ ရေကြီးရေလျှံမှုဒဏ်ခံလိုက်ရလို့ ဒီနှစ်ပဲမြစ်ပေါ်ချိန်မှာ စျေးကွက်ထဲကုန်ဝင်ရောက်မှုလျော့ကျသွားတယ်လို့ မန္တလေးကုန်စည်စျေးကွက်မှ သိရပါတယ်။
  • စိုက်ပျိုးပြီးစအချိန်မှာ ရေကြီးရေလျှံမှုဒဏ်ခံလိုက်ရလို့ ဒီနှစ်ပဲမြစ်ပေါ်ချိန်မှာ စျေးကွက်ထဲကုန်ဝင်ရောက်မှုလျော့ကျသွားတယ်လို့ မန္တလေးကုန်စည်စျေးကွက်မှ သိရပါတယ်။

    “ဒီနှစ် ပဲမြစ်အဝင်က၊ မနှစ်ကထက် အများကြီးလျော့ကျသွားတယ်၊ စိုက်ခင်းတွေရေဝင်ပြီးပျက်တာလို့ ပြောတာပဲ၊ စျေးကွက်ထဲဝင်ချိန်ကတော့ ပုံမှန်ပါပဲ” လို့ မန္တလေးစျေးချိုကိုင်းတန်းစျေးအနီး ဖွင့်ထားတဲ့ပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ်။

    အရင်နှစ်တွေက တစ်ရက်ကို ကုန်ပိဿာချိန်ရာနဲ့ချီပြီးဝင်ရောက်ခဲ့ပေမယ့်လည်း ဒီနှစ်မှာတော့ အသိအသာကြီးကို ကုန်ဝင်လျော့ကျနေတယ်လို့လည်း သိရပါတယ်။

    “ရာခိုင်နှုန်းအားဖြင့် ၇၀ ရာခိုင်နှုန်းလောက်ကိုလျော့ကျသွားတယ်၊ ဒါ လတ်တလောအခြေအနေပေါ့ နော်၊ ကုန်အဝင်နည်းတော့ ထုံးစံအတိုင်းစျေးကောင်းတာပေါ့ဗျာ”လို့ ပွဲရုံပိုင်ရှင်နောက်ထပ်တစ်ဦးကလည်း ပြောပါတယ်။

    ပဲမြစ်ကို မိုးရာသီအစ ဇွန်၊ ဇူလိုင်မှာစတင်စိုက်ပျိုးကြတာဖြစ်ပြီး အဲဒီအချိန်ကာလတုန်းက အထက်အညာဒေသ မန္တလေးတိုင်းဒေသကြီး တံတားဦးအပါအဝင်မြို့နယ်လေးခုထက်မနည်းမှာ မုန်တိုင်းမိုးဒဏ်ခံခဲ့ရပါတယ်။

    အထူးသဖြင့် တံတားဦးမြို့နယ်ထဲက ပဲမြစ်အဓိကစိုက်ပျိုးရာကျေးရွာတွေဖြစ်တဲ့ မန်ကျည်း တော၊ စကားအင်း၊ သူငယ်တော်၊ ပန်းယျ စတဲ့ကျေးရွာတွေဟာ ရေကြီးရေလျှံမှုဒဏ်အကြီးအကျယ်ခံခဲ့ရပါတယ်။

    “အခု မန္တလေးစျေးကွက်ထဲဝင်တာတွေက ရွှေဘိုဘက်ကများတယ်၊ တံတားဦးဘက်ကဒီနှစ်ရေကြီးဒဏ်ခံလိုက်ရတော့ အထွက်နည်းလို့ အဝင်လည်းနည်းတယ်၊ ဒီနှစ်လက်ကားစျေးတင် မနှစ်ကလက်လီစျေး ထက်ပိုနေတယ်” လို့ မန္တလေးကမ်းနားလမ်းကုန်စိမ်းစျေးမှ စျေးသည်တစ်ဦးကပြောပါတယ်။

    မန္တလေးစျေးကွက်ထဲမှာ ဒီနှစ်ပဲမြစ်တစ်ပိဿာကို လက်ကားစျေး ၅၀၀၀ ကျပ်အထိစျေးဖွင့်ရောင်းချနေပြီး၊ မနှစ်ကတော့ လက်ကားစျေးတစ်ပိဿာကို ၃၅၀၀ ကျပ်သာရှိခဲ့တယ်လို့သိရပါတယ်။

    ပဲမြစ်ဟာ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ စိုက်ပျိုးထွက်ရှိတယ်ဆိုပေမယ့်လည်း အညာဒေသမှာ အများဆုံးစိုက်ပျိုးထွက်ရှိတာပါ။

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ထဲက မန်ကျည်းတော၊ စကားအင်း၊ သူငယ်တော်၊ ပန်းယျ စတဲ့ ကျေးရွာတွေမှာအများဆုံးစိုက်ပျိုးကြတာဖြစ်ပြီး တံတားဦးမြို့နယ် မန်ကျည်းတောကျေးရွာက ထွက်တဲ့ပဲမြစ်ကတော့ စားလို့ကောင်းလို့နာမည်ကျော်ကြားပါတယ်။

    ပဲမြစ်ကို မန္တလေးစျေးကွက်ကတစ်ဆင့် မြင်းခြံ၊ မုံရွာ၊ မြစ်ကြီးနား၊ နေပြည်တော်၊ ရန်ကုန်၊ တောင်ကြီး အစရှိတဲ့မြို့တွေဆီကို နှစ်စဉ်ပိဿာချိန်ငါးသိန်းကျော်အထိ တင်ပို့အရောင်းအဝယ်ပြုလုပ်ကြပြီး၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန်စတဲ့နိုင်ငံတွေကို တင်ပို့ရတဲ့နှစ်တွေရှိခဲ့သလို တချို့နှစ်တွေမှာ ဥရောပနိုင်ငံတွေဆီအထိ တင်ပို့ရတယ်လို့ သိရပါတယ်။

    လင်းလင်း

    Opinion Leaders Media မှ ကူးယူဖော်ပြပါသည်။

    ------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
2
comments
0
views
1250