တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ရန်ကုန်တိုင်းဒေသကြီး)
ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ သန်လျင်၊ ကျောက်တန်းမြို့နယ်များတွင် ၂၀၊ ၂၁၊ ၂၂ ရက်တွေမှာ တိမ်ထူခြင်း၊ မိုးအုံ့ခြင်းနဲ့ နေ့ရာကွက်ကြား မိုးအနည်းငယ်ရွာခြင်းတို့ဖြစ်နိုင်ပြီး အအေးဓာတ်ပိုလာနိုင်ပါတယ် ခင်ဗျာ။
ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၁.၆ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်န်မှာ ၂၁.၉ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။
တွံတေးမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်တွင် ၂၀၊ ၂၁၊ ၂၂ ရက်တွေမှာ တိမ်ထူခြင်း၊ မိုးအုံ့ခြင်းနဲ့ နေ့ရာကွက်ကြား မိုးအနည်းငယ်ရွာခြင်းတို့ဖြစ်နိုင်ပြီး အအေးဓာတ်ပိုလာနိုင်ပါတယ် ခင်ဗျာ။
ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၁.၆ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂ ၂၂ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။
သန်လျင်မြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်မြို့နယ်တွင် ၂၀၊ ၂၁၊ ၂၂ ရက်တွေမှာ တိမ်ထူခြင်း၊ မိုးအုံ့ခြင်းနဲ့ နေ့ရာကွက်ကြား မိုးအနည်းငယ်ရွာခြင်းတို့ဖြစ်နိုင်ပြီး အအေးဓာတ်ပိုလာနိုင်ပါတယ် ခင်ဗျာ။
ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၃၂.၁ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂ ၂၁.၉ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။
ကျောက်တန်းမြို့နယ်
၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တန်းမြို့နယ်တွင် ၂၀၊ ၂၁၊ ၂၂ ရက်တွေမှာ တိမ်ထူခြင်း၊ မိုးအုံ့ခြင်းနဲ့ နေ့ရာကွက် ကြား မိုးအနည်းငယ်ရွာခြင်းတို့ဖြစ်နိုင်ပြီး အအေးဓါတ်ပိုလာနိုင်ပါတယ် ခင်ဗျာ။
ပျမ်းမျှ အမြင့်ဆုံး အပူချိန် ၃၃၁.၅ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျမ်းမျှ အပူချိန်မှာ ၂ ၂၂.၈ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။
စိုက်ပျိုးရေး အကြံပြုချက်
-ယခုတစ်ပတ်မှာတော့ မိုးလေးအုံ့ပြီး အအေးဓာတ်ပိုလာနိုင်တာမို့ မတ်ပဲ၊ ပဲတီစိမ်းတောင်သူတွေအနေနဲ့ အောက်ပါအချက်တွေကို ဆောင်ရွက်ဖို့ အကြံပြုလိုက်ရပါတယ်ခင်ဗျာ-
-မတ်ပဲ၊ ပဲတီစိမ်း အဖူးအပွင့်ဝင်ချိန်တွင် ပိုတက်စီယမ်(K) အဓိကပါဝင်သော ရွက်ဖျန်းအားဆေးကို အဓိကဖျန်းပေးပါ။
-ရှေ့ရက်တွင် မိုးအနည်းငယ်ရွာသွားပြီး နောက်ရက်နေပြန်ပွင့်လာပါက စိုက်ခင်းအစိုဓာတ်နှင့် ယင်ဖြူကြိုက်နှစ်သက်သောအခြေအနေဖြစ်သောကြောင့် ယင်ဖြူကိုသေချာကွင်းဆင်းစစ်ဆေးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
-ယင်ဖြူခိုအောင်းရာပေါင်းမြက်များကိုလည်း သေချာရှင်းလင်းပေးပါ။
-နိုက်ထရိုဂျင် (N) ရွက်ဖျန်းအလွန်အကျွံဖျန်းခြင်းကို ရှောင်ပါ။
-ယင်ဖြူအတွက် အသုံးပြုနိုင်သောဓာတုဆေးများ- ပထမတစ်ကြိမ်ကို Spirotetramat + Pyriproxyfen၊ ဒုတိယအနေနဲ့ Fipronil+ Bifenthrin ၊ တတိယအကြိမ်မှာ Thiamethoxam + Chlorfenapyr အသုံးပြုနိုင်ပါတယ်။
-ဖားဥမှိုရောဂါအတွက်ကတော့ Sulphur ကိုတစ်ကြိမ်ကြိုတင်အသုံးပြုနိုင်ပါတယ်။
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
ယခုတစ်ပတ်အတွင်း ရာသီဥတုအေးလာတဲ့အတွက် ကန်ရေအတွင်း အောက်ဆီဂျင်ပြတ်တာတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့ ငါး/ပုဇွန်မွေးတောင်သူကြီးတွေအနေနဲ့ အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ် ခင်ဗျာ-
-ရေဒလတ်ကို နံနက် ၂:ဝဝ နာရီမှ နံနက် ၄:ဝဝ အတွင်း လည်ပတ်ပေးရန်၊
-ည ၁၂:၀၀နာရီ နောက်ပိုင်း အောက်ဆီဂျင်ရရှိရေး ဆောင်ရွက်ပေးရန်၊
-ရေဒလတ် တပ်ဆင်ထားခြင်းမရှိပါက အပေါ်ရေ၊ အောက်ရေလှယ်ခြင်းကို ဆောင်ရွက်ပေးရန်၊
-ရေဩဇာလွန်ကဲနေပါက လျော့ချပေးရန်၊
-နံနက်ပိုင်းတွင် ကန်ရေပေါ် ကူးခတ်သွားလာနေခြင်း ရှိ/မရှိ စစ်ဆေးပေးရန်၊
-ကန်အတွင်း ပြွတ်သိပ်မနေစေရန် ဈေးကွက်တန်းဝင်အရွယ်ရောက် ငါးများကို ဖမ်းယူရောင်းချနိုင်ရန်၊
Weather Source: CIAT
------------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။