မြင့်တက်နေသည့် အာလူးစျေး ပြန်ကျ 💹💹🥔🥔
- မြင့်တက်နေသည့် အာလူးစျေးများ ပြန်လည် ကျဆင်းလာကြောင်း ကုန်သည်များ ထံမှ သိရသည်။ - ယခင်က ရှမ်းပြည်နယ်တွင် ရေကြီးနစ်မြုပ်မှုများကြောင့် အာလူးစိုက်ခင်းတွေ ပျက်စီးမှုရှိခဲ့ပြီး ဒေသတွင်း မငြိမ်သတ်မှုများကြောင့် နယ်စပ်ဂိတ်များ၏ ကုန်သွယ်နိုင်မှု လျော့ကျခဲ့သည့် အတွက် တရုတ်အာလူးများလည်း အဝင်နည်းကာ စျေးတက်ခဲ့ခြင်း ဖြစ်သည်။ - လက်ရှိမှာတော့ အမြင့်ဈေးဖြင့် အဝယ်နည်းပြီး သိုလှောင်ထားသည့် ကုန်စိမ်းများ အထားမခံသည့် အတွက် ကုန်စိမ်းစျေးနှုန်းများလည်း အနည်းငယ်ပြန်ကျလာခြင်း ဖြစ်ကြောင်း ကုန်သည်များ က သုံးသပ်ထားသည်။ - “အခုက အချို့ကုန်စိမ်းတွေ စျေးပြန်ကျတယ်။ အရင်က စိုက်ခင်းတွေ ပျက်စီးတယ်၊ လမ်းပန်း ဆက်သွယ်ရေးတွေ ခက်ခဲပြီး စျေးကွက်ကို အဝင်နည်းတဲ့အတွက် စျေးတက်တာ။ အခုက စိုက်ခင်းတွေ ပြန်စိုက်လို့ ပုံမှန်အနေအထား ဖြစ်လာတာရယ်။ မိုးအာလူးကို ဩဂုတ်လ မှ စက်တင်ဘာလ အထိ တူးဖော်ထားကြတော့ လက်ကျန်တွေရှိသေးတယ်။ အထားမခံတဲ့ ကုန်စိမ်းတွေ စျေးကျလာတဲ့ သဘောပါ” ဟု ရှမ်းပြည်နယ် အောင်ပန်းမြို့မှ ကုန်သည်တစ်ဦး ကပြောသည်။ - လက်ရှိ ရှမ်းပြည်နယ် အောင်ပန်းတွင် အာလူး မားကစ် s-1/s-2 တစ်ပိဿာ၇၀၀၀ ကျပ် ၊ s-1/s-2 မျက်နီ တစ်ပိဿာ ၆၅၀၀ကျပ် ၊ ok မျက်နီ တစ်ပိဿာ ၅၀၀၀ကျပ် နှင့် A1မျက်နီ ကတစ်ပိဿာ ၄၀၀၀ကျပ် အထိ ပေါက်စျေး ရှိကြောင်း သိရသည်။ - ဘုရင့်နောင် ကုန်စည်ဒိုင်တွင် အောင်ပန်း A1တစ်ပိဿာ ၄၀၀၀ ကျပ်၊ အောင်ပန်း ok တစ်ပိဿာ ၅၀၀၀ ကျပ်၊ အောင်ပန်း S1က တစ်ပိဿာ ၆၀၀၀ ကျပ် နှင့် S2 က ၇၀၀၀ ကျပ် ပေါက်စျေး ရှိကာ တရုတ်အာလူး တစ်ပိဿာ ၆၅၀၀ ကျပ် ပေါက်စျေး ရှိကြောင်း သိရသည်။ - အာလူး အမျိုးအစားအလိုက် တစ်ပိဿာ 2000 ဝန်းကျင် ခန့် ကျဆင်းသွားကြောင်း ရှမ်းပြည်နယ် အောင်ပန်း ကုန်စိမ်းသည်များထံမှ သိရပါသည်။ - အာလူးမှာ လက်ကားစျေး ကျဆင်းလာသော်လည်း လက်လီစျေးမှာ အမြင့်စျေးတွင်ရှိနေသေးကြောင်း ရန်ကုန်မြို့နေသူ အိမ်ရှင်မများထံမှ သိရသည်။ - “အခု အာလူးစျေးက ကောင်းနေတယ်။ မဝယ်စားနိုင်ဘူး။ တစ်သောင်းစျေး ဝယ်ရတယ်။ သေးရင် ၈၀၀၀ ကျပ်ပေးရတယ်။ ကုန်စိမ်းတွေက အကုန်တက်နေတယ်။ အသားစျေးနား ကပ်နေပြီ “ ဟု သင်္ဃန်းကျွန်း မြို့နယ်မှ အိမ်ရှင်မ မမိုးသူကပြောသည်။ - လက်ရှိ အာလူးစိုက်တောင်သူများ အနေဖြင့် မျိုးအာလူး ရရှိရန် အခက်အခဲ ရှိနေသည်ဟု သိရသည်။ - နောင်တရားဒေသပတ်ဝန်းကျင်၌ စိုက်ပျိုးသည့် အာလူးမျိုးများကို နယ်သာလန်၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့လ်နိုင်ငံများမှ ဝယ်ယူစိုက်ပျိုးကြရပြီး မျိုးအာမခံချက်နှင့် လမ်းခရီးအခက်အခဲများကိုလည်း ကြုံတွေ့နေရသည့်အတွက် အဆင်မပြေမှုများရှိကြောင်းလည်း သိရသည်။ - ပြည်တွင်း၌ အာလူးကို ၅ လပိုင်း မှ ၆ လပိုင်း တစ်ကြိမ်၊ ၈လပိုင်း မှ ၉လပိုင်း တစ်ကြိမ်၊ ၁၂ လပိုင်း မှ ၁လပိုင်း တစ်ကြိမ် သုံးကြိမ်စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။ - ဖိုးချဲ(AMIA) - ---------- - သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။ - ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
