ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်း၊ မတ်ပဲစိုက်တောင်သူများထံသို့….
ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်များအတွက်ကတော့
၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့မှ ဒီဇင်ဘာလ (၂၄) ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်
မိုးညိုမြို့နယ်
မိုးညိုမြို့နယ်မှာ ဒီဇင်ဘာလ (၁၈) ရက်နေ့မှ ဒီဇင်ဘာလ (၂၄) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၁၀ အထိ ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၁၀ ရှိနိုင်ပြီး ကျန်သောရက်များမှာ ၀-၃ ရာခိုင်နှုန်း မှာ ရှိနိုင်ပါသည်။ မိုးညိုမြို့နယ်၏ အမြင့်ဆုံးအပူချိန်မှာ ၃၄°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၁၉°C ရှိနိုင်ပါတယ်ခင်ဗျာ။
လက်ပံတန်းမြို့နယ်
လက်ပံတန်းမြို့နယ်မှာ ဒီဇင်ဘာလ (၁၈) ရက်နေ့မှ ဒီဇင်ဘာလ (၂၄) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၇ အတွင်းရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မိုးရွာရန် ၇ ရာခိုင်နှုန်းရှိပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၀-၃ ရာခိုင်နှုန်းတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၁၉°C အမြင့်ဆုံးအပူချိန် ၃၄°C ထိရှိနိုင်ပါတယ်ခင်ဗျာ။
သာယာဝတီမြို့နယ်
သာယာဝတီမြို့နယ်မှာ ဒီဇင်ဘာလ (၁၈) ရက်နေ့မှ ဒီဇင်ဘာလ (၂၄) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၇ အတွင်း ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်တွင် မိုးရွာရန် ၇ ရာခိုင်နှုန်း ရှိနိုင်ပါတယ် ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၃ အတွင်းရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အနိမ့်ဆုံး အပူချိန် ၂၀°C မှ အမြင့်ဆုံးအပူချိန် ၂၈°C ထိရှိနိုင်ပါတယ်ခင်ဗျာ။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်း၊မတ်ပဲစိုက်တောင်သူများထံသို့….
စိုက်ပျိုးရေးနှင့်ရာသီဥတုဆိုင်ရာအကြံပြုချက်
မတ်ပဲ (၃၀-၃၅ ရက်သား)ခန့်မှာ ကိုင်းဖျားပန်းဖူးလေးများစတင်ပေါ်ချိန်တွင် ရွက်ဖျန်းအားဆေးအနေဖြင့် ပိုတက်စီယမ် (K) အချိုးများပြီး အနည်းလိုအာဟာရဓာတ်များ ပါဝင်သော ရွက်ဖျန်းအားဆေးကို စတင်အသုံးပြုနိုင်ပါတယ်။
ပန်းအဖူးပေါ်ပြီး တစ်ပတ်အကြာတွင် ပန်းစပွင့်ပါတယ်။
(၄၅-၆၀)ရက်သားအတွင်းမှာ ပန်းဖြိုင်ဖြိုင်ပွင့်ပြီး (၆၀-၇၀ ရက်သား) အတွင်းမှာသီးတောင့်အတွင်း ပဲစေ့လေးတွေစဖြစ်ပါတယ်။
လက်ရှိရာသီဥတုအခြေအနေနှင့် ပန်းပွင့်ချိန်တွင် သရစ်ပိုးကျရောက်တတ်သောကြောင့် ပန်းပွင့်များ၊ အဖူးများတွင် သရစ်ပိုးရှိ၊မရှိ သေချာကွင်းဆင်းစစ်ဆေးပေးပါ။
သရစ်(လှေး)ပိုးကျရောက်မှုကိုတွေ့ပါက နိုက်ထရိုဂျင်(N) ရွက်ဖျန်းအားဆေး အလွန်အကျွံဖျန်းခြင်းကို ဆင်ခြင်ပါ။
သရစ်ပိုးအတွက် ဓာတုပိုးသတ်ဆေးကို ပထမအကြိမ်တွင် Acetaniprid+ Cyrantraniliprole (မနက်ခင်းပိုင်းတွင်ဖျန်းရန်)၊ ဒုတိယအကြိမ်တွင် Spinosad (သို့မဟုတ်) Triazophos (မနက်/ညနေ ဖျန်းနိုင်) ၊ တတိယအကြိမ်လိုအပ်ပါက Dinotefuran (သို့မဟုတ်) Flupuradifurone (ညနေပိုင်းအစောပိုင်း ၃ နာရီခန့်)တွင် ဖျန်းပေးနိုင်ပါတယ်။ Dr.DaDa
ငါး/ပုစွန် ကန်များအတွက် အကြံပြုချက်
ယခုတစ်ပတ်အတွင်း ရာသီဥတုအေးလာတဲ့အတွက် ကန်ရေအတွင်း အောက်ဆီဂျင်ပြတ်တာတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့ ငါး/ပုစွန်မွေးတောင်သူကြီးတွေအနေနဲ့ အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ် ခင်ဗျာ-
-ရေဒလတ်ကို နံနက် ၂:ဝဝ နာရီမှ နံနက် ၄:ဝဝ အတွင်း လည်ပတ်ပေးရန်၊
-ည ၁၂:၀၀နာရီ နောက်ပိုင်း အောက်ဆီဂျင်ရရှိရေး ဆောင်ရွက်ပေးရန်၊
-ရေဒလတ် တပ်ဆင်ထားခြင်းမရှိပါက အပေါ်ရေ၊ အောက်ရေလှယ်ခြင်းကို ဆောင်ရွက်ပေးရန်၊
-ရေဩဇာလွန်ကဲနေပါက လျော့ချပေးရန်၊
-နံနက်ပိုင်းတွင် ကန်ရေပေါ် ကူးခတ်သွားလာနေခြင်း ရှိ/မရှိ စစ်ဆေးပေးရန်၊
-ကန်အတွင်း ပြွတ်သိပ်မနေစေရန် ဈေးကွက်တန်းဝင်အရွယ်ရောက် ငါးများကို ဖမ်းယူရောင်းချနိုင်ရန်၊
Weather Source: CIAT
------------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။