cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

🥭သရက်သီးကင်း​ကြွေမှု ​လျော့နည်း​စေ​ရေး ဆောင်ရွက်သင့်သည့်အချက်များ🥭

. အပင်၏ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲမှု
အသီးတင်မှုသည် ၀.၁ မှ ၃ % သာ ရှိတာမို့ ပန်းပွင့်တွေအများကြီးမြင်နေရပါလျက်နဲ့ နီးလျက်နဲ့ဝေး၊ မြင်သာမြင် မကြင်ရဖြစ်နေကြရပါတယ်။
  • 🥭ရာသီချိန်ထက် သရက်သီးနောက်ကျပေါ်အောင် ဆောင်ရွက်ဖို့ ပွင့်နေတဲ့ အပွင့်တွေကိုခြွေပစ်ရမယ်၊ ရာသီချိန်မှာ အသီးမသီးအောင်လုပ်ရမယ်လို့ ကျွန်တော်ကရေးတော့ ကျုပ်တို့ကတော့ အသီးမခြွေ၊ အသီးမကြွေဘဲ၊ အသီးတင်ချင်တာပါ ဆရာရေလို့ ကျွန်တော့်ကို စနောက်ကြပါတယ်။

    သရက်ကလည်း သရက်ပါပဲခင်ဗျာ။

    သရက်တစ်ပင်မှာ ပန်းခိုင်အရေအတွက် ထောင်ချီထွက်လာပြီး၊ ပန်းခိုင်တစ်ခုမှာ ပန်းပွင့်လေးတွေ ၅၀၀-၁၀၀၀၀ ခန့်ရှိပါတယ်။ သရက်ပန်းခိုင်မှာ အဖိုပွင့်နဲ့ လိင်စုံပွင့် ဆိုပြီး ပန်းပွင့် (၂)မျိုးပါဝင်ပါတယ်။ အဖိုပွင့်ထက်၊ လိင်စုံပွင့်တွေပိုများမှ အသီးထွက်များမှာကိုတော့ အားလုံးသိပြီးသားပါ။ ခက်တာက ပန်းခိုင်တစ်ခိုင်မှာ ပန်းပွင့် (၅၀၀-၁၀၀၀၀)ရှိသော်လည်း လိင်စုံပွင့်က ၂-၃% သာ ပါရှိပါတယ်။ အဲ့သည်ကမှ အသီးတင်မှုသည် ၀.၁ မှ ၃ % သာ ရှိတာမို့ ပန်းပွင့်တွေအများကြီးမြင်နေရပါလျက်နဲ့ နီးလျက်နဲ့ဝေး၊ မြင်သာမြင် မကြင်ရဖြစ်နေကြရပါတယ်။ အသီးတင်မှုရာခိုင်နှုန်းကလည်း ယေဘူယျအနေဖြင့် အသီးကင်းဖြစ်လာပြီးနောက် ၈၀ ရာခိုင်နှုန်းခန့် ကြွေကျသွားလေ့ရှိပါတယ်လို့ ဆရာဒေါက်တာစိန်လှဗိုလ်က သင်ပြဖူးပါတယ်။

    တစ်ပင်မှ အသီးလေး ၅၀ ကနေ ၃၀၀ လောက် သီးမှာများ ဘာလို့ပန်းပွင့်တွေ အများကြီး သိန်းချီပွင့်ပြရတာလဲဆိုရင်တော့ သရက်ပန်းပွင့်တွေဟာ သေးငယ်ပြီး အရောင်အဆင်းထင်ပေါ်လှပခြင်းမရှိတာမို့ ဝတ်မှုန်ကူးပေးမယ့် သတ္တဝါတွေကို ဖိတ်ခေါ်ချင်လို့၊ ဝတ်မှုန်ကူးအောင်ရန်အခွင့်အလမ်းများချင်လို့ စတဲ့ ရည်ရွယ်ချက်တွေကြောင့် ဖောဖောသီသီပွင့်ထားတာလို့ ဆိုပါတယ်။

    ဒါပေမယ့် သရက်ပင်ဟာ လူလည်ပါ။

    ဝတ်မှုန်အောင်ပြီး၊ သီးကင်းပြပြီးရင်တောင် သူ့မှာလုံလောက်တဲ့ အာဟာရဓာတ်နဲ့ ရေမရှိရင် သူတတ်နိုင် သလောက်ပဲ အသီးသီးဖို့အတွက် သဘာဝအလျှောက်ကို ပန်းပွင့်တွေ၊ အသီးကင်းတွေကို ခြွေချပစ်ပါတယ်။

    ပထမအကြိမ်အနေနဲ့ ဝတ်မှုန်ကူးပြီးနောက် (၃-၄)ပတ်အတွင်း အသီးအများဆုံးကြွေပါတယ်။

    ဒုတိယအကြိမ်အနေနဲ့ အသီးတင်ပြီး (၂)လသားခန့်

    တတိယအကြိမ်အနေနဲ့ အသီးမခူးဆွတ်မီအချိန်တို့ ဖြစ်ကြပါတယ်။

    မြေဆီလွှာအာဟာရလုံလောက်မှု ရှိ/မရှိ၊ မြေဩဇာအချိုးအစား၊ ရေရရှိမှုတို့နဲ့ အဓိကသက်ဆိုင်သလို အခြားအကြောင်းရင်းတွေကြောင်းလည်း ဖြစ်နိုင်ပါတယ်။

    အသီးမတင်ရခြင်း အကြောင်းရင်းများကိုလေ့လာကြည့်တဲ့အခါ.....

    (၁) ရာသီဥတုအခြေအနေ

    အေးမြတဲ့ရာသီဥတုနဲ့အတူ မြေဆီလွှာအတွင်းအစိုဓာတ်နည်းပါးမှုဟာ သရက်ပင်ပန်းပွင့်ဖို့ အားပေးပါတယ်။ ဒီလိုအခြေအနေကို သရက်မျိုးအတော်များများဟာ အနည်းဆုံး (၄၅)ရက်ခန့် လိုအပ်ပါတယ်။ သရက်ပန်းပွင့်ဖို့ 10 ၁၅-၁၈ °C လောက် အေးမြဖို့လိုအပ်ပါတယ်။ Nunez-Elisea နှင့် Davenport ရဲ့ ၁၉၉၅ ခုနှစ်မှာဆောင်ရွက်ခဲ့တဲ့ သုတေသနမှာဆိုရင် သရက်ပင်တွေကို နေ့ဖက်မှာ 18 °C, ညဖက်မှာ 10 °C စသည်ဖြင့် အပူချိန်အသီးသီးပေးခဲ့တဲ့အခါ၊ (၃၀)ရက်ကြာပြီးနောက် ပန်းဖူးတွေထွက်လာတာကို တွေ့ရပါတယ်။ ဒါကြောင့် ပန်းပွင့်ဖို့ အေးမြတဲ့အချိန်တွေလိုအပ်ပါတယ်။ အခြားအချက်တွေကလည်း အများကြီးလိုအပ်တာပေါ့လေ။

    ပန်းခိုင်ထွက်လာပြီးရင်ရော။

    လိင်စုံပွင့်အချိုးအစားများဖို့က မျိုးအလိုက်ကွာခြားသလို၊ ပတ်ဝန်းကျင်အခြေအနေများအနက် ပြင်ပအပူချိန်ကလည်း အဓိကလွှမ်းမိုးပါတယ်။ ပန်းဖူးစထွက်အချိန်အထိ ထိုပန်းခိုင်မှာ လိင်စုံပွင့်ဘယ်လောက်ပါမလဲဆိုတာကို အပင်က မသတ်မှတ်ရသေးပါဘူး။ ယေဘူယျအားဖြင့် ထိုအချိန်မှာအပူချိန် ၁၅°C အောက်ရောက်သွားမယ်ဆို အဖိုပွင့်အချိုးများပြီး၊ အပူချိန်မြင့်မယ်ဆို လိင်စုံပွင့်အချိုးပိုများပါတယ်။

    ဒါဆို ကျွန်တော်တို့တတွေ ပန်းဖူးထွက်ဖို့နှိုးဆော်ရန် အေးမြတဲ့အချိန် (ဥပမာ နိုဝင်ဘာ၊ ဒီဇင်ဘာ)မှာ ဆောင်ရွက်သင့်ပြီး၊ အတန်ငယ်ပူနွေးလာမယ့် ဇန်နဝါရီလနောက်ပိုင်းနဲ့ ဖေဖေါ်ဝါရီမှာ ပန်းခိုင်ထွက်နိုင်အောင် စီမံနိုင်ရင်၊ လိင်စုံပွင့်အချိုးအစား တက်လာနိုင်ပါတယ်။ လိင်စုံပွင့်အချိုးအစားများမှ အသီးသီးတာများမှာ ဖြစ်ပါတယ်။

    ပန်းခိုင်ထွက်ချိန်မှာ အလွန်အမင်းအေးခြင်း၊ အပူချိန်မြင့်ခြင်း၊ စိုထိုင်းဆနည်းခြင်းကြောင့် ပန်းပွင့်များခြောက်၍ ကြွေကျနိုင်ပါတယ်။ ထို့အတူ ရေသွင်းများခြင်း၊ ရေငတ်ခြင်းများကြောင့် အပင်အားနည်း၍ ပန်းပွင့်များ ကြွေစေနိုင်ပါတယ်။

    မိုးသည်းထန်စွာရွာခြင်း၊ လေပြင်းတိုက်ခြင်းနှင့် မြူနှင်းများကျခြင်းတို့ကြောင့်လည်း သီးကင်းကြွေနိုင်ပါတယ်။

    (၂)ဝတ်မှုန်ကူးခြင်းကို ထိခိုက်ခြင်း

    သရက်ပန်းပွင့်များဝတ်မှုန်ကူးခြင်းအောင်မြင်ရန် အင်းဆက်ပိုးကောင်များရဲ့ အကူအညီလိုတာမို့၊ ပိုးသတ်ဆေး အသုံးများခြင်း၊ အပူချိန်မြင့်ခြင်း၊ မိုးရွာခြင်းတို့ကြောင့် အင်းဆက်များနည်းပါးရင် ဝတ်မှုကူးခြင်းနည်းပါး၍ အသီးတင်နိုင်မည် မဟုတ်ပါဘူး။

    (၃) ရောဂါကျရောက်ခြင်း

    ပန်းပွင့်များမှာ ရောင်မညီကွက်ကြား အနက်ရောင်အကွက်ငယ်များတွေ့ရင်တော့ မှည့်ပြောက်စွန်းရောဂါဖြစ်နိုင်ပြီး ပန်းခိုင်ခြောက်သွားနိုင်ပါတယ်။

    ထို့အတူ ဖားဥမှိုရောဂါကျရောက်ပါကလည်း ပန်းခိုင်ကို အစာနဲ့ရေ မပံ့ပိုးပေးနိုင်တော့သလို၊ ဆက်လက်မကြီးထွားနိုင်တော့တာမို့ အသီးမတင်နိုင်တော့ပါဘူး။

    (၄) သရက်ပင်၌ ဟော်မုန်းအချိုးအစားမမျှတခြင်း

    ကြီးထွားစေတဲ့ဟော်မုန်းများဖြစ်တဲ့ Auxin များ GA3 များ အချိုးအစားမမျှတပါက ပန်းပွင့်ခြင်း၊ ဝတ်မှုန်အောင်ခြင်းနှင့် အသီးတင်ခြင်းကို အနှောင့်အယှက်ပေးပါတယ်။

    GA3 နှင့် နိုက်ထရိုဂျင် အလွန်အမင်းများခြင်းကြောင့် ပန်းပွင့်ခြင်းကို အနှောင့်အယှက်ပေးပါတယ်။

    (၅) မြေဩဇာကျွေးခြင်းနဲ့ရော မသက်ဆိုင်နိုင်ဘူးလား?

    သက်ဆိုင်ပါတယ်။

    ပန်းပွင့်ချိန်မှာ သရွက်အရွက်ထဲမှာရှိတဲ့ နိုက်ထရိုဂျင်ပါဝင်မှုများလေလေ လိင်စုံပန်းပွင်ပါဝင်မှုအချိုးအစား များလေလေမို့ မြေဆီလွှာအတွင်း အာဟာရလုံလောက်မှုရှိဖို့ အရေးကြီးပါတယ် (Winston, 1992; Voon et al., 1991; Tongumpai et al., 1991)။ နိုက်ထရိုဂျင်ကိုတော့ ကြိုထည့်ထားရပါမယ်။ ပန်းပွင့်ပြီးနောက်ပိုင်း အီသလင်းဖျန်းပေးပါကလည်း လိင်စုံပန်းပွင့်များလာကြောင်း တွေ့ရှိရပါတယ်။

    ပန်းပွင့်နေပြီဆိုတော့ ဘာဆက်လုပ်ကြမလဲ။ အသီးတင်ဖို့လိုပါတယ်။

    🥭ရေသွင်းပါ။ ပန်းပွင့်ပြီး (၃)ပတ်မှစ၍ အသီးမခူးခင် တစ်လလောက်အလိုထိ ရေသွင်းပါ။

    🥭သရက်တစ်ပင်ဟာ အပင်သက်တမ်းနဲ့ ရာသီဥတုကိုလိုက်၍ တစ်ပတ်မှာ ရေ(၂၅-၁၅၀)ဂါလံခန့်လိုအပ်ပါတယ်။

    🥭တခါထဲရေအများကြီးသွင်းတာထက်၊ တစ်ရက်ခြားစီ နည်းနည်းချင်းရေသွင်းတာက ပိုကောင်းပါတယ်။

    🥭သရင်ပင်ခြေမှာ မြက်ခြောက်၊ သစ်ရွက်ခြောက်များအုပ်၍ အစိုဓာတ်ထိန်းပေးပါ။

    🥭မြေသြဇာကျွေးဖို့ လိုအပ်သလား။

    🥭ပုံမှန်အားဖြင့် သရက်သီးခူးပြီးနောက်ပိုင်း မိုးဦးမှာတစ်ကြိမ်၊ ပန်းမပွင့်မီ မိုးနှောင်းမှာတစ်ကြိမ်ပဲ ကျွေးလေ့ရှိကြပါတယ်။ အထူးသဖြင့် ပန်းမပွင့်မီ (၄-၆)ပတ်အလိုမှာ မဖြစ်မနေကျွေးရမှာဖြစ်ပြီး၊ ၁း၃း၁ အချိုးဖြင့်လည်းကောင်း ၁း၃း၃ အချိုးဖြင့်လည်းကောင်း တစ်ပင်လျှင် ၁-၂ ကီလို ကျွေးနိုင်ပါတယ်။

    🥭ပန်းမပွင့်မီမှာတော့ ဖော့စဖောရပ်နဲ့ ပိုတက်ဆီယမ်အချိုးအစားများတဲ့ ရွက်ဖျန်းအားဆေးတွေ ဖျန်းပေးပါ။

    🥭ပန်းပွင့်ပြီးနောက်ပိုင်း ဓာတ်မြေသြဇာကျွေးရင် ပန်းပွင့်ကြွေကျတက်၍ ရွက်ဖျန်းအားဆေးများကိုပဲ ဖျန်းပက်စေချင်ပါတယ်။ ရွက်ဖျန်းအားဆေးများ၌ နိုက်ထရိုဂျင်အနည်းငယ်ပါဝင်တဲ့ အချိုးနဲ့ ဖျန်းပေးရမှာ ဖြစ်ပါတယ်။ ငါးအမိုင်နိုအက်ဆစ်နဲ့ အသီးအပွင့်အားဆေး (Fermented Fruit Juice) များကိုလည်း ဖျန်းပက်ပေးနိုင်ပါတယ်။

    🥭သို့သော် အပင်က အားနည်းနေပုံပေါက်ပါက၊ သို့မဟုတ် ထိုနှစ်တွင် ပန်းခိုင်များနေပါက ဓာတ်မြေသြဇာ ၆း၆း၆ သို့မဟုတ် ၈း၃း၉း၂ (၂ က မဂ္ဂနီဆီယမ်ပါ)အချိုးအစားဖြင့် တစ်ပင်လျှင် တစ်ကီလိုခန့်ကို သီးကင်းများကြီးထွားစအချိန်၌ ကျွေးနိုင်ပါတယ်။

    🥭သီးကင်းကြွေတာများပါက ဖော့စ်စဖရက်အချိုးအစားများသည့် NPK ရွက်ဖျန်းအားဆေးကို အနည်းလို အာဟာရများနှင့်အတူ ဖျန်းပေးပါ။

    🥭Singh et al. (2019) ရဲ့ သုတေသနမှာ Potassium dihydrogen orthophosphoric acid (KH2PO4) 1% + KNO3 -1% ကို သရက်အပင်တွေမှာဖျန်းပေးခြင်းဖြင့် ပန်းပွင့်မှုစောစေရုံသာမက လိင်စုံပန်းပွင်ပါဝင်မှု (၂)ဆခန့် ပိုမိုများလာကြောင်း တွေ့ရှိရပါတယ်။ KH2PO4 မှာပါတဲ့ ဖော့စဖရက်သည် ပန်းပွင့်ဖို့နဲ့ nucleic acids ဖြစ်ဖို့အခြေခံဖြစ်သော မဂ္ဂနီဆီယမ်စုပ်ယူဖို့အားပေးခြင်းဖြင့် ပန်းပွင့်စေပါတယ်။ ဖော့စဖရက်ချို့တဲ့ပါက ပန်းပွင့်အရေအတွက်နည်းကြောင်းလည်း တွေ့ရှိရပါတယ် (Marschner, 2002)။ ပိုတက်ဆီယမ်ကလည်း အစာချက်ဖို့ လှုံ့ဆော်ပေးပြီး၊ အရွက်တွေကချက်တဲ့အစာတွေကို ပို့ဆောင်ပေးတာမို့ ပန်းပွင့်ဖို့ လုံလောက်တဲ့အစာရစေပါတယ်။ ခြုံပြောရရင် ပန်းပွင့်ချိန်မှာ KH2PO4 နဲ့ KNO3 တွေက လိင်စုံပွင့်အချိုးအစားကို ပြောင်းလဲစေပါတယ်။ ပိုမိုများစေပါတယ်။ ဒါကြောင့် ပန်းပွင့်ချိန်မတိုင်မီကတည်းက မြေသြဇာကြွယ်ဝအောင်ဆောင်ရွက်ထားရမှာဖြစ်သလို၊ လိုအပ်ပါက NPK ရွက်ဖျန်းအားဆေးတွေကို ဖျန်းပေးရပါမယ်။

    🥭ဝတ်မှုန်ကူးမှုအားကောင်းစေဖို့ စိုက်ခင်းအတွင်းနဲ့ ပတ်ဝန်းကျင်ကို လေဝင်လေထွက်ကောင်းဖို့ ပေါင်းမြက်များ ရှင်းလင်းထားပါ။

    🥭ပန်းပွင့်မကြွေစေဖို့ NAA ကဲ့သို့ ကြီးထွားစေမယ့်ဆေးများကို ဖျန်းပေးပါ။

    🥭ပိုးစေးနှဲနဲ့ ဖြုတ်ပိုးကျနေတဲ့အခြေအနေကလွဲရင် မီးခိုးမှိုင်းတိုက်စရာမလိုတော့ပါဘူး။

    🥭ပျားမွေးပါ။ အခြားမိတ်ဆွေပိုးကောင်များ သရက်ခင်းထဲလာရောက်စေရန် ဂရုစိုက်ပေးပါ။

    🥭ပန်းပွင့်ချိန်မှာ ပိုးသတ်ဆေးများလုံးဝမဖျန်းသင့်ပါဘူး။

    🥭သီးထိုးယင်တွေ လာတော့မှာမို့ ပြင်ဆင်ပါတော့။

    🥭သရက်သီးစွပ်ဖို့ အိပ်တွေပြင်ဆင်ရမယ်။

    🥭Pheromone ထောင်ချောက်တွေ ပြင်ဆင်ရပါတော့မယ်။ တစ်ဧကကို (၅-၁၀) ဗူးလောက် ချိတ်ဆွဲထားနိုင်ပါတယ်။

    🥭အိပ်မစွပ်ခင် သရက်ပင်ကို ပိုးသတ်ဆေးတမျိုးမျိုးဖျန်းရပါတော့မယ်။

    🥭ဖြုတ်ပိုး၊ ပျ၊ ခေါင်ညွှန့်ထိုးပိုး၊ ပိုးစေးနှဲ၊ သရက်အစေ့ထိုးပိုးတွေလာတော့မှာဖြစ်သလို၊ ကြပ်ခိုးမှို၊ ဖားဥမှိုတွေ ကိုလည်း စောင့်ကြည့်ရပါတော့မယ်။ မှဲ့ပြောက်စွန်း‌ရောဂါ၊ သီးညှာပုတ်ရောဂါတွေကိုလည်း ကာကွယ်ရပါတော့မယ်။

    🥭အသီးတင်ပြီးနောက်ပိုင်း ဆေးဖျန်းနိုင်ပေမယ့် အသီးခူးကာနီးဆိုရင်တော့ ဆေးကြွင်းဆေးကျန်များ မပါသွားစေရန် PHI (မခူးဆွတ်မီစောင့်ဆိုင်းရမယ့်ကာလအပိုင်းအခြား)ကို အထူးဂရုပြု၍ ဆေးဖျန်းပေးရမှာဖြစ်ပါတယ်။

    Soruce: ဒေါက်တာဝဏ္ဏထွန်းအား လေးစားစွာ crd ပေးပါသည်။

    ------


  • article
likes
4
comments
0
views
2067