အာဆီယံ+၃ အရေးပေါ်ဆန် အရံရိက္ခာ အစီအစဉ်မှ ဆန်တန်ချိန် ၃၅၀၀ ကို ၂၀၂၅ ခုနှစ်အတွင်း သဘာဝဘေးကြုံပါက ဖြန့်ဖြူးရန် စီစဉ်ထား
အာဆီယံ+၃ အရေးပေါ်ဆန် အရန်ရိက္ခာ အစီအစဉ်မှ လာမယ့် ၂၀၂၅ ခုနှစ်အတွက် ဆန်တန်ချိန် ၃၅၀၀ ကို သဘာဝဘေးကြုံပါက ဖြန့်ဖြူးရန် စီစဉ်ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှသိရပါတယ်။
ထိုသို့ ထောက်ပံ့မှုများအတွက် အာဆီယံ+၃ အရေးပေါ်ဆန် အရန်ရိက္ခာ အစီအစဉ်ရဲ့ ASEAN Plus Three Emergency Rice Reserve (APTERR)လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့၏ အစည်းအဝေးကို ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်နေ့က အဆိုပါ ဝန်ကြီးဌာနရုံးမှာ ကျင်းပပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။
APTERR အစီအစဉ်တွင် အရေးပေါ်သတ်မှတ်ချက်အဆင့်(၁)အနေဖြင့် သတ်မှတ်ဆန်အား စီးပွားရေးနည်းလမ်းဖြင့် ဖြန့်ဝေခြင်း၊ အရေးပေါ်သတ်မှတ်ချက်အဆင့်(၂)အနေဖြင့် သတ်မှတ်ဆန်အား ကာလရှည်ချေးငွေ အကူအညီဖြင့် ဖြန့်ဝေခြင်း၊ အရေးပေါ်သတ်မှတ်ချက်အဆင့်(၃)အနေဖြင့် သိုလှောင်ဆန်အား အကူအညီဖြင့် ဖြန့်ဝေခြင်း တို့ဖြင့် ဆောင်ရွက်လျက်ရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။
“APTERR အစီအစဉ်-၃ အရ ၂၀၂၃ ခုနှစ်ကလည်း ဆန်ရိက္ခာဖြန့်ဖြူးလှူဒါန်းမှုရှိခဲ့သလို၊ APTERR အစီအစဉ်-၃ အရပဲ ၂၀၂၄ ခုနှစ်ကလည်း လှူဒါန်းမှုတွေရှိခဲ့ပါတယ်။ အခုကတော့ ၂၀၂၅ ခုနှစ်အတွက်ဖြစ်ပါတယ်” လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
လာမည့် ၂၀၂၅ ခုနှစ် အတွက်ကိုလည်း APTERR အစီအစဉ်-၃ (၂၀၂၄) ဖြင့် ကိုရီးယားသမ္မတနိုင်ငံမှ ဆန်တန်ချိန် ၃၀၀၀ နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ငွေသားထောက်ပံ့မှုဖြင့် ဆန်တန်ချိန် ၅၀၀ တို့ကို လက်ခံသိုလှောင် ဖြန့်ဖြူးခွင့် ရရှိခဲ့တာဖြစ်ပြီး အဆိုပါ အရန်ဆန်များကို ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ ရပါက ဘေးသင့်ပြည်သူများထံ APTERR ၏ အရန်ဆန် ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြန့်ဖြူးလှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။
Myanmar Future News မှ ကူးယူဖော်ပြပါသည်။
----------------
သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။
ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download