ကြက်သွန်နီအသစ်တွေအဝင်နည်းတာကြောင့် ဈေးကျဆင်းမှုမရှိ
- ကြက်သွန်နီအသစ်တွေဈေးကွက်အတွင်း ဝင်ရောက်မှုနည်းပါးတာကြောင့် ဈေးနှုန်းတွေကျဆင်းမှုမရှိသေးဘူးလို့ မန္တလေးဒေသခံကုန်သည်တွေက ပြောပါတယ်။ - အခုနှစ်ကြက်သွန်စိုက်ရာသီအတွင်း ရေကြီးနစ်မြုပ်မှုနဲ့ အခြေအနေမတည်ငြိမ်မှုတွေကြောင့် ကြက်သွန်စိုက်ခင်းအများအပြားပျက်စီးလျော့ကျခဲ့ရတဲ့အတွက် အခုလိုဈေးကွက်အတွင်း ကြက်သွန်ဝင်ရောက်မှုနည်းပါးခဲ့တာ ဖြစ်ပါတယ်။ - “ဒါမျိုးတခါမှမဖြစ်ဖူးဘူး။ ပစ္စည်းအဝင်အရမ်းကိုနည်းတယ်။ ရှိတဲ့နေရာတွေကသယ်ဖို့မလွယ်တော့ ပိုဆိုးတာပေါ့။ ဈေးကတက်ဈေးပဲ ရှိသေးတယ်”လို့ မန္တလေးဒေသခံကုန်သည်တစ်ဦးက ပြောပါတယ်။ - အရည်အသွေးကောင်းမွန်မှုကြောင့် ဈေးကွက်အတွင်းနာမည်ကြီးတဲ့ မြစ်သားမြို့နယ်ကကြက်သွန်နီစိုက်ခင်းတွေဟာ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းကဖြစ်ပွားခဲ့တဲ့ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးမှုတွေများပြားခဲ့ပြီး ကြက်သွန်ထွက်နှုန်းအဆမတန်လျော့နည်းခဲ့ရတာ ဖြစ်ပါတယ်။ - အဲဒီအပြင် ကြက်သွန်ကိုအဓိကသီးနှံအဖြစ်စိုက်ပျိုးလေ့ရှိတဲ့ မကွေးတိုင်းမြောက်ပိုင်းမှာလည်း နယ်မြေအခြေအနေမတည်ငြိမ်မှုတွေကြောင့် စိုက်ဧကနည်းပါးပြီး သယ်ယူပို့ဆောင်ရေးခက်ခဲတဲ့အတွက် ဈေးကွက်ထဲကိုကြက်သွန်ဝင်ရောက်မှုလျော့နည်းကျဆင်းခဲ့တာဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ - လက်ရှိအချိန်မှာ ဈေးကွက်အတွင်း ကြက်သွန်တစ်ပိဿာကို ငွေကျပ် ၅၀၀၀ ကနေ ၇၀၀၀ ကြားရှိနေပြီး ဒါဟာပြီးခဲ့တဲ့နှစ်က အလားတူကာလမှာရှိခဲ့တဲ့ဈေးနှုန်းထက် ၃ ဆနီးပါးမြင့်တက်ခဲ့တာဖြစ်ပါတယ်။ - လင်းလင်း - Opinion Leaders မှ ကူးယူဖော်ပြပါသည်။ - ---------- - သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
