“ပြောင်း ဖောငမြောင်တောင်အကြောင်း”
မူရင်းဒေသ နှင့် ပျံ့နှံ့ပုံ
ဖောငမြောင်တောင်သည် တောင်အမေရိကမှ တဆင့် ၂၀၁၆ ခုနှစ်တွင် အာဖရိကနိုင်ငံများသို့လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် အာရှနိုင်ငံများသို့ လည်းကောင်း ပျံ့နှံ့ ရောက်ရှိ လာပြီး မြန်မာနိုင်ငံ သိုလည်း ၂၀၁၈ ဒီဇင်ဘာလတွင် စတင်ရောက်ရှိ ကျရောက်ဖျက်ဆီးပါသည်။
စားသောက်ဖျက်ဆီးသည့်အပင်များ
စပါး၊ ပြောင်း၊ ဒို့စားပြောင်း အပါအဝင် သီးနှံအမျိုးပေါင်း (၈၀) ကျော်ကို စားသောက် ဖျက်ဆီးနိုင်ပါသည်။ သီးနှံပင်များ မရှိပါက ပေါင်းပင်မျာအကြားတွင် ခိုအောင်း နေထိုင် စားသောက်သည်။
ဖလံအကောင်ကြီး။ ။ ဖလံအထီး၏ အရှေ့ အတောင်တွင် မီးခိုးရောင် အညိုရောင် အကွက်များ၊ အတောင်စွန်းတွင် အဖြူရောင် အကွက်များ ပါရှိသည်။ ဖလံအမတွင် အညိုရောင်ရှိပြီး ထင်ရှားသော လက္ခဏာ နည်းသည်။
ဥမြုံ။ ။ ဥမြုံတစ်မြုံတွင် (၁၀၀-၂၀၀)အထိပါရှိပြီး ဖလံအမ တစ်ကောင်သည် (၁၅- ၂၀)ရက်အတွင်း ဥပေါင်း (၁၀၀၀-၂၀၀၀)အထိအုချနိုင်သည်။
လောက်ကောင်များ။ ။ လောက်ကောင်သည် အဆင့် (၆)ဆင့်ရှိပြီး ထူးခြားသော လက္ခဏာမှာ ခေါင်းပေါ်တွင် “Y” ပြောင်းပြန်ပုံအမှတ်အသား နှင့် ခန္ဓာကိုယ် ဒုတိယ နောက်ဆုံးအဆစ် တွင် အနက်စက်ကြီး (၄)စက်ပါရှိသည်။
ရုပ်ဖုံး။ ။ ရုပ်ဖုံးများသည် နီညိုရောင် ရှိပြီး အရွယ်အစားမှာ (၂-၃) စင်တီမီတာခန့်ရှိသည်။
ပုံမှန်အားဖြင့် မြေ ဆီလွှာအောက် (၂-၈) စင်တီမီတာတွင် ရုပ်ဖုံးလုပ် တတ်သည်။
-ဖောငမြောင်တောင် လောက်ကောင်သည် ပြောင်း ပင်၏ အပင်ငယ်စ၍ အဖူး အနှံ့များအထိ စားသောက်
ဖျက်ဆီးနိုင်သည်။
-အကောင်ငယ်များသည် ချည်မျှင်များ ထုတ်ပြီး လေဟုန်စီးအကာ အပင်သစ်သို့ ကူးသွားပြီး အရွက်လိပ် နှင့် အဖူး ဆံမြိတ်နုများသို့ ဝင်ရောက် ဖျက်ဆီး သည်။
-ပေါက်ခါစ လောက်ကောင်ငယ်များသည် အရွက်အောက်မျက်နှာပြင်ကို ခြစ်စားသဖြင့် အလင်းပေါက် အကွက်ငယ်ခေလးများ တွေ့နိုင်ပါသည်။
-အရွက်လိပ်မှ ထွက်လသော အရွက်များ စုတ်ပြတ်နေပြီး ပိုးချေးများလည်း တွေ့ နိုင်သည်။ အပင်ကြီးအဆင့်တွင် အဖူး နှင့် အနှံမျာားတွင်လည်း ဖျက်ဆီးတတ်သည်။
Source: Plant Protection Department
----------
ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။