“ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဗီဒီယို သင်ခန်းစာ ကြည့်ပြီး ဖုန်းဘေကံထူးသူများ (၁,၂)”
စိုက်ပျိုးရေးနှင့် ငါးမွေးတောင်သူကြီးများ နေ့စဥ် မဖြစ်မနေကြုံတွေ့နေရသော ရာသီဥတု ဖောက်ပြန်ခြင်း၊ ပြောင်းလဲခြင်းများကြောင့် ဖြစ်ပွားနိုင်သော၊ ဖြစ်ပွားတတ်သော အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် နှင့် ခုခံနိုင်စွမ်းအားပိုမို ရရှိနိုင်ရန် ရည်ရွယ်ပြီး ထွက်တိုး နှင့် အခြားမိတ်ဖတ် အဖွဲ့ အစည်းများ မှ တောင်သူများနားလည်လွယ် အောင် ဗီဒီယိုအဖြစ် ဖန်တီး ပြုလုပ်ထားပါသည်။
(၁) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -
ရာသီဥတုပြောင်းလဲခြင်းကြောင့် ငါးများတွင် ရောဂါများ ဖြစ်ပေါ်စေနိုင်ပါသဖြင့် ငါးများ၏ကျန်းမာရေးကို အထူးဂရုပြုသင့်ပါသည်။အထူးသဖြင့် ရုတ်တရက် အပူချိန်လွန်ကဲခြင်း သို့မဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်းကဲ့သို့သောရာသီဥတုပြောင်းလဲမှုများသည် ငါးရောဂါများဖြစ်ပွားနိုင်သည့် အခြေအနေများကို ဖြစ်ပေါ်စေနိုင်ပါသည်။
ထို့ကြောင့် အဖြေမှန်မှာ (က) မှန် ဖြစ်သည်။
(၂) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -
အေးသောရာသီဥတုအခြေအနေတွင် ငါးများ၏ ဇီဝကမ္မဖြစ်စဉ်နှေးကွေးကာ ငါးများအစာစားနှုန်းကျဆင်းနိုင်ပါသည်။ထို့ကြောင့် အဆိုပါကာလများတွင် ငါးစာများ အလေအလွင့်မဖြစ်စေရန် အစာပမာဏကို ၂၀ %မှ ၅၀ % အထိ လျော့ပြီး ကျွေးသည့် အကြိမ်အရေကိုလည်း လျော့ချသင့်ပါသည်။
ထို့ကြောင့် အဖြေမှန်မှာ (၂) လျော့ချသင့် ဖြစ်သည်။
ဖုန်းဘေလ်ကံထူးသူများအနေနဲ့ ထွက်တိုးဘက်မှ ဆက်သွယ်ပြီး ဖုန်းဘေဖြည့်ပေးသွားပါမယ်။ ထွက်တိုး မက်ဆင်ဂျာတွင်လဲ လာရောက်ဆက်သွယ်ပြီး ဆုများလာရောက်ထုတ်ယူနိုင်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်နော်။
ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့
ထွက်တိုးဆော့ဝဲလ်တွင် လေ့လာရန် - - https://htwettoe.com/download လင့်ကို နှိပ်ပြီး ဒေါင်းလုတ်ပါ။
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။