cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး/မွေးမြူ‌ရေးနှင့် ရာသီဥတုဆိုင်ရာ အကြံပြုချက်

. ရာသီဥတု သတင်းများ
ပဲပင်အရွက်များတွင် အဖုအခုံးများဖြစ်ပြီး ထွတ်နေသည်ကိုတွေ့ရပါက စုပ်စားပိုးတစ်မျိုးမျိုး ကျရောက်သည်ကို သတိပြုသင့်ပါတယ်။
  • ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်များအတွက်ကတော့                

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့မှ ဇန်နဝါရီလ (၂) ရက်နေ့အထိ ၁၀ရက်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်                 

    မိုးညိုမြို့နယ်        

    မိုးညိုမြို့နယ်မှာ ဒီဇင်ဘာလ (၂၄) ရက်နေ့မှ ဇန်နဝါရီလ (၂) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၂၀ အထိ ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၂၀ ရှိနိုင်ပြီး ဒီဇင်ဘာလ ၂၈၊ ၂၉ ရက်များတွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၁၂-၁၄ အတွင်း ရှိနိုင်ပါတယ်။ ကျန်သောရက်များမှာ မိုးရွာရန် ရာခိုင်နှုန်း ၀-၅ ထိ ရှိနိုင်ပါတယ်။ မိုးညိုမြို့နယ်၏ အမြင့်ဆုံးအပူချိန်မှာ ၃၆.၆°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၁၆.၇°C ရှိနိုင်ပါတယ်ခင်ဗျာ။        

     လက်ပံတန်းမြို့နယ်        

    လက်ပံတန်းမြို့နယ်မှာ ဒီဇင်ဘာလ (၂၄) ရက်နေ့မှ ဇန်နဝါရီလ (၂) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၂၅ အတွင်းရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မိုးရွာရန် ၂၅ ရာခိုင်နှုန်းရှိပြီး ဒီဇင်ဘာလ ၂၅၊ ၂၆ ရက်နေ့တွင် မိုးရွာရန် ၁၂-၁၃ ရာခိုင်နှုန်းရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၀-၈ ရာခိုင်နှုန်းတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၁၇.၆°C အမြင့်ဆုံးအပူချိန် ၃၄.၄°C ထိရှိနိုင်ပါတယ်ခင်ဗျာ။

    သာယာဝတီမြို့နယ်        

    သာယာဝတီမြို့နယ်မှာ ဒီဇင်ဘာလ (၂၄) ရက်နေ့မှ ဇန်နဝါရီလ (၂) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၂၅ အတွင်း ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်တွင် မိုးရွာရန် ၂၅ ရာခိုင်နှုန်းရှိနိုင်ပြီး ဒီဇင်ဘာလ ၃၀၂၈၊ ၂၉ ရက်တွင် မိုးရွာရန် ၁၂- ၁၃ ရာခိုင်နှုန်း ရှိနိုင်ပါတယ် ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၈ အတွင်းရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အနိမ့်ဆုံး အပူချိန် ၂၂.၂°C မှ အမြင့်ဆုံးအပူချိန် ၃၂.၂°C ထိရှိနိုင်ပါတယ်ခင်ဗျာ။       

     ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်း၊မတ်ပဲစိုက်တောင်သူများထံသို့…. 

    စိုက်ပျိုးရေးနှင့်ရာသီဥတုဆိုင်ရာအကြံပြုချက် 

    • ပဲပင်အရွက်များတွင် အဖုအခုံးများဖြစ်ပြီး ထွတ်နေသည်ကိုတွေ့ရပါက စုပ်စားပိုးတစ်မျိုးမျိုး ကျရောက်သည်ကို သတိပြုသင့်ပါတယ်။ 
    • သရစ်(လှေး)ပိုးကျရောက်ပါက ထိုလက္ခဏာကို အဓိကတွေ့ရတတ်ပါတယ်။ 
    • ထိုအချိန်တွင် နိုက်ထရိုဂျင်(N) ရွက်ဖျန်းအားဆေး အလွန်အကျွံဖျန်းခြင်းကို ဆင်ခြင်ပါ။ 
    • နိုက်ထရိုဂျင်ရွက်ဖျန်းအစား အပင်၏ခုခံစွမ်းအားကိုပြန်လည်မြှင့်တင်ပေးနိုင်သော ပိုတက်စီယမ် (K) အဓိကပါဝင်သောရွက်ဖျန်းမျိုးကိုအသုံးပြုပါ။ 
    • သရစ်ပိုးအတွက် ဓာတုပိုးသတ်ဆေးကို ပထမအကြိမ်တွင် Acetamiprid+ Cyrantraniliprole (မနက်ခင်းပိုင်းတွင်ဖျန်းရန်) 
    • ဒုတိယအကြိမ်တွင် Spinosad (သို့မဟုတ်) Triazophos (မနက်/ညနေ ဖျန်းနိုင်) 
    • တတိယအကြိမ်လိုအပ်ပါက Dinotefuran (သို့မဟုတ်) Flupuradifurone (ညနေပိုင်းအစောပိုင်း ၃ နာရီခန့်)တွင် ဖျန်းပေးနိုင်ပါတယ်။ 
    • စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကိုရှင်းပေးဖို့လည်း မမေ့ပါနဲ့။    

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်     

    • ငါး/ပုစွန်မွေးတောင်သူကြီးတွေကို ဒီတစ်ပတ်မှာ အောက်ပါအချက်လေး ဆောင်ရွက်ဖို့ အထူးအကြံပေး လိုပါတယ်-  
    • ရာသီဥတုအေးလာပြီဖြစ်၍ အစာပမာဏကို သတ်မှတ်နှုန်းတားအောက်လျော့ကျွေးရန်၊  
    • မနက်စောစော (နံနက် 9:00 နာရီမတိုင်မီ)နဲ့ ညနေ 4:00 နာရီနောက်ပိုင်းတွင် အစာကျွေးခြင်းကို ရှောင်ရှား ရန်၊  
    • မနက် 9:00 နာရီနဲ့ ညနေ 4:00 နာရီအတွင်း အစာကျွေးခြင်းကို ဆောင်ရွက်ရန်၊  

    Weather Source: CIAT    

    ------------------       

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက         

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download       

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483        

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes
8
comments
0
views
1843