ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးနှင့် ရာသီဥတုဆိုင်ရာ အကြံပြုချက်
ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်များအတွက်ကတော့
၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့မှ ဇန်နဝါရီလ (၂) ရက်နေ့အထိ ၁၀ရက်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်
မိုးညိုမြို့နယ်
မိုးညိုမြို့နယ်မှာ ဒီဇင်ဘာလ (၂၄) ရက်နေ့မှ ဇန်နဝါရီလ (၂) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၂၀ အထိ ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၂၀ ရှိနိုင်ပြီး ဒီဇင်ဘာလ ၂၈၊ ၂၉ ရက်များတွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၁၂-၁၄ အတွင်း ရှိနိုင်ပါတယ်။ ကျန်သောရက်များမှာ မိုးရွာရန် ရာခိုင်နှုန်း ၀-၅ ထိ ရှိနိုင်ပါတယ်။ မိုးညိုမြို့နယ်၏ အမြင့်ဆုံးအပူချိန်မှာ ၃၆.၆°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၁၆.၇°C ရှိနိုင်ပါတယ်ခင်ဗျာ။
လက်ပံတန်းမြို့နယ်
လက်ပံတန်းမြို့နယ်မှာ ဒီဇင်ဘာလ (၂၄) ရက်နေ့မှ ဇန်နဝါရီလ (၂) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၂၅ အတွင်းရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မိုးရွာရန် ၂၅ ရာခိုင်နှုန်းရှိပြီး ဒီဇင်ဘာလ ၂၅၊ ၂၆ ရက်နေ့တွင် မိုးရွာရန် ၁၂-၁၃ ရာခိုင်နှုန်းရှိနိုင်ပါတယ်ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ၀-၈ ရာခိုင်နှုန်းတွင်းမှာ ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၁၇.၆°C အမြင့်ဆုံးအပူချိန် ၃၄.၄°C ထိရှိနိုင်ပါတယ်ခင်ဗျာ။
သာယာဝတီမြို့နယ်
သာယာဝတီမြို့နယ်မှာ ဒီဇင်ဘာလ (၂၄) ရက်နေ့မှ ဇန်နဝါရီလ (၂) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၂၅ အတွင်း ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်တွင် မိုးရွာရန် ၂၅ ရာခိုင်နှုန်းရှိနိုင်ပြီး ဒီဇင်ဘာလ ၃၀၂၈၊ ၂၉ ရက်တွင် မိုးရွာရန် ၁၂- ၁၃ ရာခိုင်နှုန်း ရှိနိုင်ပါတယ် ခင်ဗျာ။ ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၈ အတွင်းရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အနိမ့်ဆုံး အပူချိန် ၂၂.၂°C မှ အမြင့်ဆုံးအပူချိန် ၃၂.၂°C ထိရှိနိုင်ပါတယ်ခင်ဗျာ။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
- ငါး/ပုစွန်မွေးတောင်သူကြီးတွေကို ဒီတစ်ပတ်မှာ အောက်ပါအချက်လေး ဆောင်ရွက်ဖို့ အထူးအကြံပေး လိုပါတယ်-
- ရာသီဥတုအေးလာပြီဖြစ်၍ အစာပမာဏကို သတ်မှတ်နှုန်းတားအောက်လျော့ကျွေးရန်၊
- မနက်စောစော (နံနက် 9:00 နာရီမတိုင်မီ)နဲ့ ညနေ 4:00 နာရီနောက်ပိုင်းတွင် အစာကျွေးခြင်းကို ရှောင်ရှား ရန်၊
- မနက် 9:00 နာရီနဲ့ ညနေ 4:00 နာရီအတွင်း အစာကျွေးခြင်းကို ဆောင်ရွက်ရန်၊
Weather Source: CIAT
------------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။