ယင်မဲ စစ်သည်ကောင် ( Black Soldier Fly )များကို ကျန်းမာစေဖို့ ပိုးမွှားများနှင့် ရောဂါများကို သတိပြု။
- ယင်မဲ Black Soldier Fly (BSF) မွေးမြူရေးလုပ်ငန်းသည် ပုံမှန် ကြီးထွားနေသော်လည်း သတိမပြုပါက ပိုးမွှားနှင့်ရောဂါများသည် ကြီးမားသောပြဿနာများဖြစ်ပေါ်လာနိုင်သည်။ - ဥပမာ ပြောရမယ်ဆိုရင် - မကြာသေးမီက ယင်မဲ BSF မွေးမြူရေးခြံတစ်ခုသည် ရုပ်ဖုံးများကို တိုက်ခိုက်နေသည့် ကပ်ပါးနကျယ်များကျရောက်မှု့ခံစား ခဲ့ရသည်။ ထို့နောက် ပိုးမွှားများကို သန့်ရှင်းရေးလုပ်ရာတွင် ပိုးတုံးလုံးအများစုသည် ယင်ကောင်များမဖြစ်မီ သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြသည် ( ပူးတွဲပါပုံကိုကြည့်ပါ)။ - ယင်မဲ ( Black Soldier Fly )မွေးမြူရေးသည့် တောင်သူများ သိထားရမည့်အချက်များ။ - ကပ်ပါးကောင်များ - မွှားပိုး များ၊ ကပ်ပါးနကျယ်များနှင့် အခြားသေးငယ်သောပိုးမွှားများသည် BSF သားလောင်းနှင့် ရုပ်ဖုံး Pupae ကို အန္တရာယ်ပြုနိုင်သည့်အပြင် ၎င်းတို့၏ကြီးထွားမှုကို နှေးကွေးစေပြီး ယင်မဲ ထုတ်လုပ်မှုကို ကျဆင်းစေသည်။ - မှို - စိုထိုင်းဆ မြင့်မားခြင်းသည် ယင်မဲ၏ ပွားများနိုင်သည်ပမာဏကို ထိခိုက်စေသည့် မှိုများ ကူးစက်မှုကို ဖြစ်စေသည်။ - ဒီပြဿနာတွေကို ဘယ်လိုကာကွယ်ရမလဲ။ - ၁။ မွေးမြူရေးဧရိယာကို သန့်ရှင်းလုံခြုံအောင်ထားပါ။ - ၂။ သားလောင်းနှင့် ရုပ်ဖုံး (Pupae ) ကို ပိုးမွှားများ သို့မဟုတ် ကူးစက်မှု့ လက္ခဏာရှိမရှိ ပုံမှန်စစ်ဆေးပါ။ - ၃။ ဘေးကင်းပြီး သဘာဝ ပိုးမွှားထိန်းချုပ်ရေး နည်းလမ်းများကို အသုံးပြုပါ။ - သင်ခန်းစာ - အမြန်လုပ်ဆောင်ပြီး အမြဲသတိရှိပါ။ - ကျန်းမာသော ယင်မဲ ( BSF ) သားလောင်းများသည် ပိုမိုကောင်းမွန်သော မွေးမြူရေးရလဒ်များကို ရရှိစေပါသည်။ ပိုးမွှား သို့မဟုတ် ရောဂါကာကွယ်ထိန်းချုပ်မှု့များကို နှောင့်နှေးစေခြင်း မ ဖြစ်ပါစေနဲ့။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
