cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်  (မကွေးတိုင်းဒေသကြီး)

. ရာသီဥတု သတင်းများ
မကွေးတိုင်းဒေသကြီးအတွင်း ပဲမျိုးစုံစိုက်ပျိုးကြသောတောင်သူများ လက်ရှိကြုံတွေ့နေရသော မှဲ့ပြောက်စွန်းရောဂါအတွက် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
  • မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာမြို့နယ်များတွင် ရာသီဥတု အေးမြသာယာမည်ဖြစ်ပါကြောင်း၊ နေ့အပူချိန်များ တဖြည်းဖြည်းကျဆင်းလာပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ 

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၆ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၄ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။  

    ပွင့်ဖြူမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ တစ်ပတ်တာမိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ပွင့်ဖြူမြို့နယ်တွင် ရာသီဥတု အေးမြသာယာမည် ဖြစ်ပါကြောင်း၊ နေ့အပူချိန်များ တဖြည်းဖြည်းကျဆင်းလာပါကြောင်း၊ သတင်းပါးလိုပါတယ် ခင်ဗျာ။ 

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၆ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၅.၈ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။  

    မင်းဘူးမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မင်းဘူးမြို့နယ်တွင် ရာသီဥတု အေးမြသာယာမည် ဖြစ်ပါကြောင်း၊ နေ့အပူချိန်များ တဖြည်းဖြည်းကျဆင်းလာပါကြောင်း၊ သတင်းပါးလိုပါတယ် ခင်ဗျာ။ 

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၅ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၅.၈ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။  

    စလင်းမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် စလင်းမြို့နယ်တွင် ရာသီဥတု အေးမြသာယာမည်ဖြစ်ပါကြောင်း၊ နေ့အပူချိန်များ တဖြည်းဖြည်း ကျဆင်းလာပါကြောင်း၊ သတင်းပါးလိုပါတယ် ခင်ဗျာ။ 

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃ဝ.၅ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၅.၆ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။  

    စေတုတ္တရာမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်အနေဖြင့် စေတုတ္တရာမြို့နယ်တွင် ရာသီဥတု အေးမြသာယာမည် ဖြစ်ပါကြောင်း၊ နေ့အပူချိန်များ တဖြည်းဖြည်းကျဆင်းလာ ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ 

    အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃ဝ.၈ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၄ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။  

    စိုက်ပျိုးရေး အကြံပြုချက်  

    ရာသီဥတုသာယာပြီး နေ့အပူချိန်ကျလာတာမို့ မကွေးတိုင်းမှာရှိတဲ့ ပဲစိုက်တောင်သူတွေကို အောက်ပါ အချက်တွေ ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ်ခင်ဗျာ- 

    • မကွေးတိုင်းဒေသကြီးအတွင်း ပဲမျိုးစုံစိုက်ပျိုးကြသောတောင်သူများ လက်ရှိကြုံတွေ့နေရသော မှဲ့ပြောက်စွန်းရောဂါအတွက် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။ 
    • ဆီးနှင်းကျခြင်း၊ နေ့အပူချိန်မြင့်ခြင်း (၃၇ ဒီဂရီအထက်)၊ အာဟာရမျှတမှုမရှိခြင်းနှင့် ဖော့စ်ဖရပ်စ် (P) ချို့တဲ့သောမြေများတွင် မှဲ့ပြောက်စွန်းရောဂါအဓိက ကျရောက်တတ်ပါတယ်။ 
    • ရောဂါကျရောက်သည်ကို စတင်တွေ့ရပါက Hexaconazole ကိုပထမအကြိမ် အသုံးပြုပါ။ 
    • တစ်ပတ်ခြားပြီး ဒုတိယအကြိမ်အဖြစ် Tebuconazole+ Chlorothalonil ကိုအသုံးပြုနိုင်ပါတယ်။ 
    • ပင်ကြွင်းပင်ကျန်၊ ပေါင်းမြက်များကိုလည်းသေချာရှင်းလင်းပေးပါ။ 

    ငါး/ပုစွန်ကန်များအတွက် အကြံပြုချက်  

    အအေးဓာတ်ဘဲရှိပြီး မိုးရွာမယ့်နေ့ရက်တွေနည်းလာတာမို့ မကွေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူ ကြီးများအနေနဲ့ အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ- 

    • ကန်ဖော်ခြင်းကို ဆောင်ရွက်ရန်၊ 
    • ကန်ဖော်ရာတွင် အသုံးပြုသည့် ပိုက်ကွန်များကို သန့်ရှင်းစွာထားရှိရန်၊ 
    • အခြားငါးကန်သမားများထံမှ ပိုက်ကွန်နဲ့ အခြားငါးဖမ်း ဆက်စပ်ပစ္စည်းများ ငှားရမ်းအသုံးပြုမည်ဆိုပါက ဆေးကြောသန့်စင်ပြီးမှသာသုံးစွဲရန်၊ 
    • အလေအလွင့်နည်းပါးစေရန် ကန်ဖော်ခြင်းကို အေးတဲ့ အချိန်တွင် ဆောင်ရွက်ရန်၊ 

    Weather Source: CIAT 

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes
3
comments
1
views
1835