ငါးကန်ဖော်ရာမှာ အသုံးပြုတဲ့ ငါးဖမ်းခြင်း နည်းလမ်းအမျိုးမျိုးအကြောင်း
စီးပွားဖြစ်ငါးမွေးမြူရေးလုပ်ငန်းမှာ ငါးဖမ်းနည်းဟာလည်း ထိရောက်ဖို့လိုပါတယ်။ ဒါမှသာ ငါးရဲ့ အရည်အသွေးနဲ့ ဈေးကွက်ရရှိနိုင်မှုကို အကျိုးသက်ရောက်စေမှာပါ။ အားလုံးသိပြီးတဲ့အတိုင်း ငါးကန် ဖော်ပြီဆိုရင် သုံးလေ့ရှိနဲ့ နည်းလမ်းတွေရှိပါတယ်။ အဲဒါတွေကတော့ ၁/ ပိုက်နဲ့ဖမ်းခြင်း၊ ၂/ ထောင်ချောက် ဖြင့်ဖမ်းခြင်း၊ ၃/ ဇကာနဲ့ဖမ်းခြင်းတို့ဖြစ်ပါတယ်။ တစ်ချို့ကျတော့ ငါးမျိုးစိတ်ပေါ်မူတည်ပြီး ကန်ဖော်တဲ့ နည်းလမ်း မတူတာတွေရှိပါတယ်။
တီလားဗီးယားငါး ကန်ဖော်ရာတွင် အသုံးပြုလေ့ရှိသည့်နည်းလမ်း
တီးလားဗီးယားငါးကန်ဖော်ရာမှာ ပိုက်ကွန်ပစ်ပြီးဖမ်းလေ့ရှိပါတယ်။ တနိုင်တပိုင်မွေးတဲ့ သူတွေ ကတော့ ကန်ပေါ်ကို မပြီးတင်တဲ့ ပိုက်တွေကို သုံးလေ့ရှိပြီး အကြီးအကျယ်မွေးတဲ့သူတွေကတော့ အလယ်မှာ ငါးတွေစုပြီး တစ်ကြိမ်တည်းအပြီးဖမ်းတဲ့နည်းကို သုံးကြတာများပါတယ်။
ငါးခူ ကန်ဖော်ရာတွင် အသုံးပြုလေ့ရှိသည့်နည်းလမ်း
ငါးခူတွေကို ဖမ်းရာမှာ ထောင်ချောက် ဒါမှမဟုတ် ပိုက်နဲ့ဘဲ ဖမ်းလေ့ရှိပါတယ်။ ဒါဟာ ငါးကို ထိခိုက်မှုနည်းစေတဲ့ နည်းလမ်းဖြစ်ပါတယ်။ နေအေးချိန်မှာ ဆောင်ရွက်လေ့ရှိပြီး ကန်မဖော်ခင် ရေအရည် အသွေးစစ်ပေးဖို့လိုပါတယ်။
ဆော်လမွန်းငါး ကန်ဖော်ရာတွင် အသုံးပြုလေ့ရှိသည့်နည်းလမ်း
ဆော်လမွန်ငါးမွေးကန်တွေကို ကန်ဖော်တော့မယ်ဆိုရင်တော့ အထူးဂရုစိုက်ရပါတယ်။ ကန် အလယ်မှာ ငါးတွေကို စုလာအောင် လုပ်ပြီး ပိုက်နဲ့ တစ်ပြိုင်နက်ဖမ်းတဲ့နည်းလမ်းဖြစ်ပါတယ်။ ဒါမှသာ ဆော်လမွန် ငါးထဲမှာပါတဲ့ အဆီပါဝင်နှုန်းထိန်းသိမ်းနိုင်ပြီး ကြွက်သားထိခိုက်မှုလည်း နည်းစေမှာပါ။
ဒါကြောင့်မို့ ကန်ဖော်ရာမှာ လူအားအသုံးပြုတဲ့နည်းနဲ့ စက်အားအသုံးပြုတဲ့ နည်းဆိုပြီးရှိပါတယ်။
လူအားနဲ့ ငါးကန်ဖော်ခြင်း
ဒီနည်းမှာတော့ လူရဲ့အားနဲ့ဘဲ ကန်ဖော်လေ့ရှိပါတယ်။ အားသာချက်ကတော့ လိုသလို လုပ်လို့ရပါ တယ်။ ကိုယ်လိုချင်တဲ့ ကိုယ်ဖော်လိုတဲ့ ငါးမျိုးစိတ်ကို ရွေးဖမ်းလို့ရပါတယ်။ ပြီးတော့ ငါးတွေကို စိတ်ဖိစီးမှု လျော့စေပါတယ်။ ဒါပေမယ့် လူလုပ်အား အများကြီးသုံးရတဲ့နည်း ငါးဖမ်းနည်းဖြစ်ပါတယ်။
စက်အားနဲ့ ငါးကန်ဖော်ခြင်း
ဒီနည်းကတော့ အလုပ်သမားလိုအပ်ချက်ကို နည်းစေပါတယ်။ စက်နဲ့သုံးတဲ့အတွက် ထိရောက်ပြီး မြန်ဆန်ပါတယ်။ ကနဉီးမှာ ကုန်ကျစရိတ်များနိုင်ပေမယ့် နောက်ပိုင်းမှာ ကုန်ကျစရိတ်သက်သာနိုင်တဲ့ နည်း လမ်းဖြစ်ပါတယ်။ အားနည်းချက်ကတော့ ငါးဖမ်းချိန်မှာ တချို့ငါးတွေကို ထိခိုက်မှုအနည်းငယ်ရှိ ပါတယ်။
အားနည်းချက်
လူအားနဲ့ ကန်ဖော်တဲ့နည်းကတော့ အချိန်ကြာပြီး တစ်သတ်မှတ်ထဲ မရှိတာတွေ့ရပါတယ်။ ပြီးတော့ အလုပ်သမားရှာမရတဲ့ အခက်အခဲတွေလည်း ကြုံရနိုင်ပါတယ်။ တစ်ဖက်မှာတော့ စက်သုံးပြီးဖမ်းတဲ့စနစ်မှာ စက်ပျက်တာတွေကြုံရနိုင်ပါတယ်။
ဒါကြောင့်မို့ အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ကိုယ့်မှာရှိတဲ့ ကန်နဲ့ ကိုက်ညီမယ့် အဆင်ပြေဆုံး နည်းလမ်းကို အသုံးပြုဖို့ အကြံပြုတိုက်တွန်းလိုပါတယ်ခင်ဗျာ။
Source: https://thefarminginsider.com/harvesting-techniques-fish-farms/#:~:text=Effective%20harvesting%20is%20vital%20for%20the%20economic%20success,on%20fish%20species%2C%20farm%20size%2C%20and%20market%20needs.
----------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။