မန္တလေးဈေးကွက်ရှိ ဂျုံဈေးနှုန်း သုံးသပ်ချက်

၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း
၂၀၂၄ ခုနှစ် နှစ်စမှ လက်ရှိ ဒီဇင်ဘာလအထိ ဂျုံ (မြင်းမူ) (မြောင်) ပိဿာ ၆၀ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဇန်နဝါရီ၊ ဖေဖော်ဝါရီတွင် ပျမ်းမျှ ဈေးနှုန်းမှာ ၁၈၂,၅ဝဝိ/-ကျပ်၊ မတ်လတွင် ၁၇၉,၆၅ဝိ/- ကျပ်၊ ဧပြီလတွင် ၁၄၉,၃၇၅ိ/-ကျပ်၊ မေလတွင် ၁၅၆,၅ဝ၀ိ/-ကျပ်၊ ဇွန်လတွင် ၁၉၄,၀၆၃/-ကျပ်၊ ဇူလိုင် လတွင် ၁၇၈,၄ဝ၀ိ/-ကျပ်၊ ဩဂုတ်လတွင် ၂ဝ၄,၀၅၀ိ/-ကျပ်၊ စက်တင်ဘာလတွင် ၂၁၁,၃ဝ၀ိ/-ကျပ်၊ အောက် တိုဘာလတွင် ၂၀၅,ဝဝ၀ိ/-ကျပ်၊ နိုဝင်ဘာလတွင် ၂ဝ၅,၇၅၀ိ/- ကျပ်၊ ဒီဇင်ဘာလတွင် ၂၁၄,ဝဝဝိ/- ကျပ်ဖြင့် အသီးသီး ဈေးဖြစ်နေပါတယ်။
ယခင်လ (နိုဝင်ဘာလ)နဲ့ ယခုလ (ဒီဇင်ဘာလ) နှိုင်းယှဉ်ချက်
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနဲ့ နိုဝင်ဘာလ ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မန္တလေးဈေးကွက် မှာရှိတဲ့ ဂျုံ (မြင်းမူ)(မြောင်) ပိဿာ၆၀ ပျမ်းမျှဈေးနှုန်းမှာ ယခင်လထက် ၈,၂၅ဝိ/-ကျပ် မြင့်တက်သွားတာကို တွေ့ရပါတယ်။ အဟောင်းလက်ကျန်နည်းခြင်း၊ ဈေးကွက်သို့ အဝင်နည်းခြင်းတို့ကြောင့် ဈေးမြင့်ရခြင်းဖြစ်ပါတယ်။
သုံးသပ်ခန့်မှန်းချက်
ခန့်မှန်းသုံးသပ်ရမယ်ဆိုရင် ပျမ်းမျှဈေးနှုန်း ဒီဇင်ဘာလတွင် ဈေးမြင့်တက်ပြီး အသစ်များ ဈေးကွက်သို့ ဝင်ချိန် ဇန်နဝါရီလတွင် အကျဘက်သို့ သွားနိုင်ကြောင်း ခန့်မှန်းလိုက်ရပါတယ်ခင်ဗျာ။
ဦးပြည့်ဖြိုးအောင်
ထွက်တိုး
--------------

ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း