cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် "( ၂၃ . ၁၂ . ၂၀၂၄ မှ ၂၇. ၁၂ . ၂၀၂၄ )

. ဈေးကွက်သုံးသပ်ချက်
ဒီတစ်ပတ်မှာ ပဲတီစိမ်းနဲ့ ပြောင်းက စျေးတက်လာပြီး၊ မတ်ပဲ နဲ့ ပဲစဥ်းငုံက စျေးတန်းထပ်ကျဆင်းသွား ပါတယ်"
  • ပြောင်း

    အရင်အပတ်ကစျေးအေးခဲ့တဲ့ ပြောင်းကတော့ ဒီတစ်ပတ်မှာ အနည်းငယ်တက်ရိပ်​ပြ ပါတယ်။

    ပြောင်းကို အိန္ဒိယကဝယ်လိုအားများတဲ့အပြင်တခြားပြည်ပနိုင်ငံတွေကလည်းဝယ်လိုအားကောင်းနေတာကြောင့် ပြောင်းစျေးကတက်လာတာဖြစ်ပါတယ်။ ပြည်တွင်းအစာစပ်စက်ရုံတွေကလည်းပုံမှန်အဝယ်ရှိနေနေပါတယ်။

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာပြောင်းဆံ တစ်ပိဿာကို ၁၆၆၀ မှ ၁၆၈၀ ကျပ်ရှိ ပါတယ်။ အရင်အပတ် ကထက်တစ်ပိဿာကို ၁၀ ကျပ်တက်ပါတယ်။

    မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာတော့ ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၃၀၀၀ မှ ၈၄၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၅၀၀၀ မှ ၈၆၀၀၀ ကျပ် စျေးရှိပါတယ်။ အရင်အပတ်ကထက် ၁၀၀၀ ကျပ်ထပ်ကျလာပါတယ်။

    ပဲတီစိမ်း

    ပဲတီစိမ်းကတော့ ဒီတစ်ပတ် စျေးတွေထပ်မံမြင့်တက်လာပါတယ်။

    ခရမ်းရွှေဝါနဲ့ပဲခူးရွှေဝါက ဆောင်းရာ သီစိုက်ပျိုးမှုစတင်ချိန်ဖြစ်ပြီး ပဲလက်ကျန်မရှိတဲ့အပြင်ပဲအသစ်တွေလည်းမပေါ်သေးတာကြောင့် စျေးထပ်တက်လာပါတယ်။

    မိုးပဲတီစိမ်းအညာကတော့ စျေးတန်းငြိမ်နေပြီး ဝါးခယ်မပဲအသစ်တွေကတော့စျေး တက်လာပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က ၅၅၈၀ ကျပ်၊ (ပဲခူးရွှေဝါ)က ၅၂၅၀ ကျပ်၊ ဝါးခယ်မ FAQ က ၄၆၆၅ မှ ၄၆၈၅ ကျပ်ကြားရှိပြီးအရင်အပတ်ကထက် တစ်ပိဿာကို ၃၅ ကျပ်မှ ၈၅ ကျပ် ထပ်တက်လာပါတယ်။ပဲတီစိမ်းအညာကတော့ တစ်ပိဿာ ကို ၄၉၁၅ မှ ၄၉၃၅ ကျပ်နဲ့ငြိမ်နေ ပါတယ်။

    မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း(အညာ)သုံးတင်းဝင်တစ်အိတ်ကို အမြင့်ဆုံး ၃၀၅၀၀၀ ကျပ်ရှိနေပါတယ်။

    မတ်ပဲ

    မတ်ပဲ ကတော့ ဒီတစ်ပတ်မှာလည်း စျေးတန်းထပ်ကျသွားပြီး တစ်တန်ကို ၃၃ သိန်းကျော်သာရှိပါတော့တယ်။

    အိန္ဒိယနိုင်ငံမှာ မိုးမတ်ပဲအသစ်ပေါ်ပြီးစျေးကွက်ထဲဝင်ရောက်မှုရှိနေတာကြောင့် ကုန်သည်တွေက စျေးချဝယ်ယူနေတဲ့အတွက် စျေးတန်းကျဆင်းနေတာဖြစ်ပါတယ်။

    မြန်မာမှာလည်းမတ်ပဲအသစ်တွေပေါ်နေသလို အိန္ဒိယက အဝယ်အေးတာကြောင့် စျေးတန်းဆက်တိုက်ကျလာပါတယ်။

    ဒီတစ်ပတ်ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ (FAQ )တစ်တန်ကို ၃၃၂၀၀၀၀ ကျပ် ရှိပါတယ်။အရင်တပတ်ထက် ၁ သိန်းကျော် စျေးတန်းထပ်ကျသွားပါတယ်။

    မန္တလေးစျေးကွက်မှာတော့ မတ်ပဲ ပိဿာ ၆၀ အသစ်က ၂၈၀၀၀၀ မှ ၂၉၇၀၀၀ ကျပ်ရှိလို့ ၃၀၀၀၀ ကျပ်လောက်စျေးကျလာ ပါတယ်။

    ပဲစဥ်းငုံ

    ပဲစဥ်းငုံကလည်း တစ်တန်ကို ၁၆၀၀၀၀ ကျော်စျေးထပ်ကျလာပါတယ်။

    ပြည်တွင်းမှာမိုးပဲအသစ်တွေပေါ်နေတဲ့အပြင်အိန္ဒိယကလည်း ပဲအဝယ်အေးနေတာကြောင့် ပဲစဥ်းငုံ စျေးတန်းအေးနေတာဖြစ်ပါတယ်။ဆောင်းပဲလက်ကျန်အဟောင်းကတော့ မရှိသလောက်ဖြစ်နေတယ်လို့သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန်ကို ၃၃၇၅၀၀၀ ကျပ်သာရှိပါတယ်။

    မန္တလေးစျေးကွက်မှာတော့ ဒီတစ်ပတ်မှာလည်း ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာတွေ့ရပါတယ်

    (AMIA)

    ✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
likes
4
comments
0
views
1178