cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မတ်ပဲ၊ ပဲတီစိမ်းစိုက်တောင်သူများထံသို့ မိုးလေဝသနှင့် စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်

. ရာသီဥတု သတင်းများ
သရစ်ပိုး (လှေး)ပိုးက ရာသီဥတုပေါ်ကိုမူတည်ပြီးကျတဲ့ဖျက်ပိုးဖြစ်ပါတယ်။
  • ၂ဝ၂၄ ခုနှစ်၊ဒီဇင်ဘာလ ၂၈ ရက် မှ ဇန်နဝါရီလ ၁ ရက် နေ့အထိ ၅ ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အောက်ဖော်ပြပါမြို့နယ် ၂ဝ တွင် မိုးရွာရန် ၀ မှ ၂၅ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပဲ စိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်များကို တစ်ပါတည်း ဖော်ပြပေးလိုက်ပါတယ်။  

     

    ၁။ ဟင်္သာတမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် မှ ဇန်နဝါရီလ ၁ ရက် နေ့အထိ နေ့အထိဟင်္သာတမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀) ရာခိုင်နှုန်းမှ (၅) ရာခိုင်နှုန်းအထိရှိပါသည်။ ဒီဇင်ဘာလ ၂၉ ရက် နေ့တွင်မိုးရွာရန် ၅ ရာခိုင်နှုန်း ခန့်ရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၀-၂ ထိရှိနိုင်ပါတယ်။ 

    ၂။ ညောင်တုန်းမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ဒီဇင်ဘာလ ၂၈ ရက် မှ ဇန်နဝါရီလ ၁ ရက် နေ့အထိ ညောင်တုန်းမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ မိုးရွာရန် ၇ ရာခိုင်နှုန်းရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ၀-၄ ရာခိုင်နှုန်း ရှိပါတယ်။ 

    ဒီဇင်ဘာလ ၃၀ ရက်နေတွင် အပူချိန်အနေဖြင့် ပျမ်းမျှအမြင့်ဆုံးအပူချိန်မှာ ၃၃.၈ °C မှ ပျမ်းမျှအနိမ့်ဆုံးအပူချိန်မှာ ၂၂.၂ °C ရှိနိုင်ပါတယ်။  

    ၃။ မအူပင်မြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် မှ ဇန်နဝါရီလ ၁ ရက်နေ့ အထိ မအူပင်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၈) ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၂၈-၃၁ ရက်နေ့တွင် မိုးရွာရန် ၇-၈ ရာခိုင်နှုန်း ရှိနိုင်ပြီး ကျန်ရက်တွေမှာ မိုးရွာရန် ရာခိုင်နှုန်း ၀-၂ မှာ ရှိနိုင်ပါတယ်ခင်ဗျ။  

    ၄။ မြောင်းမြမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် မှ ဇန်နဝါရီလ ၁ ရက် နေ့အထိ မြောင်းမြမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၈ ရှိနိုင်ပြီး ကျန်ရက်တွေမှာ မိုးရွာရန် ရာခိုင်နှုန်း ၀-၄ မှာ ရှိနိုင်ပါတယ်ခင်ဗျ။  

    ၅။ ဓနုဖြူမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ဒီဇင်ဘာလ ၂၈ ရက် မှ ဇန်နဝါရီလ ၁ ရက်နေ့အထိ ဓနုဖြူမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၇) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ မိုးရွာရန် ၇ ရာခိုင်နှုန်းရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန်ရာနှုန်း ၀-၄ ရှိနိုင်ပါတယ်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၃.၉°C နှင့် အနိမ့်ဆုံးအပူချိန် ၁၃.၉°C ရှိနိုင်ပါတယ် ခင်ဗျာ။  

    ၆။ ပန်းတနော်မြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် မှ ဇန်နဝါရီလ ၁ ရက်နေ့ အထိ ပန်းတနော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀) ရာခိုင်နှုန်းမှ (၇) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် မိုးရွာရန် ၇ ရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် (၀-၄) ရာခိုင်နှုန်း သာ ရှိနိုင်ပါတယ်ခင်ဗျာ။  

    ၇။ ကျိုက်လတ်မြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် မှ ဇန်နဝါရီလ ၁ ရက်နေ့ အထိ ကျိုက်လတ်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဒီဇင်ဘာလ ၂၈-၂၉ ရက်နေ့တွင် မိုးရွာရန် ၇-၈ ရာခိုင်နှုန်း ရှိနိုင်ပြီး ကျန်ရက်များတွင် မိုးရွာရန် (၀ မှ ၃) ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။  

    ၈။ ဝါးခယ်မမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် မှ ဇန်နဝါရီလ ၁ ရက် နေ့အထိ ဝါးခယ်မမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ ဒီဇင်ဘာလ ၂၈-၂၉ ရက် နေ့တွင် မိုးရွာရန် ၈-၁၀ ရာခိုင်နှုန်း ရှိနိုင်ပြီး ကျန်ရက်များတွင် မိုးရွာရန် ၀ မှ ၃ ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်။ အမြင့်ဆုံးပျမ်းမျှအပူချိန် ၃၄.၄°C မှ အနိမ့်ဆုံးပျမ်းမျှအပူချိန် ၂၁.၇ °C ရှိနိုင်ပါတယ်ခင်ဗျာ။  

    ၉။ ကျုံပျော်မြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် မှ ဇန်နဝါရီလ ၁ ရက် နေ့အထိ ကျုံပျော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀) ရာခိုင်နှုန်းမှ (၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဒီဇင်ဘာလ ၂၉ ရက် နေ့တွင် မိုးရွာရန် ၆ ရာခိုင်နှုန်း ရှိနိုင်ပြီး ကျန်ရက်များတွင် မိုးရွာရန် ၀-၂ ရာခိုင်နှုန်း အတွင်းတွင်ရှိနိုင်ပါတယ်။ 

    ၁ဝ။ ဇလွန်မြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် မှ ဇန်နဝါရီလ ၁ ရက် နေ့အထိ ဇလွန်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၅) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။  

    ၁၁။ လပွတ္တာမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် မှ ဇန်နဝါရီလ ၁ ရက် နေ့အထိ လပွတ္တာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၂၅) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ မိုးရွာရန် ၂၅ ရာခိုင်နှုန်း ရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၀-၇ ရှိနိုင်ပါတယ်။  

    ၁၂။ ပုသိမ်မြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက် မှ ဒီဇင်ဘာလ ၂၆ ရက် နေ့အထိ ပုသိမ်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၁၇) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၄.၅°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၁၉.၄°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။  

    ၁၃။ ဖျာပုံမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် မှ ဇန်နဝါရီလ ၁ ရက်နေ့အထိ ဖျာပုံမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၈) ရာခိုင်နှုန်းအထိရှိပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ မိုးရွာရန် ၈ ရာနှုန်း ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၃၁ ရက်အမြင့်ဆုံးအပူချိန်မှာ ၃၃.၆°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၁.၉°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။  

    ၁၄။ အင်္ဂပူမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ဒီဇင်ဘာလ ၂၈ ရက် မှ ဇန်နဝါရီလ ၁ ရက် နေ့အထိ အင်္ဂပူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၅) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။  

    ၁၅။ ကြံခင်းမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် မှ ဇန်နဝါရီလ ၁ ရက် နေ့အထိ ကြံခင်းမြို့နယ်၏ မိုးလေဝသခန့်မှန်းချက်အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၂) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် မိုးရွာရန် ရာနှုန်း ၂ ဖြစ်ပြီး ကျန်ရက်များမှာ မိုးရွာနိုင်ချေမရှိပါခင်ဗျာ။

    ၁၆။ လေးမျက်နှာမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် မှ ဇန်နဝါရီလ ၁ ရက် နေ့အထိ လေးမျက်နှာမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀) ရာခိုင်နှုန်းမှ (၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၆ ရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ၀-၂ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။  

    ၁၇။ ဒေးဒရဲမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် မှ ဇန်နဝါရီလ ၁ ရက်နေ့ အထိ ဒေးဒရဲမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ  

    ၁၈။ မော်လမြိုင်ကျွန်းမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် မှ ဇန်နဝါရီလ ၁ ရက် နေ့အထိ မော်လမြိုင်ကျွန်းမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်။ ဒီဇင်ဘာလ ၂၉-၃၀ ရက်နေ့တွင် မိုးရွာရန် ရာခိုင်နှုန်း ၈-၁၀ ရှိနိုင်ပြီး ကျန်ရက်များတွင် (၀-၈) ရာခိုင်နှုန်း အတွင်းတွင် ရှိနိုင်ပါတယ်ခင်ဗျာ။  

    ၁၉။ ကန်ကြီးထောင့်မြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် မှ ဇန်နဝါရီလ ၁ ရက် နေ့အထိ ကန်ကြီးထောင့်မြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၇) ရာခိုင်နှုန်းအထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။  

    ၂ဝ။ ငပုတောမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် မှ ဇန်နဝါရီလ ၁ ရက်နေ့ အထိ ငပုတောမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၀)ရာခိုင်နှုန်းမှ (၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မိုးရွာရန် ၈ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ မိုးရွာရန် ၀ မှ ၄ ရာခိုင်နှုန်း ရှိနိုင်ပါတယ်ခင်ဗျာ။  


    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်


    သရစ်ပိုး (လှေး)ပိုးက ရာသီဥတုပေါ်ကိုမူတည်ပြီးကျတဲ့ဖျက်ပိုးဖြစ်ပါတယ်။

    အပူချိန်မြင့်ပြီး စိုက်ခင်းစိုထိုင်းဆနည်းတဲ့အခြေအနေကိုကြိုက်နှစ်သက်ပါတယ်။

    ပန်းပွင့်များ၊အဖူးများထဲတွင်အဓိကတွေ့ရတတ်ပြီး ကျရောက်ဖျက်ဆီးမှုများပါက အပွင့်ကြွေခြင်း၊ အသီးမတင်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။

    နိုက်ထရိုဂျင်(N)ရွက်ဖျန်းအားဆေးအလွန်အကျွံသုံးတဲ့စိုက်ခင်းတွေမှာလည်း အကျများတာဖြစ်လို့ ရွက်ဖျန်းအားဆေးကိုအလွန်အကျွံမသုံးပါနဲ့။

    စိုက်ခင်းပတ်ဝန်းကျင်ပေါင်းမြက်များကိုလည်းရှင်းပေးပါ။

    ပထမအကြိမ်အနေနဲ့ Acetamiprid+ Cyantraniliprole ကိုမနက်ခင်းပိုင်းမှာဖျန်းပေးပါ။ စိုက်ခင်းကို အမြဲကွင်းဆင်းစစ်ဆေးဖို့လိုပြီး ၃ ရက်ခန့်ကြာပါကဒုတိယအကြိမ်အနေနဲ့ Spinosad ကိုဖျန်းပေးပါ။

    တတိယအကြိမ်ထပ်ဖျန်းဖို့လိုအပ်ပါက Dinotefuran ကိုအသုံးပြုနိုင်ပါတယ်။

      

    ငါး/ပုစွန်ကန်များအတွက် အကြံပြုချက် 

    အအေးဓာတ်ဘဲရှိပြီး မိုးရွာမယ့်နေ့ရက်တွေနည်းလာတာမို့ ငါး/ပုစွန်မွေး တောင်သူ ကြီးများအနေနဲ့ အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ- 

    - ကန်ဖော်ခြင်းကို ဆောင်ရွက်ရန်၊ 

    - ကန်ဖော်ရာတွင် အသုံးပြုသည့် ပိုက်ကွန်များကို သန့်ရှင်းစွာထားရှိရန်၊ 

    - အခြားငါးကန်သမားများထံမှ ပိုက်ကွန်နဲ့ အခြားငါးဖမ်း ဆက်စပ်ပစ္စည်းများ ငှားရမ်းအသုံးပြုမည်ဆိုပါက ဆေးကြောသန့်စင်ပြီးမှသာသုံးစွဲရန်၊ 

    - အလေအလွင့်နည်းပါးစေရန် ကန်ဖော်ခြင်းကို အေးတဲ့ အချိန်တွင် ဆောင်ရွက်ရန်၊ 

    Weather Source: CIAT 

    ------------------  

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက  

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download  

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483  

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes
0
comments
0
views
190