cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မွေးမြူ‌ရေးနှင့် ရာသီဥတုဆိုင်ရာ အကြံပြုချက်

. ရာသီဥတု သတင်းများ
အနီစက်ကဲ့သို့သော ဘက်တီးရီးယားရောဂါများကျရောက်လျှင် အစား တစ်ကီလိုဂရမ်တွင် အောက်ဆီ တက်ထွာဆိုဒ်ကလင်း (Oxytetracycline) သို့မဟုတ် အီရီသရိုမိုင်စင် (Erythromycin) သို့မဟုတ် ဆာဖာ မီသောက်ဇိုး (sulfamethoxazole)ကို ၃ ဂရမ်မှ ၅ ဂရမ်အထိ ထည့်ကျွေးပေးရန်၊
  • ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့မှ ဇန်နဝါရီလ (၆) ရက်နေ့အထိ ၁၀ရက်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်  ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်များအတွက်ကတော့

    မိုးညိုမြို့နယ်

    မိုးညိုမြို့နယ်မှာ ဒီဇင်ဘာလ (၃၁) ရက်နေ့မှ ဇန်နဝါရီလ (၆) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၁ အထိ ရှိနိုင်ပါတယ်။ ဇန်နဝါရီလ ၅ ရက်တွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၁ ရှိနိုင်ပြီး ကျန်သောရက်များမှာ မိုးရွာရန် ရာခိုင်နှုန်း မရှိနိုင်ပါ။ မိုးညိုမြို့နယ်၏ အမြင့်ဆုံးအပူချိန်မှာ ၃၅°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၁၆°C ရှိနိုင်ပါတယ်ခင်ဗျာ။

    လက်ပံတန်းမြို့နယ်

    လက်ပံတန်းမြို့နယ်မှာ ဒီဇင်ဘာလ (၃၁) ရက်နေ့မှ ဇန်နဝါရီလ (၆) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၁ အတွင်းရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မိုးရွာရန် ၁ ရာခိုင်နှုန်းရှိပြီး ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း မရှိနိုင်ပါ။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် မှာ ၁၆°C အမြင့်ဆုံးအပူချိန် ၃၃°C ထိရှိနိုင်ပါတယ်ခင်ဗျာ။

    သာယာဝတီမြို့နယ်

    သာယာဝတီမြို့နယ်မှာ ဒီဇင်ဘာလ (၃၁) ရက်နေ့မှ ဇန်နဝါရီလ (၆) ရက်နေ့အထိ မိုးရွာရန် ရာခိုင်နှုန်း ၀ မှ ၁ အတွင်း ရှိနိုင်ပါတယ်။ ဒီဇင်ဘာလ ၃၁၊ ဇန်နဝါရီ (၅) ရက်တွင် မိုးရွာရန် ၁ ရာခိုင်နှုန်းရှိနိုင်ပြီး ကျန်သောရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၀ သာရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အနိမ့်ဆုံး အပူချိန် ၁၇°C မှ အမြင့်ဆုံးအပူချိန် ၃၂°C ထိရှိနိုင်ပါတယ်ခင်ဗျာ။

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်

    ဒီတစ်ပတ်မှာ အအေးပိုလာနိုင်တာမို့ ငါး/ပုစွန်မွေးတောင်သူကြီးများအနေဖြင့် အောက်ပါအချက်တွေကို ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ်ခင်ဗျာ

    ငါးများ စိတ်ဖိစီးပြီး ရောဂါဝင်လာနိုင်တာမို့ ခုခံအားကောင်းစေတဲ့ အစာများကျွေးရန်၊

    ဗိုက်တာမင်စီဓါတ်ပါသော အစာများကိုထည့်ကျွေးရန်၊

    အနီစက်ကဲ့သို့သော ဘက်တီးရီးယားရောဂါများကျရောက်လျှင် အစား တစ်ကီလိုဂရမ်တွင် အောက်ဆီ တက်ထွာဆိုဒ်ကလင်း (Oxytetracycline) သို့မဟုတ် အီရီသရိုမိုင်စင် (Erythromycin) သို့မဟုတ် ဆာဖာ မီသောက်ဇိုး (sulfamethoxazole)ကို ၃ ဂရမ်မှ ၅ ဂရမ်အထိ ထည့်ကျွေးပေးရန်၊

    Weather Source: CIAT

    ------------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
2
comments
0
views
1322