cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှမ်းပြည်နယ်အတွက် တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
ရာသီဥတုအေးမြပြီး စွတ်စိုထိုင်းမှိုင်းနေတဲ့အခြေနေတွေမှာဆိုရင် ရောဂါဖြစ်ပွားမှု ပိုပြင်းထန်စေပါတယ်။ ဒေါင်းနီးရောဂါကို ကြိုတင်ကာကွယ်ဖို့အတွက်
  •  ရှမ်းပြည်နယ် မိုးရွာရန် မရှိပါ။

    ရှမ်းပြည်နယ်တောင်ပိုင်း ကလော အောင်းပန်း ဒေသတွေမှာ၂၀၂၅ ဇန်နဝါရီလ ၃ရက်နေ့မှ ၁၁ရက်နေ့အတွင်း အအေးပိုနိုင်ပါတယ်။

    ပို၍ပို၍ အေးတော့မည် - မူဆယ်ခရိုင် လားရှိုးခရိုင် ကျောက်မဲခရိုင် လောက်ကိုင်ခရိုင်ဒေသတွေမှာ နှစ်ပတ်အတွင်း wind chill ဆောင်းလေညှင်းလေးက အအေးပိုစေနိုင်ပါတယ်။

    Source: Su Su San

    ရှမ်းပြည်နယ်အတွင်းရှိ ကြက်သွန်ဖြူ ကြက်သွန်နီစိုက်တောင်သူများထံသို့

    စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်

    ရာသီဥတုအခြေနေအရ မနက်ခင်းပိုင်းနှင့် ညနေပိုင်းတွေမှာ အအေးပိုနေပြီး နေ့လည်ပိုင်းတွေမှာ အပူချိန်မြင့်တဲ့အတွက် ကြက်သွန်ပင်တွေမှာ ဒေါင်းနီးရွက်ခြောက်ရောဂါများကျရောက်နိုင်ပါတယ်။ ရာသီဥတုအေးမြပြီး စွတ်စိုထိုင်းမှိုင်းနေတဲ့အခြေနေတွေမှာဆိုရင် ရောဂါဖြစ်ပွားမှု ပိုပြင်းထန်စေပါတယ်။ ဒေါင်းနီးရောဂါကို ကြိုတင်ကာကွယ်ဖို့အတွက်

    (၁) မြေဆောင်ရောဂါဖြစ်တဲ့အတွက် အရင်ရောဂါကျဖူးတဲ့နေရာတွေမှာ စိုက်ပျိုးမယ်ဆိုရင် စိုက်ခင်းသန့်ရှင်းရေးဖို့နှင့် မှိုသတ်ဆေးများနှင့် ကြိုတင်ကာကွယ်ထားဖို့ လိုပါတယ်။

    (၂) မျိုးစေ့ဆောင်ရောဂါဖြစ်လို့ စတင်စိုက်ပျိုးချိန်မှာ ရောဂါကင်းတဲ့မျိုးကို ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။

    (၃) မြေအစိုဓါတ်လိုတာထက်မပိုစေရန် ရေအများကြီးမသွင်းသင့်ပါ။

    (၄) နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေးများ အလွန်အကျွံသုံးပါက ရောဂါပိုမိုဆိုးဝါးနိုင်ပါတယ်။

    (၅) ရောဂါကျလာပြီဆိုရင်တော့ မှိုသတ်ဆေးအနေနဲ့ Mefenoxam (သို့မဟုတ်) Metalaxy + Mancozeb ကို 20+10 နှုန်းထားနဲ့ဖျန်းပေးနိုင်ပါတယ်။

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက် 

    ရှမ်းပြည်နယ်မှာရှိတဲ့ ငါး/ပုဇွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- 

     ကန်ရေအပူချိန်ဟာ အမြဲကျနေတက်သဖြင့် ဖြည့်စွက်စာကျွေးနှုန်းကို လျော့ကျွေးရန်၊ 

     မြတ်နှင့် ဒိုက်ကဲ့သို့သော သဘာဝအစားအစာများကို အဓိကထား ကျွေးပေးရန်၊ 

     အရမ်းအေးတဲ့အတွက် ညဘက် အောက်ဆီဂျင်ပြတ်လက်နိုင်သဖြင့် အောက်ဆီဂျင်ရရှိရန် အပေါ်ရေ၊ အောက်ရေ လှယ်ပေးရန် သိုမဟုတ် တက်နိုင်ပါက ရေဒလတ် တပ်ဆင်လည်ပတ်ပေးရန်၊ 

    -----

    မိုးလေဝသ သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes
8
comments
0
views
1470