“ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဗီဒီယို သင်ခန်းစာ ကြည့်ပြီး ဖုန်းဘေကံထူးသူများ (၃,၄)”
စိုက်ပျိုးရေးနှင့် ငါးမွေးတောင်သူကြီးများ နေ့စဥ် မဖြစ်မနေကြုံတွေ့နေရသော ရာသီဥတု ဖောက်ပြန်ခြင်း၊ ပြောင်းလဲခြင်းများကြောင့် ဖြစ်ပွားနိုင်သော၊ ဖြစ်ပွားတတ်သော အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် နှင့် ခုခံနိုင်စွမ်းအားပိုမို ရရှိနိုင်ရန် ရည်ရွယ်ပြီး ထွက်တိုး နှင့် အခြားမိတ်ဖတ် အဖွဲ့ အစည်းများ မှ တောင်သူများနားလည်လွယ် အောင် ဗီဒီယိုအဖြစ် ဖန်တီး ပြုလုပ်ထားပါသည်။
(၁) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -
ငါးကန်ပတ်ခြာလည်တွင် ဇာပိုက်များဖြင့်ကာရံထားသင့်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ကန်အတွင်း ရေများတက်လာပါက ငါးများလွတ်ထွက်ခြင်းကို ကာကွယ်နိုင်ရုံသာမက ပြင်ပမှ အညစ်အကြေးများနှင့်အမှိုက်များ ဝင်ရောက်ခြင်းကိုကာကွယ်နိုင်ပါသည်။" ထို့ကြောင့် အဖြေမှန်မှာ (ဂ) နှစ်ခုစလုံး ဖြစ်သည်။
(၂) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -
ရေ၏ အရည်အသွေးကို စစ်ဆေးရန်အတွက် pH, ပျော်ဝင်အောက်စီဂျင် နှင့် အမိုးနီးယားများ ရေတွင်ပါဝင်နေမှုကို တိုင်းတာရန် စမ်းသပ်ကိရိယာများအသုံးပြုကာ စစ်ဆေးပါ။ အကယ်၍ ရေသည် အက်စစ်ဓာတ်များနေပါက ထုံးထည့်ပေးသင့်ပါသည်။ ထို့အတူ အောက်စီဂျင်ပမာဏထိန်းညှိပေးရန် အတွက် လေဒလက်များသုံးခြင်း၊ ရေလှည့်ပေးခြင်းများ ပြုလုပ်ပေးပါ။
ထို့ကြောင့် အဖြေမှန်မှာ (၂) လျော့ချသင့် (က) ထုံး ဖြစ်သည်။
ဖုန်းဘေလ်ကံထူးသူများအနေနဲ့ ထွက်တိုးဘက်မှ ဆက်သွယ်ပြီး ဖုန်းဘေဖြည့်ပေးသွားပါမယ်။ ထွက်တိုး မက်ဆင်ဂျာတွင်လဲ လာရောက်ဆက်သွယ်ပြီး ဆုများလာရောက်ထုတ်ယူနိုင်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်နော်။
ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့
ထွက်တိုးဆော့ဝဲလ်တွင် လေ့လာရန် - - https://htwettoe.com/download လင့်ကို နှိပ်ပြီး ဒေါင်းလုတ်ပါ။
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။