cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးကို ချက်စားနေလား? အစိမ်းလိုက်စားရင်ကော ဘယ်လိုလဲ?

. ငါးမွေးမြူရေးဆောင်းပါးများ
ငါးစားခြင်းက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ကြွယ်ဝတဲ့ ပရိုတင်း အရင်းအမြစ်ကို ရစေပါတယ်။ ဒါကြောင့် အစိမ်းလိုက်စားမယ်ဆိုရင်တော့ အဆိုပါဓါတ်တွေကို အပြည့်အဝ ရရှိမှာဖြစ်လို့ ကြွက်သားဖွံ့ဖြိုးရေးအတွက် လွန်စွာအထောက်အကူပြုပါတယ်။
  • ကျွန်တော်တို့တွေ နေ့စဉ်စားသောက်နေတဲ့ ဟင်းအမယ်မှာ ငါးဟင်းဟာ မရှိမဖြစ်ဆိုတာ အားလုံး အသိပါဘဲ။ သူ့မှာ ပရိုတင်း၊ အိုမီဂါ-၃ဓါတ်၊ ဗိုက်တာမင်နဲ့ အခြားသတ္တုဓါတ်တွေ ပါဝင်တာကြောင့် အမြတ် တနိုး ချက်စားကြပါတယ်။ ဒါပေမယ့် ငါးထဲမှာပါတဲ့ အချို့ဓါတ်တွေဟာ ချက်လိုက်ရင် ပျက်ပြယ်သွားပါ တယ်။ ဒါကြောင့် ယနေ့ခေတ်မှာ တစ်ချို့နိုင်ငံတွေဟာ ငါးကို အစိမ်းလိုက်စားလာတာ တွေ့ရပါတယ်။ အစိမ်းလိုက်စားခြင်းက ချက်စားတာထက် ကျန်းမာရေးကောင်းကျိုးတွေရှိပါတယ်။ အထူးသဖြင့် ကိုယ် အလေးချိန် လျော့ချရာနဲ့ ခန္ဓာကိုယ်ကြွက်သားတွေ တည်ဆောက်ရာမှာ များစွာအထောက်အကူ ပြုနေပါတယ်။ ဒါကြောင့် ငါးကို အစိမ်းလိုက်စားမယ်ဆိုရင် အောက်ပါကောင်းကျိုးတွေ ရရှိနိုင်ပါတယ်_ 

    ခန္ဓာကိုယ်အလေးချိန်လျော့ချရာတွင် အထောက်အကူပြုခြင်း 

    အဆီပါတဲ့ငါးတွေဖြစ်တဲ့ တူနာ (tuna)နဲ့ ဆော်မွန် (Salmon)ငါးတွေဟာ ပရိုတင်းဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အဆီတွေရှိပါတယ်။ ပြီးတော့ အခြားအသားတွေထက် ကယ်လို ရီပါဝင်မှုနည်းပါတယ်။ ဒါကြောင့် ဒီငါးတွေကို ချက်မစားဘဲ အစိမ်းလိုက် ရံဖန်ရံခါစားပေးခြင်းဖြင့် ကိုယ် အလေးချိန် လျော့ကျနိုင်ပါတယ်။  

    ခန္ဓာကိုယ်ကြွက်သားဖွံ့ဖြိုးဖို့ အထောက်အကူပြုခြင်း 

    ကျွန်တော်တို့တွေ သိပြီးဖြစ်တဲ့ ပရိုတင်းဓါတ်ဟာ ခန္ဓာကိုယ်ကြွက်သားဖွံ့ဖြိုးဖို့အတွက် လွန်စွာ အရေးကြီးပါတယ်။ ငါးစားခြင်းက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်ကြွယ်ဝတဲ့ ပရိုတင်း အရင်းအမြစ်ကို ရစေပါတယ်။ ဒါကြောင့် အစိမ်းလိုက်စားမယ်ဆိုရင်တော့ အဆိုပါဓါတ်တွေကို အပြည့်အဝ ရရှိမှာဖြစ်လို့ ကြွက်သားဖွံ့ဖြိုးရေးအတွက် လွန်စွာအထောက်အကူပြုပါတယ်။ 

    ဂရုပြုရမည့်အချက် 

    ငါးကို အစိမ်းလိုက်စားတာဟာ ကောင်းကျိုးတွေရှိပေမယ့် ဂရုပြုရမယ့်အချက်လေးကိုလည်း မျှဝေလိုပါတယ်။ အစိမ်းလိုက်စားမယ်ဆိုရင် အသားဟာ လက်ဆက်ရမှာဖြစ်သလို သေချာဆေးကြော ပြင်ဆင်ဖို့လိုပါတယ်။ အဲ့လိုမှမဟုတ်ရင်တော့ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးတွေဟာ ပါလာနိုင်တာမို့ သေချာ ကိုင်တွယ်ဖို့လိုပါတယ်။ 

    အချုပ်အားဖြင့် ပြောရရင် ကျွန်တော်တို့ရဲ့ နေ့စဉ်စားသောက်တဲ့ ပုံစံမှာ ငါးကို အစိမ်းလိုက်စားတာကို ထည့်သွင်းနိုင်မယ်ဆိုရင်တော့ ကောင်းကျိုးများစွာရရှိနိုင်ပါတယ်။ 

    Source: https://www.lamuscle.com/knowledge/LAMuscleNutrition/raw-v-cooked-fish-for-health


  • article
likes
1
comments
0
views
1319