ရန်ကုန်တိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ဇန်နဝါရီလ ၆ရက်နေ့မှ ၁၃ရက်နေ့အထိ မိုးရွာနိုင်တဲ့အလားအလာမရှိပါဘူး။ - နေ့အပူချိန် 32°C. ညအပူချိန် 17°C အထိလျော့ကျနိုင်ပြီးအေးမြသာယာနေပါလိမ့်မယ်။ - Source: Su Su San - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - ကန်ဖော်နေသည့် ငါး/ပုစွန်မွေး တောင်သူကြီးများအနေဖြင့် ငါးများ အနာသက်သာစေရန် မနက်ခင်း နေ အေးချိန်တွင် ဆောင်ရွက်သင့်ပါကြောင်း၊ - ကန်ရေအရောင်ဟာ မည်းနောက်နောက်ဖြစ်နေပါက နေ့ခင်းတွင် ကန်ရေ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင် နှုန်းကို ထုတ်ပစ်ပြီး ညအချိန်ရောက်မှသာ ပြန်ထည့်ပေးရန်၊ - ကန်ရေမျက်နှာပြင်တွင် ရေညှိများပေါက်ရောက်တဲ့ ကာလဖြစ်တဲ့အတွက် ကန်သန့်ရှင်းရေး ဆောင်ရွက် ပေးရန်၊ - အချို့ကန်များတွင် ကန်ရေအရောင်များ အရမ်းဖျော့နေတက်ပါက NPK မြေဩဇာကို ၁၀၀၀ ကုဗစ် မီတာတွင် ၁ ကီလိုဂရမ်မှ ၂ ကီလိုဂရမ်ထည့်ပေးရန်နဲ့ အဆိုပါပမာဏကို ၂ ရက်မှ ၃ ရက်အထိထည့် ပေးရန်၊ - ✦✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
