ခရမ်းချဉ်သီးယိုနှင့် ခရမ်းချဉ်သီးဆော့ ပြုလုပ်နည်း
ဆောင်းရာသီးမှာ များများ ရနိုင်တဲ့ ခရမ်းချဉ်သီးကို အပျင်းပြေ ယို လုပ်စားကြမလား ?? ခရမ်းချဉ်သီးဆော့ လုပ်ကြမလား??
ခရမ်းချဉ်သီးယို ပြုလုပ်နည်း
ပါဝင်ပစ္စည်း
ခရမ်းချဥ်သီး _ ၁ပိဿာ
သကြား _ ၂၅ ကျပ်သား မှ ၄၅ ကျပ်သား
ကွမ်းစားထုံး _ ၃ ကျပ်သား
ဆား - ၁.၆ ဂရမ်
ခရမ်းချဉ်သီး ယိုပြုလုပ်ရာတွင် အစေ့များ မပါဝင်စေရပါ။
အခွံ အနုများနှင့် အခြား အသီးအစိတ်အပိုင်းများ မပါဝင်ဘဲ နူးညံ့ရမည်။
အရည်ရွှမ်းပြီး နီနီရဲရဲ အသီးကို ရွေးချယ်သင့်သည်။
ပြုလုပ်ပုံ
• ခရမ်းချဉ်သီးယို ပြုလုပ်ရန် အတွက် အနီရောင် ခရမ်းချဉ်သီး အကြီးများကို ရွေးချယ် သုံးပေးပါ။
• ခရမ်းချဥ်သီး အညှာနေရာမှ ထိတ်ကိုဖယ်ပါ။ ခရမ်းချဥ်သီး ၁လုံး ကို ဒေါင်လိုက်ထောင်ကိုင်ပြီး ၄ပိုင်း ခွဲ၍ ဓါးဖြင့် ၄စိတ် စိတ်ပါ လုံးလုံးမပြတ်စေရ ။ အထဲက အစေ့ ထုတ်ရရုံ ၊ သကြားရည်ဝင်ရန် ဓါးရာခွဲပေးခြင်းဖြစ်ပါသည်။
• ပြီးနောက် ခရမ်းချဥ်သီး ၁ပိသာ ကို ကွမ်းစားထုံး ၃ကျပ်သားနှုန်း နဲ့ ၃နာရီကြာ ရေစိမ်ရမည်။
• စိမ်ထားစဥ် ၁၀ မိနစ် ၁ခါမွှေပေးပါ။ ၃နာရီပြည့်လျှင် ဆယ်ပါ ။
• ထုံးရည် များပြောင်အောင် သေချာ ဆေးကြောပါ။ ထုံးမပြောင်ပါက ရောဂါ ရနိုင်ကြောင့် သေချာပြောင်အောင်ဆေးပါ။
• ထုံး ပြောင်သွား လျင် ရေ ဇလုံထဲ ဆယ်ထည့်ပြီး အစေ့ထုတ်ပါ။
• အစေ့ထုတ်ပြီးနောက် ရေစစ်ပြီး ကော်ဇလုံထဲကော်ထည့်ပါ။
• သကြား ၄၅ ကျပ်သားထည့်ပြီးချာချာလှည့် ခလောက်ပါ။ သကြားနှံ့သွားလျှင် ဇကာပေါ်တင်နေလှန်းပါ။
• သကြားရည်က တစက်တစက်ကျနေပါလိမ့်မယ်။ ဇကာအောက်တွင် ခွက်ခံထားပါ။ တနေကုန်နေလှန်းထားပါ။ ညနေ နေအေးချိန်မှာ ပြန်ရုပ်ပါ။
• ပုရွက်ဆိတ် မတက်စေရန် ရေခွက် ခံသိမ်းပါ။ ဖုန်မဝင်အောင်အုပ်ဆိုင်းထားပါ။ နောက်နေ့ နေထွက်ချိန်တွင် ပြန်လှန်း ပါ။ အတော်အသင့် ခြောက်ပါက တစက်ချင်းကျတုန်းက ခံထားတဲ့သကြားရည်ကို ၃ပုံ ၁ပုံခမ်းအောင်ကြိုပါ။
• ၁ပုံခမ်းလျှင် ခရမ်းချဥ်သီးထည့်ပါ။ ဆားထည့်ပါ။ ပြီးနောက် မီး အတော်အေးအေးလေးဖြင့် ယိုထိုးပါ။
• ယိုထိုးနေစဥ် ခရမ်းချဥ်သီးလေး ကို ဒေါင်လိုက်ထောင်ပါ။
• ရေဓါတ်မကျန်သည်ထိမီးအေးအေးနဲ့ယိုထိုးပါ။ ထိုးပြီးရင် အစိုဓါတ် လုံးလုံးမကျန်အောင် နေထုတ်လှမ်းလှမ်းပေးရပါတယ်။
• လုံးလုံး ခြောက်သွားပါက စားလို့ရပါပြီ။
Reference - ဟင်းသီးဟင်းရွက်များ ရိတ်သိမ်းချိန်လွန် နည်းပညာ နှင့် ဈေးကွက်ဝင် ဝင်ငွေတိုးရန် ရိုးရှင်းသော နည်းလမ်းများစာအုပ်
ခရမ်းချဉ်သီးဆော့ ပြုလုပ်နည်း
ခရမ်းချဉ်သီးရဲရဲနီ အမှည့် (ripe tomatoes) ကို လေးစိတ်စိတ်ပြီး
ရေနည်းနည်းထည့် အဖုံးအုပ်ပြီး အိ နေအောင်ပြုတ်ပါ။
- ပြီးရင် blender နဲ့ ကြေအောင်ကြိတ်ပါ။
ကြိတ်ပြီးရင် ဆန်ခါ အစိပ်နဲ့ အနှစ်တိုက်ချပါ။ ( အစေ့နဲ့ အခွံ မပါစေရ)
ရလာတဲ့ အနှစ်ကို ဆား / (သကြား ၂ ဆ/ရှာလကာရေ ၁ ဆ) / အရောင်တင်မှုန့်( ငရုတ်သီးမှုန့် (အရောင်အတွက်)/ရေအနည်းငယ်ထည့်ပြီး
မီးအေးအေးနဲ့ အဆက်မပြတ် ၄၅ မိနစ်လောက် မွှေပေးပါ
အလိုလို နီရဲပြီး ပျစ်လာတာကို တွေ့ရပါမယ် (အရောင်ဆိုးဆေး (food colour) ထည့်စရာ မလိုပါ )
ရေ ကျန် မကျန် သိလိုပါက
အနည်းငယ် ယူပြီး ပန်းကန် နှုတ်ခမ်းမှာ တင်ကြည့်ပါ (ရေစိမ့်ထွက် မလာပါက ရပါပြီ )
ရေမကျန်ပါက နှစ်ချီပြီး အထားခံပါတယ်။
မိမိစားလိုတဲ့ အချိန်မှာ စားလို့ရအောင်
အခန်းအပူချိန်အတိုင်း အအေးခံပြီး
ဗူးသန့်သန့်နဲ့ လေလုံအောင် ထည့်ပိတ်ထားပါ။
စားတဲ့အခါ ဇွန်း အသန့်နဲ့ယူစားပါ။
Credit to original uploader