ပဲခူးတိုင်းအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြုံပြုချက်
- ယနေ့ ဇန်နဝါရီလ ၇ရက်နေ့မှ ၁၄ရက်နေ့အထိ - မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပါဘူး။ - ပျမ်းမျှနေ့အပူချိန် 32°C မှ အနိမ့်ဆုံးအပူချိန် 16°C အထိကျဆင်းနိုင်ပြီး အေးမြကြည်လင်သာယာနေပါလိမ့်မယ်။ - 06/01/2025 10:56am(MMT) - #တိကျမှန်ကန် - Su Su San - ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်း၊မတ်ပဲ၊ကြက်သွန်စိုက်တောင်သူများထံသို့…. - 🌱လက်ရှိရာသီဥတုအခြေအနေအရ သရစ်ပိုး(လှေးပိုး) ကျရောက်မှုများကိုတွေ့လာရသဖြင့် စိုက်ခင်းကိုသေချာကွင်းဆင်းစစ်ဆေးကြည့်ဖို့ အကြံပြုလိုက်ပါတယ်။ - 🌱သရစ်ပိုး (လှေး)ပိုးက ရာသီဥတုပေါ်ကိုမူတည်ပြီးကျတဲ့ဖျက်ပိုးဖြစ်ပြီး အပူချိန်မြင့်ကာ စိုက်ခင်းစိုထိုင်းဆနည်းတဲ့အခြေအနေကိုကြိုက်နှစ်သက်ပါတယ်။ - 🌱နိုက်ထရိုဂျင်(N)ရွက်ဖျန်းအားဆေးအလွန်အကျွံသုံးတဲ့စိုက်ခင်းတွေမှာလည်း အကျများတာဖြစ်လို့ ရွက်ဖျန်းအားဆေးများကိုအလွန်အကျွံအသုံးမပြုပါနဲ့။ - 🌱ပထမအကြိမ်အနေနဲ့ Acetamiprid+ Cyrantraniliprole ကိုမနက်ခင်းပိုင်းမှာဖျန်းပေးပါ။ - စိုက်ခင်းကို အမြဲကွင်းဆင်းစစ်ဆေးဖို့လိုပြီး (၃ ရက်ခန့်) ကြာပါက ဒုတိယအကြိမ်အနေနဲ့ Spinosad ကိုဖျန်းပေးပါ။ - 🌱တတိယအကြိမ်ထပ်ဖျန်းဖို့လိုအပ်ပါက Dinotefuran ကိုအသုံးပြုပါ။ - 🌱စိုက်ခင်းပတ်ဝန်းကျင်ပေါင်းမြက်များကိုလည်းရှင်းပေးနိုင်ရင်ရှင်းပေးပါ။ - 🌱ပိုး၊ရောဂါကင်းသောစိုက်ခင်းများ ရွက်ဖျန်းအားဆေးအဖြစ် အသီးအပွင့်ဝင်ချိန်တွင် ပိုတက်စီယမ်(K)အချိုး အဓိကပါဝင်သောရွက်ဖျန်းအားဆေးမျိုးကို ရွေးချယ်အသုံးပြုပါ။ - အအေးပိုလာနိုင်တာမို့ ငါး / ပုစွန်မွေးတောင်သူကြီးများအနေဖြင့် သတိပြုဖို့ အကြံပြုလိုပါတယ်ခင်ဗျာ ..... - 🐟ငါးများ စိတ်ဖိစီးပြီး ရောဂါဝင်လာနိုင်တာမို့ ခုခံအားကောင်းစေတဲ့ အစာများကျွေးရန်၊ - 🐟ဗိုက်တာမင်စီဓါတ်ပါသော အစာများကိုထည့်ကျွေးရန်၊ - 🐟အနီစက်ကဲ့သို့သော ဘက်တီးရီးယားရောဂါများကျရောက်လျှင် အစား တစ်ကီလိုဂရမ်တွင် အောက်ဆီ တက်ထွာဆိုဒ်ကလင်း (Oxytetracycline) သို့မဟုတ် အီရီသရိုမိုင်စင် (Erythromycin) သို့မဟုတ် ဆာဖာ မီသောက်ဇိုး (sulfamethoxazole)ကို ၃ ဂရမ်မှ ၅ ဂရမ်အထိ ထည့်ကျွေးပေးရန်၊ - ..... - သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
