မကွေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
၂၀၂၅ ဇန်နဝါရီလ ၇ရက်နေ့မှ ၁၇ရက်နေ့အထိ နေ့အပူချိန် 31°C မှ
ညအပူချိန် 14°C အထိ လျော့ကျနိုင်ကာ အအေးပိုလာစေနိုင်ပါတယ်။
ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ်။ မိုးရွာနိုင်အလားအလာမတွေ့ရှိရပါဘူး။
ISSUED TIME
07/01/2024 8:20am(MMT)
#တိကျမှန်ကန်
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆
မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုလားပဲစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်
လက်ရှိရာသီဥတု အခြေနေများအရ ကုလားပဲစိုက်တောင်သူများအနေနဲ့ စိုက်ခင်းများအတွင်းမှာ Fusarium ပင်ညှိုးရောဂါကြောင့် အပင်များညှိုးခြင်းနှင့် အပင်ငယ်များအစုလိုက် အကွက်လိုက် သေနေတာမျိုးတွေကို တွေ့ရနိုင်ပါတယ်။
ကုလားပဲပင်များကို Fusarium ပင်ညှိုးရောဂါကျရောက်ခဲ့ဖူးသောအကွက်တွင် စိုက်ပျိုးခဲ့ပါက
• ဘက်စုံကာကွယ်နှိမ်နင်းများ မဖြစ်မနေအသုံးပြုရန်လိုအပ်ပါသည်။
• ပင်ကြွင်းပင်ကျန်နှင် စိုက်ခင်းသန့်ရှင်းရေးဂရုစိုက်ဆောင်ရွက်ပါ။
• နိုက်ထရိုဂျင်မြေသြဇာ အလွန်ကျွံသုံးစွဲခြင်းကို ရှောင်ရှားပါ။
• မြေချဉ်ငန်ကိန်းကိုထိန်းညှိပေးပါ။ မြေချဉ်နေပါက (အက်စစ်ဆန်သောမြေများတွင်) မှိုများရှင်သန်နိုင်စွမ်းပိုများသည်။
• ဖြစ်နိုင်လျှင် သီးလှည့်စိုက်ပျိုးပါ။
• မြေပြင်ချိန်တွင် မြေဆွေး၊ ရိုင်ဇိုဘီယံ၊ ထရိုင်ဂိုဒါးမား၊ မိုက်ကိုရိုက်ဇာ များကို ထည့်သွင်းအသုံးပြုပါ။
• ရောဂါစတင်တွေ့ရှိပါက အပင်များကို Pyraclostrobin ဖျန်း၍ မြေပေါ်သို့ Hymexazol ဖျန်း၍ ကာကွယ်နိုင်ပါတယ်။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
မကွေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-
ကန်ဖော်ပြီး ငါးကန်များအနေဖြင့် ရေကိုအကုန်ထုတ်ပစ်ရန်၊
မျိုးငါးကန်များအနေဖြင့် ရေအရည်သွေးကို စစ်ပေးရန်၊
ကန်ရေသံချေးရောင်ဖြစ်နေပါက ပုလဲမြေဩဇာကို တစ်ဧကလျှင် ၆ ပိဿာခန့်ထည့်ပေးရန်၊
ကန်မျက်နှာပြင်ပေါ် ရေညှိတက်နေပါက တစ်ဧကလျှင် ဒုတ္ထာ ၆ဝ ကျပ်သား ထည့်ပေးရန်၊
✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752