cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆေးဖက်ဝင် ယာကွန်ဥ (ခေါ်) ရေကန်စွန်းဥ

. ကျန်းမာရေးဆောင်းပါးများ
ခန္ဓာကိုယ်အတွင်း ရေဓာတ်ခမ်းခြောက် မှုများဖြည့်စည်းပေး၍ နွမ်းလေ ချိုလေဖြစ်ပါသည်။ အခြားအာနိသင်အကျိုးကျေးဇူးများမှာ သွားပိုးစားခြင်းကိုကာကွယ်ပေးခြင်း၊ ဝမ်းမှန်၊ ဆီးမှန်စေခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ မကောင်းသောအဆီဓာတ်များကို
  • ယာကွန်ဥကို ဆေးဖက်ဝင်သည့်အပင် Superfood ဟုခေါ်ကြပါသည်။ Diet Potato ဟုလည်းခေါ်ကြ၍ ဝိတ်ကျစေရန်အတွက် အထောက်အကူပြုပါသည်။ ယာကွန်ဥ၏အရသာမှာ ပန်းသစ်တော်သီးကဲ့သို့ အရည်ရွှမ်းရွှမ်း၊ စိမ်းစားဥကဲ့သို့ ခပ်စပ်စပ်အရသာရှိပါသည်။ မြေကြီးထဲမှ ပန်းသီးဟုလည်းတင်စားကြ၍ ပန်းသီးသည် ဈေးကြီးသည့်အတွက် ပန်းသီးအစားထိုး ရောင်းချကြပါသည်။ ယာကွန်ဥတစ်လုံးစားပြီး ရေတစ်ခွက်အဝသောက်လျှင် ဟာနေသည့်ဝမ်းကို ပြည့်စေ၍ ပူနေသော ရင်ကိုလည်းအေးစေပါသည်။ ခန္ဓာကိုယ်အတွင်း ရေဓာတ်ခမ်းခြောက် မှုများဖြည့်စည်းပေး၍ နွမ်းလေ ချိုလေဖြစ်ပါသည်။ အခြားအာနိသင်အကျိုးကျေးဇူးများမှာ သွားပိုးစားခြင်းကိုကာကွယ်ပေးခြင်း၊ ဝမ်းမှန်၊ ဆီးမှန်စေခြင်း၊ ခန္ဓာကိုယ်အတွင်းရှိ မကောင်းသောအဆီဓာတ်များကိုဖယ်ရှားပေးခြင်း၊ သွေးအတွင်းရှိ အချိုဓာတ်များကိုလျော့နည်းစေခြင်း၊ အမျှင်ဓာတ်ပါ၍ အူမကြီးကင်ဆာကိုကာကွယ်‌ပေးခြင်း၊ အရွက်ကို (လက်ဖက်ခြောက်)အနေဖြင့် သောက်သုံးပါက သွေးသန့်စေခြင်း၊ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်၊ နှလုံးသွေးကြောကျဉ်း၊ အစာအိမ်နှင့်ဆီးကျောက်တည်ခြင်း၊ လေးဘက်နာ၊ ဘီပိုး၊ စီပိုးအကောင်ရေလျော့နည်း၍ နာတာရှည်ဝမ်းချုပ်ခြင်း စသည့် ရောဂါအများအပြားကို လျော့ပါးသက်သာပျောက်ကင်းစေကြောင်းသိရပါသည်။

    ယာကွန်ဥ (ခေါ်) ရေကန်စွန်းဥသည် ယခုလို မိုးအကုန်ဆောင်းအကူးတွင် ထွက်ရှိသော ရှမ်းပြည်ဒေသထွက် ပေါ်ဦးပေါ်ဖျား ရာသီစာတစ်မျိုးဖြစ်သည်။ ယာကွန်ဥ၏ ထူးခြားချက်မှာ ရိုးရိုးကန်စွန်းဥများကဲ့သို့ ပြုတ်စားစရာမလိုဘဲ အခွံခွာ၍အစိမ်းစားရသော ဥတစ်မျိုး ဖြစ်သည်။ ထိုယာကွန်ဥ၏ အရသာမှာ သစ်တော်သီးအစေ့လွတ် (သို့မဟုတ်) ပဲစီမ်းစားဥ ကဲ့သို့ အရသာဆင်ပေသည်။ အရည်ရွှမ်းပြီးချိုသောအရသာရှိသောကြောင့် အသားအရည်စိုပြေစေပြီး၊ ယခုလို အသားအရည်ခြောက်ကပ်စေသော ဆောင်းရာသီနှင့်အလိုက်ဖက်ဆုံးသော ဆေးဖက်ဝင်ဥတစ်မျိုးဖြစ်ပေသည်။ ထိုဥသည် ကျန်းမာရေးအတွက်လည်းများစွာ အထောက်အကူပြုပေသည်။

    ယာကွန်ဥကို ရှမ်းပြည်နယ် (တောင်ပိုင်း) နောင်တရားမြို့နယ်တွင် အများဆုံးစိုက်ပျိုးကြောင်း သိရှိရပါသည်။ ဒေသခံများအနေဖြင့် ဈေးထဲတွင်လည်ကောင်း၊ Online ရောင်းချသူများထံတွင်လည်ကောင်း အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး ကျန်မြို့များမှ မှာယူလိုပါက ကားဂိတ်များမှတစ်ဆင့် ရောင်းချပေးလျက်ရှိကြပေသည်။ ထိုကြောင့် ယခုလိုဆောင်းရာသီတွင် စားပေးသင့်သော ဆေးဖက်ဝင်ရာသီစာ တစ်မျိုးဖြစ်သည်ဟု အကြံပြုရေးသားတင်ပြလိုက်ရပေသည်။

    Source: DOCA(ပဲခူး), DOCA(ရှမ်း)

    ✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
  • article
  • article
  • article
likes
5
comments
1
views
1420