ဧရာဝတီတိုင်းအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် စပါးအကြံပြုချက်
ဧရာဝတီတိုင်း ဒေသကြီးတွေမှာ ၂၀၂၅ ဇန်နဝါရီလ ၉ ရက်နေ့မှ ၁၆ ရက်နေ့အထိ မိုးရွာနိုင်တဲ့အလားအလာမတွေ့ရှိရဘဲ နေ့အပူချိန် 32°C မှ ညအပူချိန် 16°C အထိကျဆင်ဆင်းကာ အေးမြကြည်လင်သာယာနိုင်ပါတယ်။
Source: Su Su San
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်တောင်သူများထံသို့...
စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်
- ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်တောင်သူများ လက်ရှိအပင်ငယ်စဥ်တွင် စိုက်ခင်းထဲရေလွှမ်းရက်ကြာရှည်ပြီး ရွက်လိပ်ရွက်ကပ်ပိုးများကျရောက်မှုကို ကြုံတွေ့နေရသောကြောင့်ရွက်လိပ်ရွက်ကပ်ပိုးနဲ့ ပတ်သတ်ပြီးကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
- ရွက်လိပ်ရွက်ကပ်က စိုထိုင်းဆကြာရှည်ပြီး အေးမြတဲ့ရာသီဥတုကို ကြိုက်တဲ့ပိုးအမျိုးအစားဖြစ်ပါတယ်။
- စပါးပင်ငယ်စဥ်မှာကျရောက်ရင် ထိခိုက်မှုသိပ်မများပါဘူး။
- ကျရောက်မှုမများသေးရင် တမာပိုးသတ်ဆေးလိုသဘာဝပိုးသတ်ဆေးကိုသုံးနိုင်ပါတယ်။
- မလိုအပ်ပဲ ဓာတုဆေးသုံးဖို့မလိုပါဘူး၊ ကျရောက်မှုများရင်တော့ နိုက်ထရိုဂျင် (ပုလဲ)ကိုချင့်ချိန်ထည့်ပါ။
- ပိုတက်စီယမ် (K) + ဆီလီကာ (Si ) ကိုအဓိကထားပြီးထည့်ပေးရင် ပိုးကိုအတိုင်းအတာတစ်ခုထိကာကွယ်နိုင်ပါတယ်။
- ရွက်လိပ်ရွက်ကပ်ဆိုးရွားစွာကျရောက်ပါက ဓာတုဆေးအနေနဲ့- Monosultap, Chlorantraniliprole, Cartap hydrochloride ကိုရွေးချယ်နိုင်ပါတယ်။
· ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
· ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုဇွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ-
· တစ်ဝက်တစ်ပြတ်ကန်ဖော်မယ့် ငါး/ပုစွန်မွေး တောင်သူကြီးများအနေဖြင့် လက်ကျန်ငါးများကို ရေကြည်နေသည့် အခြားငါးကန်သို့ ပြောင်းရွေ့ထားရန်၊
· အကယ်၍ မူရင်းကန်ထဲတွင် ပြန်မွေးမည်ဆိုပါက ရေနောက်နေနိုင်တဲ့အတွက် ကန်သန့်ရှင်းရေးဆောင် ရွက်ပြီးမှသာ ကန်ထဲသို့ ပြန်ထည့်ရန်၊
· ပြန်မွေးမယ့် ကန်သန့်ရှင်းရေးအတွက် တစ်ဧကလျှင် ထုံး ၁၅ ပိဿာခန့်ထည့်ရန်၊
· တစ်ဝက်တစ်ပြတ်ကန်ဖော်ရာတွင် ရေအကုန်မထုတ်ဘဲ အတော်အသင့်အနေထားဖြင့် ကန်ရေချန် ထားရန်၊
· တစ်ဝက်တစ်ပြတ် ကန်ဖော်ပြီးပါ လက်ကျန်ငါးများကို တစ်ရက်ခန့် အစာကျွေးခြင်းကို ရပ်ဆိုင်းထားရန်၊