cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမွေးကန်တွင်သုံးသည့် ထုံးအမျိုးအစား နှင့် pH တန်ဖိုးများ

. ငါးမွေးမြူရေးဆောင်းပါးများ
သုံးမည့် ရေနှင့်ဓာတ်ပြုပြီး ဓာတ်ငွေ့များထွက်သောကြောင့် ရေပူဘောင်းများပေါ်ထွက်လာခြင်း၊ အပူဓာတ်ပေါ်ထွက်လာခြင်း ရှိပါက အရည်အသွေးကောင်းသောထုံး ဖြစ်ပါသည်။
  • ကွမ်းစားထုံးမှာ ဖောက်ထုံးအစစ် ဖြစ်ပါသည်။ အဖြူရောင်ရှိပြီး ကယ်ဘီယမ်ဒြပ်ပေါင်း ဖြစ်ပါသည်။ ပါဝင်သောပစ္စည်း အမျိုးမျိုးမှာ ခရုခွံ Ca(OH)2၊ မဖောက်ထုံး (CaO)၊ လယ်ယာသုံးထုံး (CaCO3)၊ ဒိုလိုမိုက်ထုံး CaMg(CO3)2 စသည်တို့ ဖြစ်ပါသည်။ ထုံးအမျိုးမျိုးရှိသည့်အနက် မဖောက်ထုံးမှာ ငါးမွေးကန်အတွက် အသုံးဝင်သောထုံး ဖြစ်ပါသည်။ ၎င်းထုံးမှာ ကျောက်တုံးကဲ့သို့ မာကျောပါသည်။ ငါးကန်တွင် အကျိုးရှိစွာ အသုံးချနိုင်ပါသည်။

    ထုံးအရည်အသွေးခွဲခြားခြင်း

    ထုံးအနည်းငယ်ကို ဖန်ခွက် (သို့မဟုတ်) သတ္တုခွက်အတွင်း ထည့်၍ ထုံးအရည်အသွေးကို စစ်ဆေးနိုင်ပါသည်။ သုံးမည့် ရေနှင့်ဓာတ်ပြုပြီး ဓာတ်ငွေ့များထွက်သောကြောင့် ရေပူဘောင်းများပေါ်ထွက်လာခြင်း၊ အပူဓာတ်ပေါ်ထွက်လာခြင်း ရှိပါက အရည်အသွေးကောင်းသောထုံး ဖြစ်ပါသည်။ ထုံးအရည်အသွေး ကောင်း/မကောင်းကို ဝယ်ယူရာတွင် ဤနည်းဖြင့် စစ်ဆေး နိုင်ပါသည်။

    ထုံးအသုံးဝင်ပုံ

    ·      ရေကိုကြည်လင်စေခြင်း

    ·      ရေတွင်အနည်များကိုထိုင်စေခြင်း

    ·      ကန်ရေနှင့်ကန်ခြေတွင် အက်ဆစ်ဓာတ်များကိုလျော့နည်းစေခြင်း

    ·      ငါးကန်အတွက် အန္တရာယ်ရှိသောဓာတ်ငွေ့များကို ဖယ်ရှားပေးခြင်း

    ·      စံ တန်ဖိုးမြင့်မားစေခြင်း

    ·      မြေသြဇာဓာတ်များ၏ အာနိသင်ကို တိုးပွားစေခြင်း

    ·      သဘာဝအစာမျှောလှေများ ကန်တွင်းပေါက်ပွားမှုများပြားလာစေရန် အထောက်အကူပြုခြင်း

    ·      ထုံးဓာတ်ကိုဖြည့်ဆည်းပေးခြင်း

    ·      သြဂဲနစ်ဒြပ်ပေါင်းများ လျင်မြန်စွာပြိုကွဲစေရန် ပံ့ပိုးပေးခြင်း

    ·      ကန်ရေအတွင်းရှိကပ်ပါးကောင်းများ၊ ရောဂါပိုးများကိုသုတ်သင်ပေးနိုင်ခြင်း

    pH နှင့် အသုံးချခြင်း

    pH တန်ဖိုးသည် (၇) ဖြစ်ပါက ရေသည် မျှခြေသဘာဝတွင် ရှိပါသည်။

    pH တန်ဖိုးသည် (၇) အောက်ဖြစ်ပါက ရေသည် အက်စစ်သဘာဝ အသွင်ဆောင်ပါသည်။

    pH သည် (၇) အထက်ဖြစ်ပါက ရေသည် အယ်လ်ကာလီ အသွင်ဆောင်ပါသည်။ 

    Type of lime and pH value in fish culture

    WorldFish Myanmar, Fish for Livelihoods

     တစ်ပိုင်တစ်နိုင်ငါးမွေးမြူခြင်း, ၂၀၂၄ ခုနှစ်

    ---------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
likes
4
comments
0
views
2264