မန္တလေးတိုင်းအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
ရမည်းသင်းခရိုင် ပျော်ဘွယ်ခရိုင် မိတ္ထီလာခရိုင် ညောင်ဦးခရိုင် မြင်းခြံခရိုင် ကျောက်ဆည်ခရိုင် ပြင်ဦးလွင်ခရိုင် မန္တလေးခရိုင် စစ်ကိုင်းခရိုင် ဒေသတွေမှာ နေ့အပူချိန် 31°C ညအပူချိန် 15°C အထိကျဆင်းနိုင်ပြီး အေးမြကြည်လင်သာသာယာရှိနေပါလိမ့်မယ် မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပါဘူး။
ညအပူချိန်များ ကျဆင်းပါမယ်။
#တိကျမှန်ကန်
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကြက်သွန်စိုက်တောင်သူများထံသို့စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကြက်သွန်စိုက်တောင်သူများ ဂျိုလိမ်ရောဂါကို အထူးသတိပြုသင့်ပါတယ်။
ဂျိုလိမ်ရောဂါကာကွယ်နှိမ်နင်းဖို့အတွက်-
- မျိုးစေ့ဆောင်ရောဂါဖြစ်တဲ့အတွက် ရောဂါကင်းသောမျိုးများအသုံးပြုပါ။
- ရိုးပြတ်များနှင့် မျိုးရိုးတူ လက်ခံပင်များကို ရှင်းလင်းဖယ်ရှားပါ။
- စိုက်ခင်းအတွင်း ရေမဝပ်ပါစေနဲ့။
- ရောဂါကျရောက်နေပါက အပေါ်မှရေဖျန်းခြင်းကို ရှောင်းရှားပါ။
- အကျိုးပြုမှို ထရိုင်ကိုဒါးမားနှင့် အကျိုးပြု ဘက်တီးရီးယား ဆူဒိုမိုးနပ်စ်များကို မြေကြီးထဲထည့်ခြင်း၊ အပင်ဖျန်းခြင်းများလုပ်ဆောင်ပေးပါ။
- ပရိုပီကိုနာဇိုး၊ ဟက်ဇာကိုနာဇိုးစတဲ့ မှိုသတ်ဆေး များကို အသုံးပြုခြင်းဖြင့် ဂျိုလိမ် ရောဂါကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
မန္တလေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-
ငါးဖော်ပြီး ကန်များအနေဖြင့် ရေကို အကုန်ထုတ်၍ ပတ်ကြားအက်သည်အထိထားရန်၊
ကန်အောက်ခြေနွံများကို ဖယ်ထုတ်ပစ်ရန်၊
ရောက်နှောမွေးမြူစနစ်ဖြင့် တစ်တက်တစ်ပြတ်ကန်ဖော်ပြီးနောက် ဆက်လက်မွေးမြူတဲ့ ငါးကန် သမားများအနေဖြင့် ကန်ရေလှယ်ပေးရန်၊
မိုးရွာသွန်းမှုမရှိချိန် ကန်ရေချဉ်ဖန်နှုန်းတက်လာနိုင်တဲ့အတွက် တစ်ဧက ပုလဲ ၆ ပိဿာခန့်ထည့်ပေးရန်၊
ငါးအနီစက်ရောဂါကဲ့သို့သော ဘက်တီရီးယားရောဂါများကျရောက်နိုင်တဲ့အတွက် တစ်ဧက လျှင် ထုံး ၁၅ ပိဿာနဲ့ ဆား ၁၅ ပိဿာထည့်ပေးရန်၊
----------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - - https://www.facebook.com/groups/4200052776702483 တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။