cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် "( ၆. ၁ . ၂၀၂၅ မှ ၁၀. ၁. ၂၀၂၅)

. ဈေးကွက်သုံးသပ်ချက်
ဒီတစ်ပတ်မှာ ​မြေပဲ စျေးတက်လာပြီး ပဲတီစိမ်း အတက်စျေးနဲ့ ငြိမ်ပါတယ်။ မတ်ပဲက စျေးအေးနေပြီး ပဲစင်းငုံက စျေးတန်းထပ်ကျပါတယ်။
  • မတ်ပဲ

    မတ်ပဲ ကတော့ ဒီတစ်ပတ်မှာ စျေးအတက်အကျအပြောင်းအလဲကြီးကြီးမားမားမရှိပါဘူး။ အိန္ဒိယနိုင်ငံမှာ မတ်ပဲအသစ်ပေါ်ပြီးစျေးကွက်ထဲဝင်ရောက်မှုရှိနေလို့ စျေးတန်းအတက်နှေးနေပါတယ်။ အိန္ဒိယဂယက်နဲ့အတူ မြန်မာမှာလည်းမတ်ပဲအသစ်တွေပေါ်ပြီး ရောင်းအားများနေ တာကြောင့် စျေးတန်းအေးနေဆဲဖြစ် ပါတယ်။ 

    ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ (FAQ )တစ်တန်ကို ၃၁၉၅၀၀၀ ကျပ် သိန်းကျော်ရှိပါတယ်။ အရင်အပတ်က တစ်တန်ကို ၃၁၉၇၀၀၀ ကျပ်ရှိခဲ့ ပါတယ်။ မန္တလေးစျေးကွက်မှာတော့ မတ်ပဲ ပိဿာ ၆၀ အသစ်က ၂၈၀၀၀၀ မှ ၃၀၅၀၀၀ ကျပ်ရှိ ပါတယ်။ 

    ပဲစင်းငုံ

    ပဲစင်းငုံကတော့ အခုအပတ်မှာလည်း  တစ်တန်ကို ၄၀၀၀၀ လောက် စျေးထပ်ကျပါတယ်။ ပြည်တွင်းမှာ ပဲအသစ်တွေပေါ်နေတဲ့အပြင်အိန္ဒိယကလည်း ပဲအဝယ်အေးနေတာကြောင့် ပဲစင်းငုံ စျေးတန်းအေးနေတာ ဖြစ်ပါတယ်။ ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ တစ်တန်ကို ၃၀၇၅၀၀၀ ကျပ်သာရှိပါတယ်။ အရင်တစ်ပတ်က တစ်တန်ကို ၃၁၁၅၀၀၀ ကျပ် ရှိပါတယ်။ မန္တလေးစျေးကွက်မှာတော့ ဒီတစ်ပတ်မှာလည်း ပဲစင်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာတွေ့ရပါတယ်။

    မြေပဲ

    မြေပဲဆံစျေးကွက်ကတော့ ခုရက်ပိုင်းမှာ စျေးတက်လာတယ်လို့သိရပါတယ်။ မြေပဲဆံကို ပြည်ပအဝယ်မရှိပေမယ့်လည်း ဆီစက်ပိုင်တွေကဝယ်လိုအားရှိခြင်း ၊လုပ်ငန်းသုံးသမား ဝယ်ယူမှုရှိခြင်းကြောင့်မြေပဲစျေးမြင့်တက်လာတာဖြစ်ပါတယ်။ မကွေးမှာမြေပဲဆံစျေးက မြေပဲအနီလုံးဆံတစ်ပိဿာကို တစ်ပိဿာ ၈၅၀၀ ကျပ်၊မြေပဲအဖြူလုံးဆံတစ်ပိဿာကို ၈၈၀၀ မှ ၉၀၀၀ ကျပ်၊ မြေပဲဆံအောက်ကျ ( ခွဲခြမ်း) တစ်ပိဿာကို ၇၅၀၀ မှ ၇၇၀၀ ကျပ်ရှိတယ်လို့သိရပါတယ်။

     မန္တလေးကုန်စည်ဒိုင်မှာတော့ S1 လုံးဆံက ၉၀၀၀ ကျပ်၊ S1 ဆီဆံက ၈၅၀၀ မှ ၈၆၀၀ ကျပ်၊ အနီလုံးဆံ ၈၆၀၀ မှ ၈၉၀၀ ကျပ်၊ အဖြူလုံးဆံ ၉၀၀၀ မှ ၉၂၀၀၀ ကျပ်ရှိနေပါတယ်။

     ပဲတီစိမ်း

    ပဲတီစိမ်းကတော့ ဒီတစပတ်မှာ အတက်အကျမရှိ စျေးတန်းငြိမ်နေပါတယ်။ ပဲတီစိမ်းထဲမှာ ရန်ကုန်က ထွက်တဲ့ခရမ်းရွှေဝါက စျေးတန်းအမြင့်ဆုံးဖြစ်ပြီး ပဲခူးရွှေဝါက ဒုတိယစျေးတန်းအမြင့်ဆုံး ဖြစ်ပါတယ်။ လက်ရှိက ဆောင်းပဲအသစ်တွေမပေါ်သေးပါဘူး။ ပဲတီစိမ်းအညာနဲ့ဝါးခယ်မကတော့ စျေးတန်းငြိမ်နေပြီး ပဲအသစ်တွေစျေးကွက်ထဲဝင်ရောက်မှုရှိနေပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က ၅၅၈၀ ကျပ်၊ (ပဲခူးရွှေဝါ)က ၅၂၅၀ ကျပ်၊ ဝါးခယ်မ FAQ က ၄၆၆၅ မှ ၄၆၈၅ ကျပ်၊ ပဲတီစိမ်းအညာ တစ်ပိဿာ ကို ၄၉၁၅ မှ ၄၉၃၅ ကျပ်နဲ့ငြိမ်နေတာဖြစ် ပါတယ်။ မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)သုံးတင်းဝင်တစ်အိတ်ကို အမြင့်ဆုံး ၃၀၀၀၀၀ ကျပ်ရှိပြီးအရင်တပတ်ကထက် ၅၀၀၀ ကျပါတယ်။

    (AMIA)

    -----------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437

    ထွက်တိုးငါးတောင်သူများအဖွဲ့_ https://htwettoe.com/organization/စီးပွားဖြစ်ငါးမွေးမြူရေး


  • article
likes
3
comments
0
views
1855