ရှမ်းပြည်နယ်အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
၂၀၂၅ဇန်နဝါရီလ ၁၂ရက်နေ့မှ ၁၉ရက်နေ့အထိ ရှမ်းပြည်နယ်ဒေသကြီးမှာ မြူနှင်းများစွာကျရောက်ပြီး အအေးပိုစေနိုင်ပါတယ်။
Weather Source: Su Su San
ရှမ်းပြည်နယ်အတွင်း ပြောင်းစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်
ပြောင်း အပါအဝင် သီးနှံအမျိုးပေါင်း (၈၀) ကျော်ကို စားသောက် ဖျက်ဆီးတဲ့ ဖောငမြောင်တောင် သတိပြုပါ။
ဖောငမြောင်တောင် ကာကွယ်နှိမ်နင်းနိုင်ရန်
၁။ စိုက်ပျိုးချိန်နောက်ကျခြင်းကို ရှောင်ပါ။
၂။ ငမြှောင်တောင်ပိုး ဒဏ်ခံနိုင်ရည်ရှိသော မျိုးစိုက်ပါ။
၃။ မီးထောင်ချောက် Light Trap များအသုံးပြုရန်။
၄။ ပိုတတ်ရှ်မြေသြဇာကို မဖြစ်မနေထည့်ပေးရန်။
၅။ စိုက်ခင်းကို နှစ်ရက်တစ်ကြိမ်ပုံမှန်စစ်ဆေးပါ။
၆။ ပိုးသတ်ဆေးအနေနှင့် လမ်ဒါဆိုင်ဟေလိုသရင်+အီမာမက်တင်ဘန်ဇိုအိတ်၊ ကလိုရန်ထရန်နီလီပရိုးလ်၊ အင်ဒိုဇာကပ် နှင့် ပရိုဖီနိုဖော့စ် ဆေးများကို အသုံးပြုနိုင်ပါတယ်။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
ရှမ်းပြည်နယ်မှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-
- ရာသီဥတုအရမ်းအေးနေချိန်ဖြစ်၍ အစာကျွေးခြင်းကို သတ်မှတ်နှုန်းတားအောက် လျော့ကျွေးရန်၊
- အနွေးဓါတ်ဝင်ချိန် နံနက် ၉:ဝဝ နာရီမှ ညနေ ၃:ဝဝ အတွင်းသာ အစာကျွေးခြင်းကို ဆောင်ရွက်ရန်၊
- ငါးရဲ့ ကိုယ်အလေးချိန်ရဲ့ ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိသာ အစာကျွေးရန်၊
- အေးတဲ့ရာသီဥတုမှာ ငါးတွေ စိတ်ဖိစီးမှုလျော့စေဖို့နဲ့ ခုခံအားတက်စေဖို့ ဗိုက်တာမင်စီကို အစာနဲ့ ရောကျွေးရန်၊
- ပျော်ဝင်အောက်ဆီဂျင်ရရှိရေးကို အထူးဆောင်ရွက်ပေးရန်၊
---------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။