အိမ်မှာပဲ ဆီးယိုထိုးစားကြမယ် 🍒🍒🍒
ဆီးယိုအချို/စပ်ထိုးနည်း
ဆီးသီးခြောက် 300g
ထန်းလျက်က 350g
ဆား အနည်းငယ်
လိမ္မော်ခွံ အနည်းငယ်
ဆီးသီးကို ရေ ဆားအနည်းငယ် ထည့်ပြီးနူးအောင်ပြုတ်ထားပါ။
ပြုတ်ပြီရေစစ်ထားပါ။ ထန်းလျက်ကို ရေအနည်းငယ်ထည့် ကျိုပါ။
ကျိုပြီသား အရည်ကို သဲတွေစင်အောင် ရေစစ်နဲ့စစ်ပါ။
ပြီးနောက် ညောင်းစေးရအောင်ပြန်ကျိုပါ။ ပါးပါးလှီးထားသော လိမ္မော်ခွံ ထည့်ပါ။
ဆီးသီးပြုတ်ထားတာထည့်မွှေ ပါ။
ရေခမ်းခါနီး မဆလာထည့်မွှေပါ။ အစပ်စားချင်ပါက ငရုတ် မှုန့် ထည့်ပါ။
Credit ဆွေဇင်
ဆီးနာနတ်ယို ထိုးနည်း
ဆီးသီးခြောက် နို့ဆီဘူး (၁) ဘူးကို ရေ ဖြင့် ၃ ကြိမ်- ၄ ကြိမ် ခန့် သန့်စင်အောင် ဆေးပါ။ပြီး နောက် ဆား ရည်ထဲ စိမ်ထားပါ။
ရေ နွေး ဆူဆူ ထဲသို့ ဆားရည်မှ ဆယ်ယူထားသော ဆီးသီးများကို ( ၅) မိနစ် ခန့် ပြုတ်ပါ။ အအေး ခံပါ
ထန်းညှက်ခဲ (၁၅ -၂၀) ခန့်ကို ကျိုပါ။ ဆားအနည်းငယ်ထည့်ပါ။ အိုးမှချ ပြီးလျှင် ရေစစ်ဖြင့် စစ်ပါ။
ပြုတ်ပြီးသား ဇီးသီးကို အညှာ ချွေ သန့်စင်အောင် လုပ်ပါ။ ဆီးသီး လေးများကို အရသာဝင်စေရန် အနည်းငယ်မွန်းပါ။ပြီးနောက် ဆီးသီး ပြုတ် အသန့် ကို အိုးထဲသို့ အရင်ထည့်ပါ။ ထန်းညှက်ရည် နှင့်ဆား ထည့်ပါ။အချိုကြိုက်လျှင် ပိုထည့်ပါ။
အရသာနှံ့အောင် အထက်အောက် မွှေပါ။ ( ၄၅- ၆၀ ) မိနစ် ခန့် နှံ့အောင် မွှေပြီးနောက် နာနတ်သီး စိပ်များ ထည့်ပါ။
အရသာ စမ်းကြည့် ပြီးနောက် ထန်းညှက်ရည် ၊ ဆား ထည့်ပါ။ မွှေပါ။
နာနတ်သီးနှင့် ဆီးသီးများ ပျော့လာပြီး အရောင်ပြောင်းလာပြီဆိုပါက မဆလာ၊ အစပ်ကြိုက်ပါ ငရုတ်မှုန့်ထည့်ပါ။
အရသာနှံ့စပ်အောင် ( ၃-၄) မီနစ် ခန့် ထပ်မွှေပါ။
စေးကပ်လာပြီး မိမိကြိုက်သော အခြေအနေရောက်လျှင် အအေးခံ စားသုံးနိုင်ပါသည်။
✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752