ဆောင်းသီးနှံ၌ ကြုံတွေ့နေရသော အပင်ကျစ်ခြင်း၊ ကြီးထွားမှုနှေးကွေးခြင်း (၂)
- မေးနေကြသူများ၍ ရေးသားရခြင်းဖြစ်ပါတယ်။ - ဆောင်းသီးနှံ ပဲမျိုးစုံစိုက်ကြသူတိုင်း ကြုံတွေ့နေရတဲ့ပြဿနာဖြစ်ပြီး နိူဝင်ဘာလနောက်ဆုံးပါတ်၊ ဒီဇင်ဘာလအတွင်း ထွန်ယက်စိုက်ပျိုးသူတိုင်း ကြုံတွေ့နေကြရတာပါ။ - ထိုအချိန်များတွင် စိုက်ပျိုးကြသည့် စိုက်ခင်းများ၏ အခြေအနေတွေကို မျက်မြင်အတိုင်း ပြောရလျင် - ယခုအချိန်တွင် တွေ့နေရသော - ♥ အပင်ကျစ်၍ ထိုင်နေခြင်း။ - (အပင်ပု၊ အကိုင်းတို၊ - အစိမ်းရင့်ရောင်ဖြစ်) - ♥ အပင်ဖြစ်ထွန်းမှု နောက်ကျခြင်း။ - ♥ အရွက်များခုံးနေခြင်း တွန့်နေခြင်း(စုတ်စားပိုးနှင့်မှားယွင်းပြီး စုတ်စားပိုးဖြန်း) - ♥ အပွင့်မပွင့်နိုင်၊ မသီးနိူင် - အပွင့်အသီး မလှိုင်ခြင်း ဖြစ်နေတာ - နောက်ကျနေတာ၊(လှေးကြောင့်ထင်ပြီး လှေးဆေး လှိမ့်သုံး) - ဖြစ်နေကြတာပါ။ - ထိုသို့သောအခြေအနေတွင် စိုက်ပျိုးသူများသည် - ♥မိမိတို့အပင်တွေ ဖြစ်ထွန်းမှုအားနည်းနေတယ်၊ - ♥ ဟုတ်မှဟုတ်ပါ့မလား၊ - ♥ စိုက်ပျိုးချိန်နောက်ကျလို့ထင်တယ်၊ - ♥ မျိုးကလည်း အများကြီးသုံးထားတယ်၊ - ♥ ဒါတောင်အပင်က မတက်ဘူး၊ - ♥ ပိုး၊ရောဂါ နှိပ်စက်နေတာ၊ - ♥ ဆေးကောင်းကောင်းသုံးမှဖြစ်မယ်၊ - ♥ ဟိုဆေးကနာမည်ကြီးတယ် ဝယ်သုံးမှပါ၊ - ဆိုပြီး အားမလို အားမရဖြစ်ကာ နီးစပ်ရာ ပိုးသတ်ဆေး အရောင်းဆိုင်သို့ သွားပြီး (အပေါဆုံးက ဆေးဆိုင်ကိုး ဘာမှမသိ မတတ်ဘဲ လာတာနဲ့ ရောင်းမယ်ဆိုတဲ့လူက များတယ်လေ) - ဒီတော့ - ♥ အပင်တက်တဲ့ဆေး၊ - ♥ အပင်အားကောင်းတဲ့ဆေး၊ - ♥ ပိုးနိူင် ရောဂါနိူင်တဲ့ဆေး၊ - ♥ ဘယ်လောက်ကုန်ကုန် လိုခြင်တယ်၊ - ဆိုတော့ ဆေးဆိုင်များ အကြိုက်ဖြစ်ပါလေရော။( အပင်ဘယ်လိုဖြစ်နေလဲ ဘာဖြစ်နေလဲဆိုပြီး မေးတတ်သူ သေသေချာချာ အကျိုးသင့် အကြောင်းသင့် ရှင်းပြတဲ့ဆိုင်ဆို မကြိုက်ခြင်ဘူး သူများမှာလိုက်လို့ဆိုပြီး သူလိုခြင်တဲ့ဆေးကို မရရအောင် ဝယ်ကြတာ တောင်သူတွေပါဘဲ) - ယခုနှစ် ပဲမျိုးစုံ စိုက်ခင်းများရှိ သီးနှံပင်များဖြစ်နေတဲ့ အပင်အနေအထားသည် အပင်ငယ်စဥ် ရာသီ အေးနေသဖြင့် သီးနှံပင်များ အပင်ဖြစ်ထွန်းမှု အားနည်းပြီး ကြုံလှီသေးကွေးနေရတာပါ။ - ခါတိုင်းနှစ်များနှင့် နှိုင်ယှဥ်ပါလျင် - ယခင်နှစ် အပင်အနေအထား - ထက် ၁၀-၁၅ ရက်စာမျှ နောက်ကျနေသလိုဖြစ်ပြီး အပင်သေးကွေးသလို၊ ကျစ်သလို၊ ထိုင်နေသလို၊ - ဖြစ်နေသဖြင့် အားမလိုအားမရ ဖြစ်ပြီး ဆေးလှိမ့်ဖြန်းဘို့ ကြိုးစားနေကြတာပါ။ - ထိုသို့သော အခြေအနေတွင် အာမလိုအားမရဖြစ်ပြီး ဆန္ဒစောကာ ဟိုမုန်းများသော အားဆေးတွေဖြန်းလိုဖြန်း၊ အပင်တွေက စုတ်စားပိုးကျလို့ မှိုရောဂါကျမှာမို့ အပင် ကျစ်နေတာလို့ ခြောက်လှန့်ပြီး ပိုးသတ်ဆေး မှိုသတ်ဆေး ရောင်းချသူနဲ့တွေ့တဲ့အခါမှာတော့ ကုန်လို့ဆုံးနိူင်မယ် မထင်ပါဘူး။ - ယခုလိုဖြစ်နေရတာက - မတ်ပဲ မှာ ၂၀-၃၀ ဒီဂရီစင်တီဂရိတ် - ပဲတီစိမ်းမှာ ၂၅-၃၅ ဒီဂရီစင်တီဂရိတ် အတွင်းရှိရန် လိုအပ်ပြီး ထိုထက်နိမ့်သော အခြေအနေတွင် ပဲပင်များ၏ အစာချက်လုပ်ငန်းများများနှင့် ရေကြောစည်းများ၏ လုပ်ဆောင်မှု နှေးကွေးသွားပြီး အပင် ကြီးထွားမှုနှုန်း နိမ့်သွားသဖြင့် ယခုလို အခြေအနေတွေ ဖြစ်နေတာပါ။ - ထိုသို့သော အခြေအနေများ ကြုံတွေ့ပြီး မိမိထံသို့ အကြံဥာဏ် တောင်းခံလာသော သူများကိုတော့ - သူများတွေလို စျေးကြီးတဲ့ အားဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ စသည်ဖြင့် ထွေထွေထူးထူး မညွန်းဖြစ်ဘဲ ကန့်(Sulphur)ကို မိမိတို့သုံးစွဲလိုသော ရွက်ဖြန်းအားဆေးနှင့် တွဲပြီး နေအေးချိန်မှာ ပက်ဖြန်းစေပါတယ်(လိုင်းဆာလ်ဖာလည်း သုံး၍ရပါတယ်) - ဆာလ်ဖာ ရဲ့ လုပ်ဆောင်ချက်က - ရာသီဥတုအေးခြင်းကြောင့် ကြုံတွေ့နေရသော အစာချက်လုပ်မှု နှေးကွေးခြင်း၊ အစာကြော၊ ရေကြောစည်းများ မလုပ်ဆောင်နိုင်ခြင်းကို သက်သာစေခြင်းနှင့် အစာချက်လုပ်မှု အား ကောင်းစေပြီး အရွက်များကိုစိမ်းလန်းစေတာပါ။ - ဒါ့အပြင် ဖားဥမှို၊ သံချေး၊ ရွက်ပြောက်ရောဂါများကို ကာကွယ်ပေးနိူင်သလို မွှားပင်ကူနှင့်စုပ်စားပိုးများကို ကာကွယ်စေတာပါ။ - ဒါဆိုလျင် ဆောင်းသီးနှံ ပဲမျိုးစုံစိုက် တောင်သူလယ်သမားများ ကြုံတွေ့နေကြရသော - ♥ အပင်ကျစ်၍ ထိုင်နေခြင်း။ - ♥ အပင်ဖြစ်ထွန်းမှု နောက်ကျခြင်း။ - ♥ အရွက်များခုံးနေခြင်း တွန့်နေခြင်း။ - ♥ အပွင့်မပွင့်နိုင်၊ မသီးနိူင် - အပွင့်အသီး မလှိုင်ခြင်း ဖြစ်နေတာ - နောက်ကျနေခြင်း။ - ဖြစ်ပေါ်နေတဲ့ အခြေခံအကြောင်းတရားများကို သိလောက်ပြီဖြစ်ပြီး မိမိတို့ လက်ရှိလုပ်ဆောင်နေမှုသည် မှန်ကန်မှု ရှိလား မရှိဘူးလား ဆိုတာ သိလောက်ပြီလို့ ယူဆမိပါတယ်။ - ချမ်းမြေ့ပါစေ - ဦးသက်လွင်(ထန်းညီနောင်) - မင်းလှမြို့နယ် - ပဲခူးတိုင်းဒေသကြီး - ၉.၁.၂၀၂၅ - ဆရာ့အား လေးစားစွာ crd ပေးအပ်ပါသည်။ - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
