ရန်ကုန်တိုင်းအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
၂၀၂၅ ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၂၀ ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့ အလားအလာမတွေ့ရှိရဘဲ နေ့အပူချိန် 32°C မှ ညအပူချိန် 18°C အထိရှိနိုင်ပြီး အေးမြကြည်လင်သာယာနိုင်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မတ်ပဲ၊ ပဲတီစိမ်းစိုက်တောင်သူများထံသို့
စိုက်ပျိုးရေးနှင့်ရာသီဥတုဆိုင်ရာအကြံပြုချက်
- လက်ရှိပဲစိုက်ခင်းများ အပွင့်အဖူးဝင်ချိန်တွင် ဝါပြီးအပင်သေဝင်တာကိုတွေ့နေရပါက သေချာကွင်းဆင်းစစ်ဆေးပါ။
- ပင်စည်ထိုးယင်ကျတယ်ဆိုရင် ပင်စည်၏အခြေသည် ပုံမှန်ထက် ဖောင်းပွနေတဲ့ပုံစံကို အဓိကတွေ့ရပြီး ပင်စည်ကိုခွဲကြည့်လိုက်ရင် ပင်စည်ထိုးယင်ရဲ့ ရုပ်ဖုံးအဆင့်ကိုတွေ့ရပါတယ်။
- ကျရောက်မှုများရင် ပဲပင်တွေအဝါရောင်ပြောင်းပြီး အကွက်လိုက်သေတဲ့လက္ခဏာကို တွေ့ရပါတယ်။
- ကျရောက်တာသေချာရင် သေတဲ့အပင်တွေကိုမဖြစ်မနေဆွဲနုတ်ပစ်ပြီး ရှင်းပစ်ပါ၊ ပြီးမှဆေးဖျန်းပါ၊ မရှင်းဘဲဆေးဖျန်းရင်လည်း ထိရောက်မှုအားနည်းပါတယ်။
- ပိုးသတ်ဆေးအနေနဲ့ Chlorfenapyr + Abamectin (သို့မဟုတ်) Acetamiprid ကိုအသုံးပြုနိုင်ပါတယ်။
- နှစ်စဥ်ကျရောက်ပါက မစိုက်ခင် Fipronil ကိုမြေခံအဖြစ်ထည့်ပေးနိုင်ပါတယ်။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-
မျိုးငါးမွေးတဲ့ တောင်သူများအနေဖြင့် မျိုးငါးထည့်ပြီး အစောပိုင်းရက်များတွင် ပဲဖတ်နဲ့ ဖွဲ့နုကို အရေ ဖျော်ပြီးမှသာ ကျွေးရန်၊
မျိုးငါးများကို အကြိမ်ရေများများဖြင့် နည်းနည်းစီ အစာခွဲကျွေးရန်၊
မျိုးငါးများ ကန်ရေအောက်ဆီဂျင်မပြတ်ရေး အထူးဂရုစိုက်ရန်နှင့် ရေအနက်ကို ၃ ပေဝန်းကျင်သာ ထားရန်၊
ကန်ထဲသို့ ထုံးထည့်ရာတွင် ၂ လ တစ်ခါသာ ထည့်ရန်၊ လစဉ်ထည့်ပေးခြင်းကို ရှောင်ရှားရန်၊
---------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။