ပဲခူးတိုင်း ဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
၂၀၂၅ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၂၁ ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့ အလားအလာမတွေ့ရှိရဘဲ နေ့အပူချိန် 30°C မှ ညအပူချိန် 16°C အထိ လျော့ကျနိုင်ပြီး အေးမြကြည်လင်သာယာနိုင်ပါတယ်။
Weather Source: Su Su San
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်း၊မတ်ပဲ စိုက်တောင်သူများထံသို့….
စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်
· ဇန်နဝါရီလရောက်တာနဲ့ မြေအစိုဓာတ်လည်းဆုတ်လာချိန်၊ အအေးပိုအပူချိန်ကျလာချိန်တွင် အပင်ဖြစ်ထွန်းချိန်ကုန်ပြီး အသီးအပွင့်ဖြစ်ထွန်းချိန်ရောက်လာပါပြီ။
· အအေးပို၊ အပူချိန်လျော့တာကြောင့် ဝတ်မှုန်ကူးအောင်မြင်သော်လည်း အသီးမတင်၊ သီးတောင့်သေးငယ်တာတွေ ကြုံရတတ်ပါတယ်။
· အအေးဒဏ်ကြောင့် အရွက်ရဲ့လေရှုပေါက်များကောင်းမွန်စွာ မပွင့်နိုင်တဲ့အချိန် ဓာတုဆေးများ အလွန်အကျွံဖျန်းခြင်းကို ရှောင်ပေးပါ။
· ပိုတက်စီယမ်နိုက်ထရိတ် ၊ Nitrogen (နိုက်ထရိုဂျင်ရွက်ဖျန်း)၊ EM ၊ Salicylic acid ၊ 0.2% ဘိုရွန် စတဲ့ အာဟာရတွေကို အဓိကဖြည့်စွက်ပေးနိုင်ပါတယ်။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုဇွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-
အအေးပိုလာတဲ့အတွက် ကန်ရေအပူချိန် ကျဆင်းလာနိုင်ပြီး အစာကျွေးခြင်းကို မနက် ၉:၀၀ နာရီ နောက်ပိုင်းတွင် ဆောင်ရွက်ရန်၊
အစာကျွေးရာတွင် မနက်ပိုင်း ၄၀ ရာခိုင်နှုန်း၊ ညနေပိုင်း ၆၀ ရာခိုင်နှုန်းကျွေးရန်၊
ယခုလို ရာသီအကူးအပြောင်းမှာ ကန်ထဲမှာ ဘက်တီးရီးယားတွေ ပေါက်ပွားနိုင်ပြီး ငါးအနီစက်ရောဂါ များကျတက်သဖြင့် ဂရုစိုက်ရန်၊
ငါးအနီစက်ရောဂါကျပါက တစ်ဧကလျှင် ထုံး ၁၅ ပိဿာနဲ့ ဆား ၁၅ ပိဿာထည့်ရန်၊
---------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။