cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရောင်းလိုအားထက် ၀ယ်လိုအားများနေ၍ ငရုတ်စျေးကောင်းရနေ

. ဈေးကွက်သတင်းများ
စျေးကွက်မှာ အဝင်နည်းတဲ့ ငရုတ်တွေတော့ စျေးတက်နေတယ်။ ဆင်ဖြူကျွန်း ပုသစ်တွေဆို တစ်ပိဿာကို ၄၅၀၀၊ ၅၀၀၀ လောက် တက်သွားတယ်။
  • ယခုနှစ် ဇန်နဝါရီလ ဆန်ပိုင်းအတွင်း ငရုတ်စျေး အမြင့်စျေးတွင်ရှိကြောင်း ကုန်သည်များထံမှ သိရပါသည်။

    လက်ရှိတွင် ရောင်းလိုအားထက် ၀ယ်လိုအားများနေ၍ အသီးရှားပြီး ကွင်းဈေးမာနေကြောင်း ငရုတ်ကုန်သည် တချို့ က သုံးသပ်ပြောဆိုထားသည်။

    “စျေးကွက်မှာ အဝင်နည်းတဲ့ ငရုတ်တွေတော့ စျေးတက်နေတယ်။ ဆင်ဖြူကျွန်း ပုသစ်တွေဆို တစ်ပိဿာကို ၄၅၀၀၊ ၅၀၀၀ လောက် တက်သွားတယ်။ အရောင်းဝယ်ကတော့ ပုံမှန် အနေအထားရှိတယ်။ တချို့တွေဆို စျေး မဖွင့်ကြဘူး၊ စျေးက တက်နေတော့ ကြိုက်စျေး ပေး ရောင်းတာတွေရှိတယ်။ “ဟု ငရုတ်ကုန်သည်တစ်ဦး ကပြောသည်။

    ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မြစ်ဝ မိုးထောင် တစ်ပိဿာလျှင် ၁၄၀၀၀မှ ၁၄၅၀၀ ကျပ်၊ ပန်းရဲ၊ မျှားနီ (AC) ၁၀၅၀၀ ကျပ် မှ ၁၁၀၀၀ကျပ် နှင့် ငရုတ် ဆင်ဖြူကျွန်း ပု သစ် တစ်ပိဿာလျှင် ၁၈၀၀၀မှ ၁၉၀၀၀ ကျပ်အထိ ရှိကြောင်း သိရသည်။

    ထို့အပြင်ရှမ်းပြည်နယ် အောင်ပန်း ကုန်စည်ဒိုင်များတွင် ကုလားအော်ခြောက် တစ်ပိဿာ ၅၀၀၀၀ကျပ်၊ ကုလားအော် အစိမ်း တစ်ပိဿာ ၁၆၅၀၀ ကျပ်၊ ရှမ်းသွယ်ခြောက် တစ်ပိဿာ ၁၆၀၀၀ကျပ် နှင့် ရှမ်းပွ ခြောက် တစ်ပိဿာ ၁၃၀၀၀ ကျပ် အထိ ရှိကြောင်းသိရသည်။

    လက်ရှိ ရှမ်းပြည်နယ်၌ ငရုတ်ကုန်စည်ပြပွဲများ ပြုလုပ်ကာ ကယန်းကုလားအော်၊ ရှမ်းပွ နှင့် ရှမ်းသွယ် ငရုတ်မျိုးများကို တောင်သူများမှ လေးလံစနစ်ဖြင့် ရောင်းချနေကြောင်းလည်း သိရသည်။

    ပြည်တွင်း မြို့ကြီးများသို့ တိုက်ရိုက် စျေးကွက် ချိတ်ဆက် နိုင်စေရန်အပြင်၊ အရည်သွေးမှီသည့် ငရုတ်များ ထုတ်လုပ်ကာ ပြည်ပ စျေးကွက်အထိ ချိတ်ဆက်နိုင်ရန် ဆောင်ရွက်နေကြောင်း ဆိုသည်။

    “ရှမ်းဒေသတွေမှာ ငရုတ်က သုံးလပိုင်းအထိ ဆက်တိုက်ထွက်တယ်၊ အခု ရှမ်းပြည်နယ်က တောင်သူတွေ စျေးတန်း တစ်ခုတော့ ရမှာပါ။ တခြား မြို့တွေမှာ စျေးတက်ရတဲ့ အကြောင်းရင်းက ရှမ်းပြည်နယ်က သယ်ရတဲ့ စရိတ်တွေ၊ အလုပ်သမားခတွေ ရှိနေတော့ အဲ့ ကုန်ကျစရိတ်တွေ ပေါင်းပြီး စျေးက တက်သွားတာပါ။ “ ဟု ရှမ်းပြည်နယ် အောင်ပန်းမှ ငရုတ် ကုန်သည်ကိုစိုင်းက ပြောသည်။

    ငရုတ်စိုက်တောင်သူများအနေဖြင့် အထွက်နှုန်းနည်းသော်လည်း ဈေးကောင်းသဖြင့် အသီးအစိမ်း ခူးဆွတ် ရောင်းချလျက်ရှိရာ စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်းလည်း သိရသည်။

    ငရုတ်သီးနှံကို နှစ်စဉ် မိုးကြိုငရုတ်၊ မိုးရာသီငရုတ်နှင့် ဆောင်းငရုတ်ဟူ၍ တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း သိရပြီး မိုးကြို ငရုတ်ကို မတ်လနှင့် ဧပြီလတို့၌ စိုက်ပျိုးပြီး ဇွန်လတွင် စတင်ခူးဆွတ်လေ့ရှိ ကြောင်းသိရသည်။

    လက်ရှိ ငရုတ်သီးအား ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်း နိုင်ငံသို့ အဓိကထား တင်ပို့နေပြီး လာအို၊ မလေးရှား စသည်နိုင်ငံများသို့လည်း တင်ပို့‌နေကြောင်း သိရသည်။

    ဖိုးချဲ(AMIA)

    Exclusive content for Htwet Toe

    ------------

    နေရာဒေသနှင့် အချိန်ကိုမူတည်ပြီး စျေးနှုန်း အနည်းအများကွာခြားနိုင်ပါတယ်။ အခြားသီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437

    ထွက်တိုးငါးတောင်သူများအဖွဲ့_ https://htwettoe.com/organization/စီးပွားဖြစ်ငါးမွေးမြူရေး


  • article
likes
5
comments
0
views
1179